၁၁ ကြိမ်မြောက် အာဆီယံမသန်စွမ်းအားကစားပြိုင်ပွဲတွင် ရွှေတံဆိပ် ၁၄ ခု အပါအဝင် ဆုတံဆိပ်များ ဆွတ်ခူးပြီး ပြန်လည်ရောက်ရှိလာ

0
271

၁၁ ကြိမ်မြောက် အာဆီယံမသန်စွမ်းအားကစားပြိုင်ပွဲတွင် ရွှေတံဆိပ် ၁၄ ခု အပါအဝင် ဆုတံဆိပ်များ ဆွတ်ခူးပြီး ပြန်လည်ရောက်ရှိလာ

၁၁ ကြိမ်မြောက် အာဆီယံမသန်စွမ်းအားကစားပြိုင်ပွဲ၌ မြန်မာမသန်စွမ်းအားကစားအဖွဲ့သည် ရွှေတံဆိပ် ၁၄ ခု၊ငွေတံဆိပ် ၁၂ ခုနှင့်ကြေးတံဆိပ် ၁၇ ခု(စုစုပေါင်း ၄၃ ခု)ဆွတ်ခူးရရှိခဲ့ကြောင်း သိရသည်။

အင်ဒိုနီးရှားနိုင်ငံက အိမ်ရှင်အဖြစ်လက်ခံ၍ ဆိုလိုမြို့၌ ဇူလိုင် ၃၀ ရက်မှသြဂုတ် ၆ ရက်အထိ ကျင်း ပခဲ့သည့် ၁၁ ကြိမ်မြောက်အာဆီယံမသန်စွမ်းအားကစားပြိုင်ပွဲတွင် ဝင်ရောက်ယှဥ်ပြိုင်ခဲ့ပြီး အောင်ပွဲရမြန်မာမသန်စွမ်းအားကစားအဖွဲ့ဝင်များ ပြန်လည်ရောက်ရှိလာခဲ့ပြီဖြစ်သည်။

မြန်မာအားကစားအဖွဲ့သည် မြန်မာနိုင်ငံမသန်စွမ်းသူများအားကစားအဖွဲ့ချုပ် ဥက္ကဋ္ဌ ဗိုလ်မှူးချုပ်လှမိုးဦးဆောင်၍ သြဂုတ် ၈ ရက်(ယနေ့)နံနက် ၅ နာရီခွဲက မြန်မာအမျိုးသားလေကြောင်းလိုင်း၏ စင်းလုံးဌားလေယာဥ်ဖြင့် ရန်ကုန်လေဆိပ်သို့ပြန်လည်ရောက်ရှိလာခဲ့ခြင်းဖြစ်သည်။

မြန်မာမသန်စွမ်းအားကစားအဖွဲ့အား အားကစားနှင့်လူငယ်ရေးရာ၀န်ကြီးဌာန ဒု-၀န်ကြီး၊ရန်ကုန် တိုင်းအစိုးရအဖွဲ့ဝန်ကြီးများ၊အားကစားနှင့်ကာယပညာဦးစီးဌာန ဒု-ညွှန်ကြားရေးမှုးချုပ်နင့်ညွှန်ကြားရေးမှူးများ၊အားကစားနှင့်ကာယပညာသိပ္ပံ(ရန်ကုန်)မှအားကစားသမားများနှင့်မြန်မာ နိုင်ငံမသန်စွမ်းသူများအားကစားအဖွဲ့ချုပ်မှတာ ၀န်ရှိသူများက‌ ကြိုဆိုခဲ့ကြသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here