ဒေသအလိုက် လျှပ်စစ်ထုတ်လုပ်နိုင်သည့် လုပ် ငန်းနှင့်စီမံကိန်းများ ဆောင်ရွက်ရမည်ဟု နစက ဥက္ကဋ္ဌပြော

0
167

ဒေသအလိုက် လျှပ်စစ်ထုတ်လုပ်နိုင်သည့် လုပ် ငန်းနှင့်စီမံကိန်းများ ဆောင်ရွက်ရမည်ဟု နစက ဥက္ကဋ္ဌပြော

နစက ဥက္ကဋ္ဌက ပြည်ထောင်စုအစိုးရအဖွဲ့ လုပ်ငန်းဆောင်ရွက်ချက်များနှင့်ပတ်သက်သည့် ညှိနှိုင်းအစည်းအဝေးသို့ တက်ရောက်၍ အမှာစကား ပြေကြားရာ၌ ထည့်သွင်းပြောကြားခဲ့ခြင်းဖြစ် သည်။

“ဒေသအလိုက် လျှပ်စစ်ထုတ်လုပ်နိုင်တဲ့ လုပ်ငန်းတွေ စီမံကိန်းတွေကို ဆောင်ရွက်သွားကြဖို့လိုပါတယ်”ဟု နစက ဥက္ကဋ္ဌကပြောသည်။

ထို့ပြင် လာမည့်နှစ်၌ ဒေသအလိုက် လျှပ်စစ် ဓာတ်အားဖူလုံစေရန် ရေအား၊ ဆိုလာစနစ်တို့ဖြင့် လျှပ်စစ်ဓာတ်အားထုတ်လုပ်နိုင်ရေးတို့အတွက် ကြံဆဆောင်ရွက်သွားရန် လိုအပ်သည်ဟု နစက ဥက္ကဋ္ဌကမှာကြားသည်။

အလားတူ လျှပ်စစ်ဓာတ်အားရရှိပါက ဒေသခံများ၏ လူမှုစီးပွားဘဝ အထိုက်အလျောက် တိုးတက်လာမည်ဖြစ်ကာ တိုင်းပြည်၏ လျှပ်စစ် ဓာတ်အား လိုအပ်ချက်ကို လျှော့ချနိုင်မည်ဟု ပြောသည်။

ထို့ကြောင့် နစက မှနိုင်ငံတော်၏ လျှပ်စစ်ဓာတ်အားလိုအပ်မှုများအတွက် အထက်ရဲရွာရေအားလျှပ်စစ်စီမံကိန်း၊အထက်ကျိုင်းတောင်းရေအားလျှပ်စစ်စီမံကိန်းနှင့်သဌေးရေအားလျှပ်စစ်စီမံကိန်းများမှထွက်ရှိမည့် စုစုပေါင်း ၄၄၂ မဂ္ဂဝပ်အား နိုင်ငံတော်ဓာတ်အားစနစ်သို့ ထုတ်လုပ်ဖြန့်ဖြူးပေးနိုင်ရန် ဆောင်ရွက်လျက်ရှိသည်ဟု သိရသည်။

ထို့ပြင် အလားအလာရှိသည့် ရေအားလျှပ်စစ်စီမံ ကိန်းများအား ဆက်လက်အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရန် စီမံ လျက်ရှိကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here