အဆိုကျော် အိုလီဗီယာနယူတန်ဂျွန် ကွယ်လွန်

0
239

အဆိုကျော် အိုလီဗီယာနယူတန်ဂျွန် ကွယ်လွန်

ကမ္ဘာကျော် အမျိုးသမီးအဆိုကျော်ကြီး အိုလီဗီယာနယူတန်ဂျွန်(Olivia Newton John)သည် ရင်သားကင်ဆာရောဂါခံစားနေရရာမှ သြဂုတ်လ ၈ ရက်နေ့က ကွယ်လွန်သွားပြီဖြစ်ကြောင်းသိရသည်။

အသက် ၇၃ နှစ်ရှိပြီဖြစ်သော အိုလီဗီယာနယူတန်ဂျွန်သည် ကယ်လီဖိုးနီးယားပြည်နယ်တောင်ပိုင်းရှိ သူ၏အိမ်တွင် ငြိမ်းချမ်းစွာကွယ်လွန်သွားကြောင်း သူမ၏ တရားဝင် ဖေ့ဘုတ်စာမျက်နှာတွင်ရေးသားထားသလို၊ ဒေသခံမီဒီယာများကလည်း ရေးသားဖော်ပြထားကြသည်။

သူမတွင် ရင်သားကင်ဆာဖြစ်ပွားနေကြောင်းကို အသက် ၄၃နှစ်အရွယ်ဖြစ်သည့် ၁၉၉၂ ခုနှစ်ကတည်းက စစ်ဆေးသိရှိခဲ့ခြင်းဖြစ်ကြောင်း BILLBOARD မဂ္ဂဇင်းကြီးတွင်ဖော်ပြထားသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here