လေ့ကျင့်မှုရပ်တန့်ရန် စီစဉ်ထားသည့် အချိန်ဇယားထက် တစ်ရက်ကျော်လွန်သော်လည်း စစ်ရေးလေ့ကျင့်မှုများ တရုတ်ဆက်လက်ပြုလုပ်

0
118

လေ့ကျင့်မှုရပ်တန့်ရန် စီစဉ်ထားသည့် အချိန်ဇယားထက် တစ်ရက်ကျော်လွန်သော်လည်း စစ်ရေးလေ့ကျင့်မှုများ တရုတ်ဆက်လက်ပြုလုပ်

မူလအချိန်ဇယားအရ ယမန်နေ့က စစ်ရေးလေ့ကျင့်မှုများရပ်တန့်ရန် စီစဉ်ထားသော်လည်း စစ်ရေးလေ့ကျင့်မှုများကို တရုတ်တပ်များက ယနေ့တွင် ဆက်လက်ပြုလုပ်လျှက်ရှိသည်။

ရေငုပ်သင်္ဘောတိုက်ခိုက်ရေးနှင့် ပင်လယ်ပြင်တိုက်ခိုက်မှုဆိုင်ရာ ပူးတွဲစစ်ရေးလေ့ကျင့်မှုများကို ဆက်လက်ပြုလုပ်သွားမည်ဖြစ်ကြောင်း တရုတ်နိုင်ငံအရှေ့ပိုင်းစစ်ဌာနချုပ်က ယနေ့ဆိုသည်။

အဆိုပါစစ်ရေးလေ့ကျင့်မှုများ မည်မျှဆက်လက်ကြာမြင့်ဦးမည်ကို မသိရသေးသော်လည်း မူလက တရုတ်တို့စစ်ရေးလေ့ကျင့်ခဲ့သည့် နေရာ ၆ ခုအနီးတွင်မူ လေယာဉ်ပျံသန်းမှုဆိုင်ရာ ကန့်သတ်ချက်များကို တိုင်ဝမ်က ဖြေလျှော့လိုက်ပြီဖြစ်ကြောင်းသိရသည်။

Ref: Drills continue around Taiwan on Monday, says Chinese military


LEAVE A REPLY

Please enter your comment!
Please enter your name here