၅၅ နှစ်မြောက် အရှေ့တောင်အာရှနိုင်ငံများအ သင်း(အာဆီယံ)တည်ထောင်ခြင်း အလံတင်အ ခမ်းအနားသို့ မြန်မာသံအမတ်ကြီးဦးကျော်စိုးဝင်းတက်ရောက်

0
432

၅၅ နှစ်မြောက် အရှေ့တောင်အာရှနိုင်ငံများအ သင်း(အာဆီယံ)တည်ထောင်ခြင်း အလံတင်အ ခမ်းအနားသို့ မြန်မာသံအမတ်ကြီးဦးကျော်စိုးဝင်းတက်ရောက်

ဗီယက်နမ်နိုင်ငံ၊ နိုင်ငံခြားရေးဝန်ကြီးဌာနမှကြီးမှူး၍ ဟနွိုင်းမြို့တွင် ၅၅ နှစ်မြောက် အရှေ့ တောင်အာရှနိုင်ငံများအသင်း(အာဆီယံ) တည် ထောင်ခြင်း အလံတင်အခမ်းအနားအား သြဂုတ် ၈ ရက်(ယနေ့)နံနက် ၇ နာရီခွဲက ကျင်းပခဲ့သည်။

အလံတင်အခမ်းအနားသို့ ဗီယက်နမ်နိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးကျော်စိုးဝင်းတက်ရောက်ခဲ့သည်။

အလားတူ ဗီယက်နမ်နိုင်ငံခြားရေးဝန်ကြီးဌာန၊ ဝန်ကြီး Mr. Bui Thanh Son နှင့်ဒု-ဝန်ကြီးများ၊ဟနွိုင်းမြို့အခြေစိုက် အာဆီယံနိုင်ငံများမှ သံအ မတ်ကြီးများ၊ ဟနွိုင်းမြို့အခြေစိုက် နိုင်ငံတကာသံရုံးများ၏ သံတမန်နာယက( Dean)နှင့်နိုင်ငံတ ကာသံရုံးများမှသံအမတ်ကြီးများလည်းတက်ရောက်ခဲ့ကြသည်။

ထို့ပြင် မြန်မာသံအမတ်ကြီးဦးကျော်စိုးဝင်းသည် ၅၅ နှစ်မြောက် အရှေ့တောင်အာရှနိုင်ငံများအသင်း(အာဆီယံ) တည်ထောင်သည့် အထိမ်းအ မှတ်အဖြစ် ဟနွိုင်းမြို့၊ Viet Nam Fine Arts Museum တွင်ပြုလုပ်သည့် The Colors of ASEAN Culture ယဉ်ကျေးမှုပြပွဲကိုလည်း အာဆီယံနိုင်ငံများမှ သံအမတ်ကြီးများနှင့်အတူ တက်ရောက်ခဲ့ကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here