ရုရှားကိုကူညီရန်မြောက်ကိုရီးယားကတပ်သားတစ်သိန်းစေလွှတ်မည်

0
322

ရုရှားကိုကူညီရန်မြောက်ကိုရီးယားကတပ်သားတစ်သိန်းစေလွှတ်မည်

ရုရှားနိုင်ငံပိုင် မီဒီယာ၏ဖော်ပြချက်အရ ယူကရိန်းနှင့်တိုက်ပွဲတွင် အနိုင်ရရှိစေရန်အတွက် မြောက်ကိုရီးယားကရုရှားထံသို့ တပ်ဖွဲ့အင်အားတစ်သိန်းစေလွှတ်ပေးရန် ကမ်းလှမ်းထားကြောင်းသိရှိရသည်။

“မြောက်ကိုရီးယားတပ်ဖွဲ့များသည် ပါဝင်ကူညီတိုက်ခိုက်ရန် ပြင်ဆင်နေကြောင်းသတင်းများထွက်ပေါ်နေသည်” ဟု ရုရှားကာကွယ်ရေး ဆန်းစစ်လေ့လာသူ မစ္စတာ Igor Korotchenko က ရုရှား Channel One သို့ပြောကြားခဲ့သည်ဟု New York Post ကဖော်ပြခဲ့သည်။

မြောက်ကိုရီးယားစစ်တပ်၏ စစ်ရေးအတွေ့အကြုံကြွယ်ဝမှုနှင့် ကျွမ်းကျွင်မှုများကို ထောက်ရှု၍ ရုရှားအနေဖြင့် ယခုကမ်းလှမ်းမှုကို လက်ခံသင့်သည်ဟု ကျွမ်းကျွင်သူများက သုံးသပ်ကြသည်။

“တကယ်လို့မြောက်ကိုရီးယားကယူကရိန်းရဲ့ဖက်ဆစ်ဝါဒကို တိုက်ဖျက်ဖို့သူ့ရဲ့ နိုင်ငံတကာတာဝန်ကို ကျေပွန်စွာ ထမ်းဆောင်လိုတယ်လို့ ထုတ်ပြောလာရင်‌ေတာ့ခွင့်ပြုသင့်ပါတယ်” ဟု Korotchenko ကပြောကြားခဲ့သည်။

ပြီးခဲ့သည့်လက ယူ‌ေကကအမ်အိုင်စစ်အကြီးအကဲ မစ္စတာ Richard Moore က ရုရှား၏စစ်ရေးအားထုတ်မှုသည် ယခုအခါတွင်အရှိန်ကျစပြုနေပြီဟု ဆိုခဲ့သည်။

နူးယော့ခ်အခြေစိုက် နိုင်ငံခြားဆက်ဆံရေးကောင်စီ၏ ဒေတာများအရ မြောက်ကိုရီးယားစစ်တပ်သည် ကမ္ဘာ့စတုတ္ထအကြီးဆုံးဖြစ်ကာ တပ်ဖွဲ့ဝင် ၁ ဒသမ ၃ သန်းနီးပါးရှိသည်။အရံတပ်ဖွဲ့ဝင်အင်အားလည်း ခြောက်သိန်း‌ရှိသည်။

CFP မှ ကာကွယ်ရေးဆိုင်ရာ ကျွမ်းကျင်သူများ၏ ပြောကြားချက်အရ မြောက်ကိုရီးယားသည် သက်တမ်းရင့်စက်ကိရိယာများနှင့်နည်းပညာများကို အသုံးပြုနေသည်ဟုသိရှိရသည်။

စစ်ပြီးခေတ် ယူကရိန်းနိုင်ငံပြန်လည်တည် ဆောက်ရေး၌‌ရုရှားကိုကူညီရန် အလုပ်သမားအင်အားများကိုလည်း ကမ်းလှမ်းထားသည် ဟုတောင်ကိုရီးယားသတင်းစာ Daily NK ကဖော်ပြထားသည်။

ကင်မ်ဂျုံအမ်သည် စစ်ပွဲတွင်ရုရှားအနိုင်ရပါက ယူကရိန်းအ‌ရှေ့ပိုင်း ဒွန်ဘတ်စ်ဒေသသို့ အလုပ်သမားတစ်ထောင်ကျော်စေလွှတ်ရန်လည်း စီစဉ်နေသည်ဟု ရုရှားသတင်းအရင်းအမြစ်ကဆိုသည်။

Source – Wio News


LEAVE A REPLY

Please enter your comment!
Please enter your name here