ဆန်စပါးစိုက်ပျိုးထုတ်လုပ်မှုလုပ်ငန်းများနှင့်အ ထွက်နှုန်းကို မှန်မှန်ကန်ကန်ဖြစ်စေရန် အလေး ထားဆောင်ရွက်ရမည်ဟု နစက ဥက္ကဋ္ဌမှာကြား

0
165

ဆန်စပါးစိုက်ပျိုးထုတ်လုပ်မှုလုပ်ငန်းများနှင့်အ ထွက်နှုန်းကို မှန်မှန်ကန်ကန်ဖြစ်စေရန် အလေး ထားဆောင်ရွက်ရမည်ဟု နစက ဥက္ကဋ္ဌမှာကြား

ပြည်ထောင်စုအစိုးရအဖွဲ့ လုပ်ငန်းဆောင်ရွက်ချက်များနှင့်စပ်လျင်းသည့် ညှိနှိုင်းအစည်းအဝေးအား သြဂုတ် ၈ ရက်က နေပြည်တော်၌ပြုလုပ်ရာတွင် စပါးစိုက်ပျိုးထုတ်လုပ်မှုနှင့်ပတ်သက်၍ နစက ဥက္ကဋ္ဌ၊နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က မှာကြားခဲ့ခြင်းဖြစ်သည်။

မြန်မာနိုင်ငံ၌ မိုးစပါးစိုက်ဧက ၁၅ သန်းနှင့်နွေစပါးစိုက်ဧက ၃ သန်းခန့်(စုစုပေါင်း စိုက်ဧက ၁၇ သန်း)ကျော်ရှိသော်လည်း နွေစပါး၊ မိုးစပါး စိုက် ပျိုးထုတ်လုပ်မှုသည် ရည်မှန်းချက်မပြည့်မီသေးသဖြင့် သတိထားရမည့်အခြေအနေမျိုးရှိသည်ကို တွေ့ရသည်ဟုပြောသည်။

“မိုးစပါးကို တစ်ဧက ၇၅တင်းခန့် ​နွေစပါးကို တစ်ဧက တင်း၉၀ခန့် ထွက်ရှိဖို့ကို ခန့်မှန်းထားပါတယ် ပထမအဆင့်အ​နေဖြင့် မိုးစပါးကို တစ်ဧက ပျှမ်းမျှ တင်း၈၀ခန့် ထွက်ရှိ​အောင်​ဆောင်ရွက်မည် ဆိုပါက စပါးတင်း ၄၅သန်းခန့် ပိုမိုထွက်ရှိလာမည်ဖြစ်ပြီး ​နွေစပါးကို တစ်ဧက တင်း၉၀ခန့် ထွက်ရှိမည်ဟု ခန့်မှန်းထားပြီး ပထမအဆင့် တစ်ဧက တင်း ၁၀၀ခန့် ထွက်ရှိ​​အောင် ​ဆောင်ရွက်မည်ဆိုပါက စပါးတင်း သန်း၃၀ ခန့် ပိုမိုထွက်ရှိမည်ဖြစ်ပြီး ​နွေစပါး မိုးစပါး ၂ခု​ပေါင်းပါက စပါးတင်း စုစု​ပေါင်း ၇၅သန်းခန့် ပိုလာမှာ ဖြစ်တဲ့အတွက် နိုင့်ငံ့ဝင်​ငွေပိုမိုရရှိလာမှာပါ”ဟု နစကဥက္က က ​ပြောသည်

ထို့ကြောင့် ရည်မှန်းချက်ပန်းတိုင်များချမှတ်၍ အသေအချာဆောင်ရွက်ရန်လိုကာ ဆန်စပါးစိုက်ပျိုးထုတ်လုပ်မှုလုပ်ငန်းများနှင့်အထွက်နှုန်းအား မှန်မှန်ကန်ကန်ဖြစ်စေရန် အလေးထားဆောင်ရွက်ရမည်ဟု ပြောသည်။

“အစိုးရပိုင်းအနေနဲ့က မြေဩဇာ၊ပိုးသတ်ဆေးနဲ့ စိုက်ပျိုးရေများရဖို့အတွက် မဖြစ်မနေဆောင် ရွက်ပေးရပါမယ်”ဟု နစက ဥက္ကဋ္ဌကပြောသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here