အာဆီယံ အပါအဝင် အာဆီယံ မိတ်ဖက်၊ဆွေးနွေးဖက် နိုင်ငံများနှင့်ပါ ဆက်ဆံရေးတိုးမြှင့်မည်ဟု နစက ဥက္ကဋ္ဌ ပြော

0
202

အာဆီယံ အပါအဝင် အာဆီယံ မိတ်ဖက်၊ဆွေးနွေးဖက် နိုင်ငံများနှင့်ပါ ဆက်ဆံရေးတိုးမြှင့်မည်ဟု နစက ဥက္ကဋ္ဌ ပြော

မြန်မာနိုင်ငံအနေဖြင့် အာဆီယံ အဖွဲ့ဝင်နိုင်ငံများ အပါအ ဝင် ဆွေးနွေးဖက်နှင့် မိတ်ဖက်နိုင်ငံများနှင့်ပါ ဆက်ဆံရေး တိုးမြှင့်သွားမည်ဟု နစက ဥက္ကဋ္ဌက ပြောကြားလိုက်သည်။

ယနေ့ ဩဂုတ်လ (၈) ရက်တွင် (၅၅) အာဆီယံ နှစ်ပတ် လည် နေ့အတွက် ပေးပို့သည့် သဝဏ်လွှာ၌ နစက ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ထည့်သွင်း ပြောကြားခဲ့ခြင်း ဖြစ်သည်။

“ဒေသတွင်းရှိ ပြည်သူအားလုံးအတွက် အကျိုး ကျေးဇူးဖြစ်ထွန်းစေရေး ဘုံရည်မှန်းချက်ကို အကောင် အထည်ဖော်နိုင်ရန် အာဆီယံ အဖွဲ့ဝင်နိုင်ငံများ၊ အာဆီယံ ဆွေး နွေးဖက် နိုင်ငံများ၊ အာဆီယံ၏ ပြင်ပမိတ်ဖက်နိုင်ငံများနှင့် အပြုသဘော ပူးပေါင်းဆောင်ရွက်မှုများကို တိုးမြှင့်သွားမှာဖြစ်ပါတယ်” ဟု ဗိုလ်ချုပ်မှူးကြီး မင်းအောင် လှိုင်က ပြောသည်။

ထို့အပြင် ၂၀၂၂ ခုနှစ်၊ အာဆီယံအလှည့်ကျ ဥက္ကဋ္ဌ က မ္ဘောဒီးယားနိုင်ငံအပြင် အာဆီယံအဖွဲ့ဝင်နိုင်ငံအားလုံးနှင့် နီးကပ်စွာ ပူးပေါင်းဆောင်ရွက်လျက်ပြီး အာဆီယံပဋိ ညာဉ်စာတမ်း၊ အရှေ့တောင်အာရှချစ်ကြည်ရေးနှင့် ပူးပေါင်းဆောင်ရွက်ရေးစာချုပ်၊ အင်ဒို-ပစိဖိတ်ဆိုင်ရာ အာဆီယံ၏ သဘောထားအမြင်တို့တွင် ပါရှိသည့် အ ခြေခံမူများနှင့် စံတန်ဖိုးများအပေါ် တွင်လည်း ခိုင်မာစွာ ဆက်လက် ရပ်တည်သွားမည်ဖြစ်ကြောင်း နစက ဥက္ကဋ္ဌက ဆိုသည်။

အလားတူ အာဆီယံပေါင်းစည်းရေး ဦးဆောင်ဦးရွက်ပြုမှုလုပ်ငန်းအစီအစဉ် – ၄ (၂၀၂၁-၂၀၂၅)၊ အာဆီယံပေါင်းစပ်ဆက်သွယ်မှုမဟာ စီမံကိန်း ၂၀၂၅ အပါအဝင်အာဆီယံ အသိုက်အဝန်းထူထောင်မှု လုပ်ငန်းစဉ်များနှင့် အာဆီယံအသိုက်အဝန်း လမ်းပြမြေပုံ ၂၀၂၅ ၏ အဓိကလုပ်ငန်းစဉ်များ တိုးတက်မှုရှိရေးအတွက်လည်း မြန်မာ နိုင်ငံက အလေးထား ဆောင်ရွက်နေကြောင်း နစက ဥက္ကဋ္ဌက သဝဏ်လွှာတွင် ထည့်သွင်း ဖော်ပြခဲ့သည်။

အာဆီယံတူညီဆန္ဒကို အခြေပြုသည့်လမ်းစဉ်နှင့်အတူ လွတ်လပ်မှု၊ အချုပ်အခြာအာဏာနှင့် နယ်မြေတည်တံ့မှု၊ သာတူညီမျှမှုနှင့် ဝင်ရောက်မစွက်ဖက်ရေးမူတို့အား အာဆီယံအဖွဲ့ဝင် နိုင်ငံအားလုံးက လေးစားလိုက်နာခြင်းဖြင့် “မတူကွဲပြားမှုများအကြား စည်းလုံး ညီညွတ်မှု” ရှိသည့် အာဆီယံမိသားစုကြီးအဖြစ် တစ်စုတစ်စည်းတည်း ဖြစ်စေရုံသာမက ဒေသတွင်းရှိ ပြည်သူများအတွက်လည်း အကျိုး ကျေးဇူးများစွာ ဖြစ်ထွန်းစေမည်ဟုလည်း အဆိုပါ သဝဏ်လွှာတွင် ထည့်သွင်း ဖော်ပြထားသည်။

မြန်မာနိုင်ငံအနေဖြင့် ၁၉၉၇ ခုနှစ်၊ ဇူလိုင်လ ၂၃ ရက်‌ တွင် အာဆီယံအဖွဲ့ဝင် နိုင်ငံဖြစ်လာခဲ့ပြီး ယင်းအချိန်မှစတင်ကာ တာဝန်ယူမှု၊ တက်ကြွမှုနှင့် အပြုသဘောဆောင်ရွက်မှုရှိသည့် အဖွဲ့ဝင်နိုင်ငံတစ်နိုင်ငံအဖြစ် အာဆီယံအသိုက် အဝန်း ထူထောင်ရေး ကြိုးပမ်းမှုများကိုထောက်ခံပံ့ပိုးခဲ့ကြောင်းလည်း ဆိုသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here