မြန်မာနိုင်ငံအနေနဲ့ Facebook က ပိတ်မယ်ဆိုတဲ့ feature တွေကိုတောင် သုံးနေကြတာမျိုးမရှိသေးပါ

0
245

မြန်မာနိုင်ငံအနေနဲ့ Facebook က ပိတ်မယ်ဆိုတဲ့ feature တွေကိုတောင် သုံးနေကြတာမျိုးမရှိသေးပါ

ရန်ကုန််၊သြဂုတ် ၈

Shopping Live များနှင့်ပတ်သတ်၍ Facebook မှထုတ်ပြန်လိုက်သော ထုတ်ပြန်ချက်အသစ်အပေါ် Central Myanmar ICT Solutions က​အောက်ပါအတိုင်းကောက်နှုတ်သုံးသပ်ထားပါသည်။

၁။ ၂၀၂၂ ခုနှစ်၊ အောက်တိုဘာလ ၁ ရက်နေ့မှစပြီး Facebook တွင် Live Shopping event များ ထုတ်လွှင့်ခွင့်မရှိတော့ပါ။ အခြားသောတိုက်ရိုက်ထုတ်လွှင့်ချင်သော အစီအစဉ် များအတွက် live video ကိုအသုံးပြု၍ရနိုင်သေးသော် လည်း မိမိတို့ကုန်ပစ္စည်းများအား live video တွင် tag လုပ်၍ ရောင်းချသော feature အားအသုံးပြုခွင့်ရရှိတော့ မည်မဟုတ်ပါ။

ဆိုလိုသည်မှာ live video ထုတ်လွှင့်ခြင်းအား ရပ်ဆိုင်းခြင်းမျိုးမဟုတ်ပဲ live များတွင် products များ tag လုပ်၍ ရောင်းချသော feature ကိုသာ ရပ်ဆိုင်းခြင်းဖြစ်ပါသည်။

၎င်း feature ကို မြန်မာနိုင်ငံတွင် live လွှင့်ဈေးရောင်းချသောသူအများစုမှာ သုံးစွဲခြင်းမရှိပဲ ရိုးရိုး live လွှင့်သောအစီအစဉ်အဖြစ်သာလွှင့်၍ ဈေးရောင်း နေကြခြင်းဖြစ်ပါသည်။ ထို့ကြောင့် ၎င်း feature အား ရပ်တန့်ခြင်းကြောင့် ကြီးမားသောအကျိုးသက်ရောက်မှုများ ရှိလာနိုင်မည် မဟုတ်ပါ။ FB တွင်ရပ်တန့်လိုက်သော်လည်း Instagram တွင် ၎င်း feature အား ဆက်လက်အသုံးပြု ၍ရနေဦးမည်ဖြစ်ပါသည်။

၂။ Meta ၏ ထုတ်ပြန်ချက်အရ သုံးစွဲသူ များ၏ ကြည့်ရှုမှုနှုန်းထားများမှာ ဗီဒီယိုအတိုများအပေါ်ပိုမိုစိတ်ဝင်စားလာကြသောကြောင့် FB သည်လည်း features အသစ်ဖြစ်သော reels အပေါ်တွင် ပိုမိုအာရုံစိုက်သွားမည်ဟုဆိုထားပါသည်။

အကယ်၍ သုံးစွဲသူများအနေဖြင့် မိမိတို့ ဗီဒီယို များမှတဆင့် Reach and Engagements များပိုမို ရရှိလိုပါက Reels နှင့် Reels Ads ကို စမ်းသပ်အသုံးပြုသင့်သည်ဟု ထုတ်ပြန်ထားပါသည်။

ဆိုလိုသည်မှာ reels လိုမျိုး ဗီဒီယိုအတို များအား သုံးသွဲသူများ ပိုမိုမြင်အောင်ပြုလုပ်သွားမည့် သဘောမျိုးဖြစ်ပါသည်။

ဆက်လက်၍ Facebook မှ ယခင်က shopping live feature ကိုအသုံးပြုခဲ့သော video များ download လုပ်လိုပါ က creator studio တွင်သာ လုပ်နိုင်တော့မည်ဆိုထားပါသည်။ ဆိုလိုသည်မှာ ၎င်း video များကို Facebook ပေါ်မှ ဖယ်ရှားပစ်တော့မည့် သဘောမျိုး ဖြစ်ပါသည်။

၃။ ယခုထုတ်ပြန်ချက်အား နောက်ဆုံးခြုံငုံကြည့်မည်ဆိုပါက Meta သည် TikTok ကို ယှဉ်ပြိုင်နိုင်ရန်အတွက် Instagram ၏ feature တစ်ခုဖြစ်သော Reels ကို FB ပေါ်တွင်ယူသုံးထားပြီး Reels နှင့်အတူတွဲဖက်၍ Reels Ads ကိုအသုံးပြုနိုင်ရန် စီစဉ်ထားသည်ကိုတွေ့ရပါသည်။ ထို feature များမှ ၎င်းတို့ဝင်ငွေပိုရစေရန်တွက် လူအများ စိတ်ဝင်စားမှုရရှိအောင် လူအများပိုမိုကြည့်လာအောင် FB ကအမျိုးမျိုးသော ကြေငြာချက်များ ထုတ်ပြန်ပြီး လုပ်ဆောင်နေခြင်းသာဖြစ်ပါသည်။

 Live Feature ကို ဖြုတ်ချမည် မဟုတ်သောကြောင့် Product များ Tag မလုပ်ပဲ ရိုးရိုး Live လွှင့်၍ ဈေးရောင်းချသော အစီအစဉ်များကို မည်သည့်အကျိုးသက်ရောက်မှုမျှရှိမည်မဟုတ်ပါ။ သို့သော် နောက်ပိုင်းတွင် အချိန်ကြာလာသည်နှင့်အမျှ Reels များလောက် Reach and Engagements ရရှိမှုအားကောင်းမည်မဟုတ်ပဲ လျော့နည်းသွားနိုင်ချေရှိပါသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here