ထရမ့်၏ အိမ်အား FBI ဝင်ရောက်စီးနင်း

0
261

ထရမ့်၏ အိမ်အား FBI ဝင်ရောက်စီးနင်း

FBI သည် သူ၏ အမေရိကန်ပြည်ထောင်စု၊ ဖလော်ရီဒါပြည်နယ်ရှိ သူ၏ Mar-a-Lago စံအိမ်ကို တနင်္လာနေ့က ဝင်ရောက်စီးနင်းခဲ့ကြောင်း သမ္မတဟောင်း ဒေါ်နယ်ထရမ့်ကပြောသည်။

“ဖလော်ရီဒါပြည်နယ် Palm Beach ရှိ ကျွန်ုပ်၏ လှပသောအိမ်ကြီးကို FBI အေးဂျင့်အုပ်စုကြီးက ဝင်ရောက်စီးနင်းရှာဖွေခဲ့ခြင်းက လက်ရှိအချိန်များသည် ကျွန်ုပ်တို့နိုင်ငံအတွက် အမှောင်ကာလဖြစ်သည်”ဟု ထရမ့်က သူ၏ ရှည်လျားသော အီးမေးထုတ်ပြန်ချက်တွင် ထည့်သွင်းရေးသားဖော်ပြခဲ့သည်။ အမေရိကန်သမိုင်းတွင် မကြုံစဖူးသော စီးနင်းရှာဖွေမှုမှာ နိုင်ငံရေးအရ လှုံ့ဆော်မှုဟုလည်း ထရမ့်ကဆိုသည်။

FBI အေးဂျင့်အုပ်စုက ထရမ့်၏ အိမ်ကို ဝင်ရောက်စီးနင်းခဲ့ကာ သူ၏ မီးခံသေတ္တာကိုပါ ဖွင့်ဖောက်ရှာဖွေခဲ့ကြောင်း ထရမ့်ကပြောသည်။

အဆိုပါ စီးနင်းရှာဖွေမှုသည် ထရမ့်သမ္မတလက်ထက်က အစိုးရစာရွက်စာတန်းများအား စုံစမ်းစစ်ဆေးမှုနှင့် ဆက်စပ်နေကြောင်း သတင်းရရှိသည်။

သို့ရာတွင် ထိုသို့စီးနင်းရှာဖွေခွင့် ဝရမ်းကို ထိုနေ့ ဒေသစံတော်ချိန် ၁၀ နာရီမတိုင်မီ Secret Service အထူးထောက်လှမ်းရေးအဖွဲ့သို့ လျှို့ဝှက်အကြောင်းကြားခဲ့ကြောင်း၊ သေတ္တာအချို့ကို သိမ်းဆည်းရမိခဲ့ကြောင်း၊ တံခါးများကိုချိုးဖျက်ခြင်းမရှိခဲ့ကြောင်းနှင့် စီးနင်းမှုမှာ မွန်းလွဲပိုင်းနှောင်းပိုင်းတွင် ပြီးစီးခဲ့ကြောင်း အမည်မဖော်လိုသူ ဥပဒေအရာရှိတစ်ဦးကပြောသည်။

Ref: FBI searches Trump’s Mar-a-Lago estate in Florida, former president says


LEAVE A REPLY

Please enter your comment!
Please enter your name here