ဆီထွက်သီးနှံများအား သေချာစွာစိုက်ပျိုးထုတ် လုပ်ပါက ၂၀၂၃ ခုနှစ် ဒုတိယရာသီတွင် ဆီဖူလုံမှုအပြည့်အဝရရှိမည်ဟု နစက ဥက္ကဋ္ဌပြော

0
186

ဆီထွက်သီးနှံများအား သေချာစွာစိုက်ပျိုးထုတ် လုပ်ပါက ၂၀၂၃ ခုနှစ် ဒုတိယရာသီတွင် ဆီဖူလုံမှုအပြည့်အဝရရှိမည်ဟု နစက ဥက္ကဋ္ဌပြော

ပြည်ထောင်စုအစိုးရအဖွဲ့ လုပ်ငန်းဆောင်ရွက်ချက်များနှင့်စပ်လျင်းသည့် ညှိနှိုင်းအစည်းအဝေးအား သြဂုတ် ၈ ရက်က နေပြည်တော်၌ပြုလုပ်စဥ် နစက ဥက္ကဋ္ဌကပြောကြားခဲ့ခြင်းဖြစ်သည်။

ပြည်တွင်း၌ ဆန်၊ ပဲ၊ ပြောင်း သီးနှံများဖူလုံလျက်ရှိကာ ဆီထွက်သီးနှံဖြစ်သည့် မြေပဲနှင့်နှမ်းများကိုလည်း ပြည်ပသို့တင်ပို့နေရသည်ဟု ပြောသည်။

“အဲဒီလိုတင်ပို့နေရပေမယ့် ပြည်ပကစားသုံးဆီတွေကို ပြန်ပြီးတင်သွင်းနေရပါတယ် မြန်မာနိုင်ငံမှာ ဆီအုန်းစိုက်ဧက ၄ သိန်းလောက်ရှိတယ် ဒါပေမယ့် အိမ်နီးချင်းနိုင်ငံတွေနဲ့ယှဉ်ရင် ဆီအုန်းအထွက်နှုန်း အလွန်နည်းနေတာကို တွေ့ရပါတယ်”ဟု နစက ဥက္ကဋ္ဌကပြောသည်။

ထို့ကြောင့် ဆီထွက်သီးနှံ စိုက်ပျိုးထုတ်လုပ်မှုသည် နိုင်ငံတကာနှင့်ယှဉ်ပါက နည်းနေသဖြင့် စိုက်ပျိုးထုတ်လုပ်မှုပန်းတိုင်ရည်မှန်းချက်ပြည့်မီရန် ဆောင်ရွက်သွားရမည်ဟု ပြောသည်။

“ဒါမှသာ ပြည်တွင်းဆီဖူလုံမှု အထိုက်အလျောက် ရှိလာမှာဖြစ်သလို ဆီထွက်သီးနှံ စိုက်ပျိုး ထုတ် လုပ်မှုကို သေသေချာချာ ထိထိရောက်ရောက် ဆောင်ရွက်ရင် ၂၀၂၃ ခုနှစ် ဒုတိယရာသီ ဆီထွက်သီးနှံစိုက်ပျိုးပြီးချိန်မှာ ဆီဖူလုံမှုအပြည့်အဝရရှိလာနိုင်မယ်လို့ မျှော်မှန်းထားပါတယ် ဒါ့အပြင် ပြည်ပကတင်သွင်းမှုတွေကိုလည်း လျော့ချနိုင်မှာပါ”ဟု နစက ဥက္ကဋ္ဌကပြောသည်။

အလားတူ တနင်္သာရီတိုင်းတွင် ဆီဖူလုံမှုရှိရန်ဆောင်ရွက်နိုင်ပြီး မွန်ပြည်နယ်သို့ အဓိကဖြည့် တင်းပေးရန်လိုကာ အခြားတိုင်းနှင့်ပြည်နယ်များအတွက်လိုအပ်သည့် စားသုံးဆီလိုအပ်ချက်အား နေကြာ၊ နှမ်း၊ ပဲ၊ ပန်းနှမ်း၊ ပဲပုတ် ဆီတို့ဖြင့် ဖြည့် ဆည်းသွားနိုင်သည်ဟု ပြောသည်။

ထို့အတူ စွမ်းအင်ကဏ္ဍနှင့်ပတ်သက်၍ အမေရိကန်ဒေါ်လာ ၁ ဒသမ ၃ ဘီလီယံခန့် ပြည်ပမှရေနံနှင့်ရေနံထွက်ပစ္စည်းများအား တင်သွင်းနေရသဖြင့် ပြည်ပမှတင်သွင်းမှုကို လျှော့ချသွားရန်လိုသည်ဟု ပြောသည်။

“ပြည်တွင်းမှာ အထိုက်အလျောက်ရေနံထွက်ပြီး တချို့ဒေသတွေမှာ တွင်းတိမ်ရေနံတူးဖော်တာကို စနစ်တကျဖြစ်ဖို့လိုပါတယ် ရေနံထုတ်လုပ်မှုလုပ်ငန်းတွေကို တိုင်းပြည်အတွက်အကျိုးရှိအောင် စနစ်တကျကြပ်မတ်ဆောင်ရွက်သွားဖို့လိုပါတယ်”ဟု နစက ဥက္ကဋ္ဌကမှာကြားခဲ့သည်။


LEAVE A REPLY

Please enter your comment!
Please enter your name here