ကျိုက်ထိုမြို့ရှိ မွန်ပြည်နယ်ဝန်ကြီးချုပ်ဟောင်း ၏ ကိုယ်ရေးအရာရှိဟောင်းနေအိမ် ချိတ်ပိတ်ခံရ

0
162

ကျိုက်ထိုမြို့ရှိ မွန်ပြည်နယ်ဝန်ကြီးချုပ်ဟောင်း ၏ ကိုယ်ရေးအရာရှိဟောင်းနေအိမ် ချိတ်ပိတ်ခံရ

မွန်ပြည်နယ်၊ကျိုက်ထိုမြို့ရှိ မွန်ပြည်နယ်ဝန်ကြီးချုပ်ဟောင်းဒေါက်တာအေးဇံ၏ ကိုယ်ရေးအရာရှိဟောင်းကိုအေးမင်းထွန်းနေအိမ်သည် သြဂုတ် ၄ ရက်ညနေပိုင်းက ချိတ်ပိတ်ခံခဲ့ရကြောင်း သိရသည်။

ကိုအေးမင်းထွန်း၏ နေအိမ်သည် ကျိုက်ထိုမြို့၊ကံကော်ရပ်ကွက်၊အောင်မင်္ဂလာ(၂)လမ်းတွင်ရှိပြီး လုံခြုံရေးအဖွဲ့ဝင်အများအပြားနှင့်တာဝန်ရှိသူများက လာရောက်ချိတ်ပိတ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

“ချိတ်ပိတ်တယ်ဆိုပြီးရေးထားတဲ့ ဗီနိုင်းလာကပ်သွားတာတွေ့တယ် စစ်သားတွေ ရဲတွေကော ထွေအုပ်ကလူတွေကောပါတယ်”ဟု ဒေသခံတစ်ဦးကပြောသည်။

ကိုအေးမင်းထွန်း၏ နေအိမ်အား ချိတ်ပိတ်ကြောင်းချိတ်ဆွဲထားသည့် ဗီနိုင်းတွင် “ဤ အဆောက်အဦးနှင့်မြေနေရာသည် အကြမ်းဖက်အဖွဲ့များနှင့်ဆက်စပ်နေသဖြင့် နိုင်ငံတော်ပိုင်သိမ်းဆည်းမည်ဖြစ်သောကြောင့် မကျူးကျော်ရ/ရောင်းချခြင်း/ရောင်းဝယ်ခြင်းမပြုရ”ဟု ရေးသားထားသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here