၂၀၂၀ ရွေးကောက်ပွဲ လွတ်လပ်ပြီး တရားမျှတခဲ့ပါက ယခုကဲ့သို့ အခြေအနေမျိုး ကြုံရမည် မဟုတ်ကြောင်း ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြော

0
359

၂၀၂၀ ရွေးကောက်ပွဲ လွတ်လပ်ပြီး တရားမျှတခဲ့ပါက ယခုကဲ့သို့ အခြေအနေမျိုး ကြုံရမည် မဟုတ်ကြောင်း ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြော

ဩဂုတ်လ (၈) ရက်က နေပြည်တော်တွင် ပြုလုပ်သည့် ပြည်ထောင်စု အစိုးရအဖွဲ့ အစည်းအဝေးတွင် ၎င်းက ပြောကြားခဲ့ခြင်း ဖြစ်သည်။

” အဓိကအားဖြင့် မိမိတို့ တာဝန်ယူခဲ့ရခြင်းဟာ ရွေးကော က်ပွဲရလဒ်အရ ဖြစ်ပေါ်လာတဲ့ နိုင်ငံရေးပြဿနာများ ဖြစ်ပေါ်လာခြင်းကြောင့် ဖြစ်ပါတယ်။ ၂၀၂၀ ပြည့်နှစ် အ ထွေထွေရွေးကောက်ပွဲဟာ လွတ်လပ်ပြီး တရားမျှတတဲ့ ရွေးကောက်ပွဲ၊ မှန်ကန်တဲ့ ရွေးကောက်ပွဲတစ်ခုဖြစ်ခဲ့မယ်ဆိုရင် ယခုလို အခြေအနေကို ရောက်ရှိခဲ့မှာမဟုတ်ပါဘူး” ဟု ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောသည်။

NLD အစိုးရ ဦးဆောင် ကျင်းပသည့် ၂၀၂၀ ခုနှစ် အထွေ ထွေ ရွေးကောက်ပွဲတွင် အဆိုပါကာလက အာဏာရပါတီဖြစ်သည့် NLD ပါတီကတစ်နိုင်ငံလုံးအတိုင်အတာဖြင့် မဲအပြတ်အသတ် အနိုင်ရရှိခဲ့ခြင်း ဖြစ်သည်။

သို့သော် အဆိုပါ ရွေးကောက်ပွဲတွင် မဲမသမာမှုများရှိခဲ့သည်ဟုဆိုကာ ကြံ့ခိုင်ရေးပါတီက ဦးဆောင်ပြီး တပ်မ တော် ကာကွယ်ရေးဦးစီးချုပ်ထံ တိုင်ကြားခဲ့ခြင်းကြောင့် NLD အစိုးရအား မဲစာရင်းများ ပြန်လည်စစ်ဆေးရန်၊ မဲရလဒ်များ ပြန်လည် စစ်ဆေးရန် အပါအဝင် လွှတ်တော် ခေါ်ယူခြင်းအား ဆိုင့်ငံ့ထားရန် တပ်မတော်ကအကြောင်း ကြားမှုများ လုပ်ဆောင်ခဲ့ကြောင်း သိရသည်။

“သက်ဆိုင်ရာ တာဝန်ရှိသူတွေကို မဲစာရင်းများပြန်လည် ရှင်းလင်းပြီးမှ လွှတ်တော်ခေါ်ယူရန်အတွက် မိမိကိုယ် တိုင် မေတ္တာရပ်ခံခဲ့တာရှိသလို သက်ဆိုင်ရာ တာဝန်ရှိသူများမှ တစ်ဆင့်လည်း ပြောကြားခဲ့ပါတယ်။ သို့သော် လွှတ်တော်ခေါ်ယူခဲ့ခြင်းကြောင့် နိုင်ငံတော်အား အရေးပေါ်အခြေအနေကြေညာ၍ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီမှ နိုင်ငံတော်တာဝန်များကို ထမ်းဆောင်ခဲ့ရခြင်းဖြစ်ပါတယ်” ဟု ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြော သည်။

၎င်းတို့ တာဝန်ယူပြီး နောက်ပိုင်း မဲစာရင်းများကို ပြန် လည် စစ်ဆေးခဲ့ရာ ၂၀၂၀ ရွေးကောက်ပွဲတွင် နိုင်ငံသားစိစစ်ရေးကတ်မရှိဘဲ မဲပေးထားသူများ၊ အသက် ၁၈ နှစ်ပြည့်သော်လည်း နိုင်ငံသားအဖြစ် စိစစ်ခြင်းမပြုရသေးဘဲမဲပေးသူများ၊ နှစ်ကြိမ်မဲပေးသူများနှင့် ကွယ်လွန်ပြီးသူများက ဆန္ဒမဲများ ပေးထားသည်ကို စစ်ဆေးတွေ့ရှိရကြောင်းလည်း သိရသည်။

တပ်မတော် ၊ ကြံ့ခိုင်ရေးပါတီနှင့် အခြားရွေးကောက်ပွဲတွင် ရှုံးနိမ့်ခဲ့သည့် ပါတီအချို့က ၂၀၂၀ ရွေးကောက်ပွဲ ရလဒ်နှင့် ပတ်သက်၍ ကန့်ကွက်မှုများ လုပ်ဆောင်ခဲ့သော်လည်း ယင်း အချိန်က ရွေးကောက်ပွဲအား တာဝန်ယူ ကျင်းပပေးသည့် UEC အနေဖြင့် ပြန်လည်ဖြေရှင်း ပေးခြင်းမရှိခြင်း၊ဒုတိယအကြိမ်လွတ်​တော်၏​နောက်ဆုံးအစည်းအ​ဝေးကိုလည်းမ​ခေါ်ယူဘဲ​နေခဲ့ခြင်း၊ ရွေးကောက်ပွဲ ရလာဒ်ကို အတည်ပြုကာ တတိယအကြိမ် လွှတ်တော် ခေါ်ယူရန်ကြိုးစားခဲ့ခြင်း ဖြစ်သည်။

အဆိုပါ အခြေအနေများအရ တတိယအကြိမ်လွှတ်တော် ခေါ်ယူမည့် ၂၀၂၁ ခုနှစ် ဖေါ်ဖေါ်ဝါရီလ ၁ ရက်တွင် တပ်မတော်က နိုင်ငံတော်အာဏာကို ထိမ်းကာ နစကအ စိုးရကို ဖွဲ့စည်းပြီး လက်ရှိအချိန်ထိ စီမံအုပ်ချုပ်နေခြင်း ဖြစ်သည်။


LEAVE A REPLY

Please enter your comment!
Please enter your name here