စားအုန်းဆီ အခြေခံရည်ညွှန်းဈေးကို ၃၅၂၅ ကျပ် အဖြစ် သတ်မှတ်ထားသော်လည်း ဈေးကွက်၌ (၂)ဆ ကျော်ဈေးမြင့်နေ

0
294

စားအုန်းဆီ အခြေခံရည်ညွှန်းဈေးကို ၃၅၂၅ ကျပ် အဖြစ် သတ်မှတ်ထားသော်လည်း ဈေးကွက်၌ (၂)ဆ ကျော်ဈေးမြင့်နေ

ပြည်တွင်းစားသုံးသူများ ဈေးသက်သာစွာ ဝယ်ယူစားသုံးနိုင်ရန် ရည်ရွယ်ကာ စားအုန်းဆီ ဈေးနှုန်းကို တစ်ပိ ဿာလျင် (၃၅၂၅) ကျပ်ဖြင့် ရောင်းချရန် ဈေးနှုန်းသတ် မှတ်ထားသော်လည်း ဈေးကွက်အတွင်း၌ (၂)ဆ ကျော် မြင့်တက်နေကြောင်း အခြေခံပြည်သူများထံက သိရသည်။

ကမ္ဘာ့ စားသုံးဆီ ဈေးနှုန်းနှင့်အညီ ပြည်တွင်း စားအုန်း ဆီဈေးနှုန်းကို ထိန်းညှိနိုင်‌ရေးအတွက် စီးပွားရေးနှင့် ကူး သန်း ရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးဆီ တင်သွင်း သိုလှောင်ဖြန့်ဖြူးခြင်း လုပ်ငန်းကြီးကြပ်ရေး ကော်မတီက (၁) ပတ် တစ်ကြိမ် အခြေခံလက်ကား ရည်ညွှန်း ဈေး နှုန်းများကို သတ်မှတ်ပေးနေခြင်း ဖြစ်သည်။

ယင်းကဲ့သို့ ဈေးနှုန်းသတ်မှတ်မှုများကို လုပ်ဆောင်နေသော်လည်း လက်ရှိတွင် ဈေးကွက်အတွင်း၌ စားအုန်းဆီ (၁) ပိဿာလျင်ကျပ်(၉၀၀၀)ဝန်းကျင်ပေါက်နေကြောင်း ရန်ကုန်မြို့ခံ တစ်ဦးက ပြောသည်။

” အဲဒီဈေးနှုန်းနဲ့ ဘယ်မှာမှ မရဘူး။ အခု ဆိုင်တွေမှာ (၁) ပိဿာ ၈၆၀၀/၈၇၀၀ ဝယ်ရတယ်။ ဒါကအများနဲ့ ဝယ်တဲ့နှုန်းနော်။ (၁၀) သား (၂၀)သာဆို ၉၀၀၀ လောက် ဖြစ်နေပြီ။ သူတို့ပြောတဲ့ ဈေးနဲ့ ဆိုင်ကဈေးက (၂) ဆ လောက် ကွာနေတာ ” ဟု အဆိုပါ ရန်ကုန်မြို့ခံ တစ်ဦးက ပြောသည်။

စားသုံးဆီ တင်သွင်း သိုလှောင်ဖြန့်ဖြူးခြင်း လုပ်ငန်းကြီးကြပ်ရေး ကော်မတီအနေဖြင့် စားအုန်းဆီ အခြေခံ လက်ကား ရည်ညွှန်းဈေး သတ်မှတ်ရာတွင် စားအုန်းဆီ အဓိက ထုတ်လုပ်တင်ပို့သည့် မလေးရှားနိုင်ငံနှင့် အင်ဒိုနီးရှားနိုင်ငံတို့တွင် ဖြစ်ပေါ် နေသည့် FOB ဈေးနှုန်းများကို နေ့စဉ်စောင့်ကြည့်ကာ သယ်ယူပို့ဆောင်ခ ကုန်ကျ စရိတ်များ၊ ဘဏ်စရိတ်များ၊ အခွန်အခများ ထည့်သွင်းတွက်ချက်၍ ပြည်တွင်း ဈေးကွက်၌ ရောင်းဝယ် ဖောက် ကားရမည့် အခြေခံလက်ကားရည်ညွှန်းဈေးနှုန်းကိုထုတ် ပြန်ပေးခြင်းဖြစ်ကြောင်း သိရသည်။

လက်ရှိ သတ်မှတ်ထားသည့် စားအုန်းဆီ အခြေခံ လက် ကားရည်ညွှန်းဈေးနှုန်းသည် ဩဂုတ်လ (၈) ရက်မှ ဩ ဂုတ်လ (၁၄) ရက်အထိ ရောင်းချရမည့် ဈေးနှုန်းဖြစ်ပြီး ပြီးခဲ့သည့်အပတ်အတွင်းကလည်း အဆိုပါ ဈေးနှုန်းအတိုင်း သတ်မှတ်ပေးခဲ့ကြောင်း သိရသည်။

မြန်မာနိုင်ငံဆီကုန်သည်နှင့်ဆီလုပ်ငန်းရှင်များအသင်း၏ စီစဥ်ကြီးကြပ်မှုဖြင့် ဆီလုပ်ငန်းရှင်များ မှ ရန်ကုန်မြို့ မြို့နယ်များအတွင် ရွေ့လျားစနစ်ဖြင့် စားသုံးဆီလိုက်လံ ရောင်းချပေးနေကြောင်း သိရသည်။

ယင်းသို့ ရောင်းချပေးရာတွင်မြို့နယ်များအတွင်းရှိ စားသုံးသူပြည်သူများအား စားအုန်းဆီတစ်ပိသာလျှင် ၃၇၀၀ကျပ်ဖြင့် ရောင်းချပေးခဲ့ကြောင်းသိရသည်။

ပြည်တွင်းဈေးကွက်အတွင်း ဈေးနှုန်းမြှင့်တင်ရောင်းချခြင်း၊ ဈေးကစားရန် ရည်ရွယ်ချက်ဖြင့် သိုလှောင်ခြင်းနှင့် မသမာသည့် လုပ်ဆောင်မှုများ ပြုလုပ်ပါက အရေးကြီး ကုန်စည်နှင့် ဝန်ဆောင်မှု ဥပဒေအရ အရေးယူဆောင် ရွက်သွားမည်ဖြစ်ကြောင်းလည်း အသိပေးထုတ်ပြန်ထားသည်။

Photo – မြန်မာနိုင်ငံ ဆီကုန်သည်နှင့်ဆီလုပ်ငန်းရှင်များအသင်း


LEAVE A REPLY

Please enter your comment!
Please enter your name here