ကော့သောင်းမြို့တွင် ငါးဖမ်းစက်လှေမီးလောင်ကျွမ်း၍ အမျိုးသား ၁ ဦးသေဆုံး ၃ ဦးဒဏ်ရာရ

0
258

ကော့သောင်းမြို့တွင် ငါးဖမ်းစက်လှေမီးလောင်ကျွမ်း၍ အမျိုးသား ၁ ဦးသေဆုံး ၃ ဦးဒဏ်ရာရ

တနင်္သာရီတိုင်း၊ကော့သောင်းမြို့၊အေးရိပ်ငြိမ်ရပ် ကွက်၊ပါချန်မြစ်ကမ်းဘေးတွင် သြဂုတ် ၈ ရက် (ယနေ့)နေ့လည်ပိုင်းကဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့ဌာနချုပ်မှ သိရသည်။

ယနေ့နေ့လည် ၁ နာရီ ၅၈ မိနစ်ခန့်က အေးရိပ်ငြိမ်ရပ်ကွက်၊ပါချန်မြစ်ကမ်းဘေးတွင် ငါးဖမ်းစက်လှေ ၁ စီး မီးလောင်မှုဖြစ်ပွားကြောင်း သတင်းအရ ကော့သောင်းမြို့နယ်မီးသတ်စခန်းမှ မီးငြှိမ်းသတ်ကား ၂ စီး၊ ရေသယ်ကား ၁ စီးတို့ဖြင့် သွား ရောက်ငြိမ်းသတ်ခဲ့ကြသည်။

ထိုသို့ ငြိမ်းသတ်မှုကြောင့် မွန်းလွဲ ၂ နာရီ ၄၀ မိနစ်တွင် မီးငြိမ်းသွားခဲ့ပြီး မီးလောင်မှုကြောင့် ငါးဖမ်းစက်လှေပေါ်ရှိ အမျိုးသား ၁ ဦးသေဆုံးသွားကာ အမျိုးသား ၃ ဦးထိခိုက်ဒဏ်ရာများရရှိခဲ့ကြောင်း သိရသည်။

ထို့ကြောင့် သေဆုံးသူ၏ ရုပ်အလောင်းနှင့်ထိခိုက်ဒဏ်ရာရရှိသူများအား ကော့သောင်းမြို့ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ပေးခဲ့ကြကြောင်း သိရသည်။

ထို့ပြင် အမျိုးသား ၁ ဦးပျောက်ဆုံးနေသဖြင့် ပြန် လည်တွေ့ရှိနိုင်ရန် မီးသတ်တပ်ဖွဲ့ဝင်များ၏လူမှုကူညီရေးအသင်းများနှင့်တာဝန်ရှိသူများက ရှာ ဖွေကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိသည်ဟု သိရသည်။

Photo-Aung Zaw Oo


LEAVE A REPLY

Please enter your comment!
Please enter your name here