စက်သုံးဆီစျေးနှုန်းပြန်တက်လာ၊ ယနေ့92 Ron တစ်လီတာလျှင် ၁၈၂၀ကျပ်ဈေးဖြစ်

0
150

စက်သုံးဆီစျေးနှုန်းပြန်တက်လာ၊ ယနေ့92 Ron တစ်လီတာလျှင် ၁၈၂၀ကျပ်ဈေးဖြစ်

စက်သုံးဆီစျေးနှုန်းများ သြဂုတ် ၈ ရက်(ယနေ့) တွင် ပြန်တက်လာခဲ့သည်ကို စက်သုံးဆီတင်သွင်းသိုလှောင်ဖြန့်ဖြူခြင်းလုပ်ငန်းကြီးကြပ်ရေးကော်မတီမှထုတ်ပြန်သည့် ရည်ညွှန်းလက်လီစျေးနှုန်းများအရ သိရသည်။

ထိုသို့ ပြန်တက်လာသဖြင့် ရန်ကုန်တိုင်းအတွင်း 92 Ron တစ်လီတာလျင် ၁၈၂၀ ကျပ်ဖြစ်လာခဲ့ကြောင်း သိရသည်။

အလားတူ မန္တလေး၊နေပြည်တော်၊ပဲခူး၊မကွေး၊ထားဝယ်၊မုံရွာ၊ပုသိမ်၊ဘားအံ၊မော်လမြိုင် တို့တွင်လည်း စက်သုံးဆီစျေးနှုန်းမှာ 92 Ron တစ်လီတာလျင် ၁၈၀၀ ကျပ်ကျော်ရှိသည်ဟု သိရသည်။

ထို့ပြင် မြစ်ကြီးနား၊စစ်တွေ၊လားရှိုး၊တောင်ကြီးနှင့်လွိုင်ကော်တို့တွင်လည်း 92 Ron တစ်လီတာလျင် ၁၉၀၀ ကျပ်ကျော်ဖြစ်ပေါ်ခဲ့ပြီး ဟားခါးနှင့်ကျိုင်းတုံတွင် တစ်လီတာလျင် ၂၀၀၀ ကျပ်ကျော်ရှိကြောင်း သိရသည်။

စက်သုံးဆီတင်သွင်းသိုလှောင်ဖြန့်ဖြူခြင်းလုပ် ငန်းကြီးကြပ်ရေးကော်မတီ၏ ယနေ့ ထုတ်ပြန်ခဲ့သည့် စက်သုံးဆီရည်ညွှန်းစျေးနှုန်းများအရ ရန်ကုန်တိုင်းအတွင်း၌ လက်လီစျေးအဖြစ် 92 Ron တစ်လီတာလျင် ၁၈၂၀ ကျပ်၊ 95 Ron တစ်လီတာလျင် ၁၈၈၀ ကျပ်၊ HSD (500 ppm) တစ်လီတာလျင် ၂၂၂၅ ကျပ် သတ်မှတ်ခဲ့သည်။

အလားတူ HSD (50 ppm)နှင့် HSD (10 ppm)တို့မှာ တစ်လီတာလျင် ၂၂၉၀ ကျပ်အဖြစ် စက်သုံးဆီရည်ညွှန်းလက်လီစျေးနှုန်းများအဖြစ် သတ် မှတ်ခဲ့သည်။

ထို့ပြင် စက်သုံးဆီတင်သွင်းသိုလှောင်ဖြန့်ဖြူခြင်းလုပ်ငန်းကြီးကြပ်ရေးကော်မတီ၏ စက်သုံးဆီရည်ညွန်းလက်ကားစျေးနှုန်းမှာလည်း ရန်ကုန်တိုင်း ၌ 92 Ron တစ်လီတာလျင် ၁၇၂၉ ကျပ်၊ 95 Ron တစ်လီတာလျင် ၁၇၈၇ ကျပ်၊ HSD(500 ppm) တစ်လီတာလျင် ၂၁၁၉ ကျပ်၊ HSD (50 ppm)နှင့် HSD(10 ppm)တို့မှာ တစ်လီတာလျင် ၂၁၈၁ ကျပ်တို့ဖြစ်သည်။

အဆိုပါ စျေးနှုန်းများအား စက်သုံးဆီတင်သွင်းသိုလှောင်ဖြန့်ဖြူခြင်းလုပ်ငန်းကြီးကြပ်ရေးကော်မတီမှ MOPS စျေးနှုန်းအပေါ်တွင် အခြေခံတွက်ချက်ထားခြင်းဖြစ်ကာ စက်သုံးဆီဝယ်ယူသူများအနေဖြင့် ကျေနပ်မှုမရှိပါက ကော်မတီသို့ဆက်သွယ်တိုင်ကြားနိုင်ကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here