ဟိုပုံးမြို့နယ်သို့ ရောက်ရှိနေသည့် စစ်ဘေးရှောင်များ မိုးရွာသွန်းမှုကြောင့် အကူအညီများလိုအပ်နေ

0
158

ဟိုပုံးမြို့နယ်သို့ ရောက်ရှိနေသည့် စစ်ဘေးရှောင်များ မိုးရွာသွန်းမှုကြောင့် အကူအညီများလိုအပ်နေ

ရှမ်းပြည်နယ်၊ဟိုပုံးမြို့နယ်၊ပန်လုံကျေးရွာသစ်သို့ရောက်ရှိခိုလှုံနေသည့် စစ်ဘေးရှောင်များသည် မိုးရွာသွန်းနေမှုကြောင့် အကူအညီများလိုအပ်လျက်ရှိကြောင်း စစ်ဘေးရှောင်ကူညီပေးနေသူများထံမှ သိရသည်။

“လတ်တလောမိုးရွာတော့ ယာယီတဲထိုးပြီးနေရတာဖြစ်တဲ့အတွက် လုံလုံခြုံခြုံမရှိဘူးပေါ့ မိုးရေဝင်တာတွေရှိတော့ လုံခြုံတဲ့အမိုးအကာအခင်းတွေအတွက် အကူအညီတွေလိုလာတယ် ကျန်း မာရေးအတွက် ဆေးဝါးတွေလည်းလိုတာပေါ့”ဟု စစ်ဘေးရှောင်ကူညီသူတစ်ဦးကပြောသည်။

ပန်လုံကျေးရွာသစ်သို့ ရှောက်ရှိခိုလှုံနေကြသည့် စစ်ဘေးရှောင်များသည် ကျောက်မဲမြို့နယ်၊ဟူးဆွန်ကျေးရွာအုပ်စုမှ ရောက်ရှိလာကြသူများဖြစ်ကာ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များအချင်း ချင်း တိုက်ပွဲဖြစ်ပွားမှုကြောင့် ရောက်ရှိနေကြသူများဖြစ်ကြောင်း သိရသည်။

“လူဦးရေအနေနဲ့ဆိုရင် ၅၀၀ ဝန်းကျင်လောက်ရှိတယ် သူတို့အိမ်တွေကိုလည်းမပြန်နိုင်ကြသေးတော့ အခက်အခဲတွေကတော့အများကြီးပေါ့”ဟု စစ်ဘေးရှောင်ကူညီသူတစ်ဦးကပြောသည်။

အဆိုပါ စစ်ဘေးရှောင်များသည် ပန်လုံကျေးရွာသစ်ရှိ မြေနေရာလွတ်များ၌ ယာယီတဲများထိုး၍ နေထိုင်နေရသဖြင့် အမိုးအကာပြုလုပ်ရန် တာလ ပတ်စများအပြင် စားနပ်ရိက္ခာနှင့်ဆေးဝါးများလည်း လိုအပ်လျက်ရှိကြောင်း သိရသည်။

ယခင်က လာရောက်လှူဒါန်းမှုအချို့ရှိခဲ့သော် လည်း လက်ရှိအချိန်၌ မိုးရွာသွန်းမှုကြောင့် လမ်း ခရီးအခက်အခဲများဖြစ်ပေါ်နေသဖြင့် လာရောက်လှူဒါန်းမှုများ နည်းပါးလျက်ရှိသည်ဟု သိရသည်။

“အခုအလှူရှင်တွေနည်းသွားတော့ ဘုန်းကြီး ကျောင်းတွေကပဲ စစ်ဘေးရှောင်တွေအတွက် အစားအသောက်တွေပြန်လှူပေးတယ် မိုးတွင်းဆိုတော့ သွားရလာရတာခက်ခဲတော့ အလှူရှင်တွေလည်း လာလို့အဆင်မပြေကြဘူးပေါ့ ကျွန်တော်တို့ကလည်း တတ်နိုင်သလောက်တော့ ကူညီပေးနိုင်တာတွေကိုကူညီပေးနေပါတယ်”ဟု စစ်ဘေးရှောင်ကူညီသူတစ်ဦးကပြောသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here