ရေယောင်းမ ကျေးရွာကို ရပ်ရွာအခြေပြုခရီးသွားလုပ် ငန်း (CBT ) ဖော်ဆောင်သွား မည်

0
1047

ရေယောင်းမ ကျေးရွာကို ရပ်ရွာအခြေပြုခရီးသွားလုပ် ငန်း (CBT ) ဖော်ဆောင်သွား မည်

ကလောခရိုင် ၊ ဝက်ဖြူရေကျေးရွာအုပ်စု ရေယောင်းမ ကျေးရွာ အား ရပ်ရွာအခြေပြုခရီးသွားလုပ်ငန်း( CBT) ကျေးရွာကို ဖော်ဆောင်သွားမည်ဖြစ်ကြောင်း သိရသည်။

အဆိုပါ CBT ကျေးရွာကို ရေယောင်းမ ကျေးရွာ၏ ရွာပိုင်မြေ ဖြစ်သည့် ရွာအဝင် လမ်းမကြီးနှင့် မနီးမဝေး နေ ရာတွင် CBT ကို ဖော်ဆောင်သွားမည်ဖြစ်ပြီး ဧည့်သည်များ တည်းခို ညအိပ်နားနေနိုင်ရန် အဆောက်အအုံ များအပါအဝင် ယဥ်ကျေးမှုပြတိုက်နှင့် အများပြည်သူ သန့်စင်ခန်းများပါ ထည့်သွင်း တည်ဆောက်သွားမည် ဖြစ် ကြောင်း သိရသည်။

” ဒီနှစ်ဘတ်ဂျက်ထဲမှာအကောင်အထည်ဖော်သွားမှာပါ။ ကျွန်တော် တို့ ရှမ်းပြည်နယ် တစ်ခုလုံးမှာ CBT (၁၀ ) နေ ရာကို ဖော်ဆောင်ဖို့ လျာထားတာပါ။ ဒါပေမယ့် နှစ်နေရာက နယ်မြေ မအေးချမ်းလို့ (၈) နေရာကို ပဲ ဖော်ဆောင် သွားမှာပါ။ အဲဒီအတွက် သိန်းပေါင်း တစ်သောင်း သုံးသွားမှာပါ “ဟု ရှမ်းပြည်နယ် ဟိုတယ် နှင့်ခရီးသွားညွန်ကြားမှု ဦးစီးဌာန မှ ညွှန်ကြားရေးမှူး ဦး ထင်အောင်နိုင်က ​ပြောသည်။

ရေယောင်းမ ကျေးရွာ ကို မှီတင်းနေထိုင်ကြသည့် ကျေး ရွာ ဒေသခံများကို ခရီး သွားလုပ်ငန်းနှင့်သက်ဆိုင်သည့် Training များကို သင်ကြားပို့ချပေးသွားမည်ဖြစ်ကြောင်းသိရသည်။

ယခုကဲ့သို့ ရေယောင်းမ ကျေးရွာ ကို ရပ်ရွာအခြေပြုခရီး သွားလုပ်ငန်း CBT ကျေးရွာ အဖြစ် ဖော်ဆောင်ပေးသည့်အတွက် ကျေးရွာ ရှိ ဒေသခံများအတွက် အလုပ်အကိုင်အခွင့်အလမ်းများရရှိစေပြီး ခရီးသွား ဧည့်သည် များအ တွက်လည်း ညအိပ် ညနေ နားနေနိုင်တော့မည်ဖြစ်သည့်အတွက် ဝမ်းသာ မိကြောင်း ဝက်ဖြူရေ ကျေးရွာ အုပ်စု အုပ်စု အုပ်ချုပ်ရေးမှူး က ပြောကြားသည်။

လက်ရှိတွင် အ​ဆောက်အအုံ တည်ဆောက်ရန်အတွက် လုပ်ကိုင်ခွင့်ရသည့် ကုမ္ပဏီက ဆက်လက်တည်ဆောက်ပေးသွားမည်ဖြစ် ကြောင်း သိရသည်။

လက်ရှိ ရေယောင်းမ ကျေးရွာတွင် ရေယောင်းမ View point ၊ ရှန်ဘာလာ ကလော ရေယောင်းမ View Point ၊ Village Shan State View Point နှင့် သီရိစန္ဒာ အပန်း ဖြေစခန်း အပါအဝင် လေးခု ရှိပြီ ဖြစ်ကြောင်း သိရသည်။

(ပုံစာ)
ရေယောင်းမ ကျေးရွာ တွင် ဖွင့်လှစ် ထားသည့် သီရိစန္ဒာ အပန်းဖြေစခန်းကို တွေ့ရစဥ်။


LEAVE A REPLY

Please enter your comment!
Please enter your name here