စံချိန်တင် မိုးရွာသွန်းမှုကြောင့် မြို့တော်ဆိုးလ်တွင် လူ ၈ ဦး ထက်မနည်းသေဆုံး

0
249

စံချိန်တင် မိုးရွာသွန်းမှုကြောင့် မြို့တော်ဆိုးလ်တွင် လူ ၈ ဦး ထက်မနည်းသေဆုံး

ဆိုးလ်၊ ဩဂုတ် ၉ ရက်

တောင်ကိုရီးယားနို င်ငံ၏မြို့တော်ဆိုးလ် အနီးတစ်ဝိုက်တွင် မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် ဓာတ်အားများ ပြတ်တောက်၊ မြေပြိုမှုများ ဖြစ်ပွားကာ လမ်းများနှင့် မြေအောက်ရထားများ နစ်မြုပ်သွားခဲ့ပြီးတစ်ညတည်းတွင်လူရှစ်ဦးထက်မနည်းသေဆုံးကြောင်း အာဏာပိုင်များက ဩဂုတ်လ ၉ ရက် အင်္ဂါနေ့တွင် ပြောကြားခဲ့သည်။

ဆိုးလ်မြို့တောင်ပိုင်း၌ တနင်္လာနေ့ ညပိုင်းတွင် တစ်နာရီလျှင် မိုးရေချိန် မီလီမီတာတစ်ရာကျော်နှင့် မြို့တော်၏ အချို့နေရာများတွင် မိုးရေချိန် ၁၄၁ ဒသမ ၅ မီလီမီတာ ရွာသွန်းခဲ့ပြီး ဆယ်စုနှစ်များအတွင်း အဆိုးရွားဆုံး မိုးရေချိန်မှတ်တမ်းဝင်ခဲ့ကြောင်း ကိုရီးယား မိုးလေဝသညွှန်ကြားမှုဦစီးဌာန (KMA)က ဖော်ပြထားသည်။

အင်္ဂါနေ့ နံနက်အစောပိုင်း၌ ဆိုးလ်တွင် အနည်းဆုံး လူငါးဦးနှင့် အိမ်နီးချင်း Gyeonggi ပြည်နယ်တွင် သုံးဦး သေဆုံးခဲ့ကြောင်း ဗဟိုဘေးအန္တရာယ်နှင့် ဘေးကင်းရေး တုန့်ပြန်ဆောင်ရွက်မှုဌာနချုပ်ကပြောကြားခဲ့သည်။

ရေမြုပ်နေသည့် အဆောက်အအံုအတွင်း ရေနစ်သေဆုံးသူ လေးဦး၊ ဘတ်စ်ကားမှတ်တိုင်၏ အပျက်အစီးအောက်တွင် သေဆုံးနေသူ တစ်ဦး၊ မြေပြိုမှုကြောင့် သေဆုံးသူနှစ်ဦးနှင့် ဓာတ်လိုက်ခံရမှုကြောင့် သေဆုံးသည်ဟု ယူဆရသူ တစ်ဦး စုစုပေါင်း ၈ ဦး သေဆုံးသွားခဲ့ကြောင်း သိရသည်။

စာရင်းများအရ အဆောက်အအုံ ၇၆၅ လုံးထက်မနည်း ပျက်စီးခဲ့ပြီး အဝေးပြေးလမ်းနှင့် လမ်း ၅၂ ခုခန့် ပိတ်ဆို့ထားကြောင်း သိရသည်။

ဆိုးလ်မြို့အနီးနားတဝိုက်တွင် လူပေါင်း ၃၉၁ ဦးသည် မိုးသည်းထန်စွာရွာသွန်းမှုဒဏ်ကို ခံစားနေရသဖြင့် အများစုမှာ ဒေသတွင်းကျောင်းများနှင့် အားကစားခန်းမများတွင် စခန်းချတည်းခိုနေရပြီး အခြား‌ေသာလူ ၃၉၉ ဦးမှာမု ရပ်ရွာစင်တာများနှင့် စာသင်ကျောင်းများသို့ ခေတ္တရွှေ့ပြောင်းထားရကြောင်း သိရသည်။

သမ္မတ ယွန်းဆော့ယို က အရေးပေါ် တုံ့ပြန်ရေး အစည်းအဝေးကို ဥက္ကဋ္ဌအဖြစ် ဦးဆောင်ကျင်းပခဲ့ပြီး အသေအပျောက်များကို တားဆီးကာကွယ်ရန်နှင့် ရေလွှမ်းမိုးနေသော နေရာများကို လျင်မြန်စွာ ထိန်းချုပ်ကာ ပြန်လည်ထူထောင်ရန် အာဏာပိုင်များကို အမိန့်ပေးခဲ့ကြောင်း သဘာဝဘေး ဌာနချုပ်က ပြောကြားခဲ့သည်။

တောင်ကိုရီးယားနိုင်ငံ၏ အလယ်ပိုင်းဒေသတွင် အနည်းဆုံး ဗုဒ္ဓဟူးနေ့အထိ မိုးသည်းထန်စွာ ရွာသွန်းမည်ဟု KMA က ခန့်မှန်းထားသည်။

Source: Reuters


LEAVE A REPLY

Please enter your comment!
Please enter your name here