ရုရှားက သိမ်းပိုက်ခံ ယူကရိန်းနယ်မြေများတွင် လူထုဆန္ဒခံယူပွဲများပြုလုပ်ပါက ဆွေးနွေးပွဲများ မရှိလာနိုင်ဟု ဇလန်စကီး ဆို

0
144

ရုရှားက သိမ်းပိုက်ခံ ယူကရိန်းနယ်မြေများတွင် လူထုဆန္ဒခံယူပွဲများပြုလုပ်ပါက ဆွေးနွေးပွဲများ မရှိလာနိုင်ဟု ဇလန်စကီး ဆို

ယူကရိန်းသမ္မတ ဇလန်စကီး က ရုရှားသည် အကယ်၍သိမ်းပိုက်ထားသော နယ်မြေများ အနေဖြင့်ရုရှားနိုင်ငံအတွင်းသို့ ဝင်ရောက်နိုင်ရန် ထိုနယ်မြေများတွင် လူထုဆန္ဒခံယူပွဲများ ပြုလုပ်ပါက ရုရှားသို့မဟုတ် ရုရှားအနေဖြင့် ယူကရိန်းရော၎င်း၏ မဟာမိတ်နိုင်ငံများနှင့်ပါဆွေးနွေးမှုများကို ပြုလုပ်နိုင်‌ တော့မည် မဟုတ်ကြောင်း ဩဂုတ်လ ၇ ရက် တနင်္ဂနွေနေ့တွင် ပြောကြားခဲ့သည်။

ကိဗ်အစိုးရသည် မည်သည့်ပိုင်နက်နယ်မြေကိုမျှ ရုရှားနိုင်ငံသို့ ပေးသွားမည် မဟုတ်ဟူသော ၎င်း၏ ရပ်တည်ချက်ကို ဆုပ်ကိုင်ထားကြောင်း ဇလန်စကီးက ၎င်း၏ ညစဉ် မိန့်ခွန်း ဗီဒီယိုတွင် ပြောကြားခဲ့သည်။

“ကျွန်ုပ်တို့နိုင်ငံရဲ့ ရပ်တည်ချက်က အရင်အတိုင်းရှိနေဆဲပါပဲ။ ကျွန်တော်တို့ ပိုင်ဆိုင်တဲ့အရာကို ဘယ်တော့မှ စွန့်လွှတ်မှာမဟုတ်ပါဘူး” ဟု ဇလန်စကီး က ပြောကြားခဲ့သည်။

ရုရှားဘက်ကစစ်မှန်မှုမရှိသော ဆန္ဒခံယူပွဲကို ဆက်လက်ပြုလုပ်သွားပါက ရုရှားအနေဖြင့် ယူကရိန်းနှင့် မဟာမိတ်နိုင်ငံများနှင့် ဆွေးနွေးနိုင်မည့် မည်သည့်အခွင့်အလမ်းမျှ ရှိတော့မည်မဟုတ်ကြောင်း ဇလန်စကီးက ပြောကြားခဲ့သည်။

ကရင်မလင်ခေါင်းဆောင် ပူတင်က အထူးစစ်ဆင်ရေး ဟုခေါ်သည့် ရုရှား-ယူကရိန်း အရေးအခင်းကို စတင်ခဲ့ပြီးနောက် ရုရှားတပ်ဖွဲ့များနှင့် ၎င်းတို့၏ ခွဲထွက်ရေး မဟာမိတ်များသည် ယခုအခါ ယူကရိန်းအရှေ့ပိုင်း ဒွန်ဘတ်စ်ဒေသနှင့် တောင်ပိုင်းဒေသများတွင် နယ်မြေအများအပြားကို သိမ်းပိုက်ထားသည်။

ယူကရိန်းတောင်ပိုင်းရှိ ခါဆန် ဒေသအများစုကို ရုရှားတပ်ဖွဲ့များက ထိန်းချုပ်ထားပြီး ရုရှားနိုင်ငံအတွင်းသို့ ဝင်ရောက်ရန် လူထုဆန္ဒခံယူပွဲကို လာမည့် ရက်သတ္တပတ် သို့မဟုတ် လများအတွင်း ကျင်းပသွားနိုင်ကြောင်း ၎င်းဒေသရှိ တာဝန်ခံအရာရှိများက ဖော်ပြထားသည်။

လူဟန့်ခ် ဒေသအုပ်ချုပ်ရေးမှူးက ရုရှားသည် ၎င်းတို့ လောလောလတ်လတ် သိမ်းပိုက်ထားသော ဒေသများတွင် လူထုဆန္ဒခံယူပွဲ အသစ်ကျင်းပရန်အတွက် ပြင်ဆင်နေပြီး ထိုပွဲတွင် ပါဝင်ရန်အတွက် ဒေသခံများအား အကျိုးခံစားခွင့်များ ပေးမည်ဆိုကာ ကမ်းလှမ်းနေသည် ဟုတင်ပြထားသည်။

Source: Reuters


LEAVE A REPLY

Please enter your comment!
Please enter your name here