တာချီလိတ်မြို့နှင့်မန်တုံမြို့တို့တွင် မိုးသည်းထန်စွာရွာသွန်းမှုကြောင့် နေအိမ်များအတွင်းရေဝင်ရောက်

0
217

တာချီလိတ်မြို့နှင့်မန်တုံမြို့တို့တွင် မိုးသည်းထန်စွာရွာသွန်းမှုကြောင့် နေအိမ်များအတွင်းရေဝင်ရောက်

ရှမ်းပြည်နယ်၊တာချီလိတ်မြို့နှင့်မန်တုံမြို့တို့တွင် သြဂုတ် ၈ ရက်(ယနေ့)နံနက်အစောပိုင်းမှစတင်၍ မိုးသည်းထန်စွာရွာသွန်းမှုကြောင့် နေအိမ်များအတွင်းသို့ ရေဝင်ရောက်မှုများဖြစ်ပေါ်လျက်ရှိသည်ဟု မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့ဌာနချုပ်နှင့်လူမှုကူညီရေးအသင်းများမှ သိရသည်။

တာချီလိတ်မြို့တွင် မိုးသည်းထန်စွာရွာသွန်း၍ မယ်ဆိုင်ချောင်းရေမြင့်တက်ကာ အနိမ့်ပိုင်းရပ်ကွက်များအတွင်းရှိ လူနေအိမ်များနှင့်လမ်းများပေါ်တွင် ရေဝင်ရောက်မှုများဖြစ်ပေါ်လျက်ရှိသည်။

“ရေကအများကြီးဝင်နေတာလည်းမဟုတ်သေးတော့ စောင့်ကြည့်နေတယ် ရေဝင်တာများလာရင်တော့ ကူညီကယ်ဆယ်ရေးလုပ်ဖို့ တာဝန်ရှိတဲ့လူတွေနဲ့တိုင်ပင်ထားပြီးပါပြီ”ဟုတာချီလိတ်မြို့အခြေစိုက်လူမှုကူညီရေးအသင်းဝင်တစ်ဦးကပြောသည်။

အလားတူ မန်တုံမြို့၊မြို့မရပ်ကွက်ရှိ နေအိမ်များအတွင်းသို့လည်း မိုးသည်းထန်စွာရွာသွန်း၍ နမ့်ကုန်ချောင်ရေမြင့်တက်လာသဖြင့် ရေဝင်ရောက်မှုများဖြစ်ပေါ်ခဲ့ကြောင်း သိရသည်။

ထို့ကြောင့် မီးသတ်တပ်ဖွဲ့ဝင်များနှင့်လူမှုကူညီရေးအသင်းများမှ မြို့မရပ်ကွက်ရှိ ရေဝင်ရောက်နေသည့် နေအိမ်များတွင်နေထိုင်နေသူများအား ဘေးလွတ်ရာသို့ ယာယီရွှေ့ပြောင်းပေးခဲ့ကြကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here