နောင်ချိုမြို့နယ်တွင် ဆီဘောက်ဆာကားပေါ်မှ ငွေကျပ် ၂ ဒသမ ၈၆ ဘီလီယံတန်ဖိုးရှိ ကက်တမင်းများဖမ်းမိ

0
124

နောင်ချိုမြို့နယ်တွင် ဆီဘောက်ဆာကားပေါ်မှ ငွေကျပ် ၂ ဒသမ ၈၆ ဘီလီယံတန်ဖိုးရှိ ကက်တမင်းများဖမ်းမိ


ရှမ်းပြည်(မြောက်ပိုင်း)၊နောင်ချိုမြို့နယ်ရှိ မန္တ လေး-လားရှိုးသွားကားလမ်း၏ ဂုတ်တွင်းတံတားထိပ်တွင် သြဂုတ် ၄ ရက်နေ့လည်ပိုင်းက ဖမ်းဆီးရမိခဲ့ခြင်းဖြစ်ကြောင်း ရဲတပ် ဖွဲ့မှ သိရသည်။

မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့ဝင်များပါဝင်သည့် ပူးပေါင်းအဖွဲ့သည် သြဂုတ် ၁ ရက်ည ၇ နာရီခန့်မှစတင်၍ မန္တလေး-လားရှိုးသွားကားလမ်း၏ မိုင်တိုင်အမှတ်-၇၉/၄ အနီး ရပ်ထားသော ဆီဘောက်ဆာကားအား မင်္သကာသဖြင့် စောင့်ကြည့်ခဲ့ကြသည်။

ထိုသို့ စောင့်ကြည့်စဥ် ဩဂုတ် ၄ ရက်နေ့လည် ၃ နာရီခွဲ၌ ကျောက်မဲဘက်သို့ မောင်းနှင်သွားသဖြင့် ဂုတ်တွင်းတံတားထိပ်တွင် တားဆီးစစ်ဆေးရာ ဆီဘောက်ဆာကားပေါ်၌ မင်းဇော်ဦး၊ချမ်းမြေ့ဇော်၊ဆိုင်ကယ်ဖြင့်လိုက်ပါလာသည့် အောင်အောင် တို့အားတွေ့ရှိခဲ့ရသည်။

ထို့ပြင် ကားပေါ်တွင် ငွေကျပ် ၂ ဒသမ ၈၆ ဘီလီယံတန်ဖိုးရှိ(စိတ်ပြောင်းဆေးဝါး)ကက်တမင်း ၂၂၀ ကီလိုအားဖမ်းဆီးရမိခဲ့သည်ဟု ရဲတပ်ဖွဲ့မှသိရသည်။

ဖြစ်စဥ်မှ ဖမ်းဆီးရမိသူများအား မူးယစ်ဆေးဝါးနှင့်စိတ်ကိုပြောင်းလဲစေသောဆေးဝါးများဆိုင်ရာဥပဒေအရအရေးယူကာ ဆက်စပ်ပြစ်မှုကျူးလွန်သူများအား ထပ်မံဖမ်းဆီးရမိရေးအတွက် စစ်ဆေးလျက်ရှိကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here