ဒေါ်လာ ၁၅၀ အောက်တန်ဖိုးရှိတရုတ်ဖုန်းများရောင်းချမှု အိန္ဒိယပိတ်ပင်မည်

0
169

ဒေါ်လာ ၁၅၀ အောက်တန်ဖိုးရှိတရုတ်ဖုန်းများရောင်းချမှု အိန္ဒိယပိတ်ပင်မည်

ပြည်တွင်းစီးပွားရေးလုပ်ငန်းများ၏ အခွင့်အလမ်းများကိုတိုးမြှင့်နိုင်ရန် အိန္ဒိယတွင် တရုတ်ကုမ္ပဏီများ၏ ဒေါ်လာ ၁၅၀ (ရူပီး ၁၂,၀၀၀) အောက် ဖုန်းဈေးကွက်ကိုထိန်းချုပ်ရန်ကြိုးစားနေသည်ဟု အမည်မဖော်လိုသည့် သတင်းရင်းမြစ်များကို ကိုးကား၍ Bloomberg သတင်းဌာနက တနင်္လာနေ့တွင်ဖော်ပြခဲ့သည်။ထိုပြောင်းလဲမှုသည် Xiaomi နှင့် Realme ကဲ့သို့သော တရုတ်စီးပွားရေးလုပ်ငန်းများကိုဆိုးရွားစွာထိခိုက်စေမည်ဖြစ်သည်။

အိန္ဒိယတွင်တရုတ်ဖြစ် Realme နှင့် Transsion ကဲ့သို့သော မိုလ်ဘိုင်းအမှတ်တံဆိပ်များသည် အသုံးပြုသူများသဖြင့် ပြည်တွင်းထုတ်လုပ်မှုများကို ထိခိုက်‌ေန၍ ယခုကဲ့သို့သတ်မှတ်ရခြင်းဖြစ်သည်ဟု Bloomberg ကဆိုသည်။

တရုတ်နိုင်ငံပြီးလျှင် လူဦး‌ရေ ၁ ဒသမ ၃ ဘီလီယံရှိသည့် တောင်အာရှနိုင်ငံသည် စမတ်ဖုန်းများ၏အကြီးဆုံးဈေးကွက်တစ်ခုဖြစ်သဖြင့်ယခုအချိန်တွင် တရုတ်သည် အိန္ဒိယဈေးကွက်ကိုလက်မလျှော့လိုသေးပေ။

တရုတ်စမတ်ဖုန်းထုတ်လုပ်သူများသည်​စျေးကွက်​ဝေစု ၈၀ ရာခိုင်နှုန်းကိုပိုင်ဆိုင်ထားကြသည်။Xiaomi နှင့် ၎င်း၏ပြိုင်ဘက်များဖြစ်သော Oppo နှင့် Vivo တို့သည်နူးဒေလီ၏ ပြင်းထန်သော ဘဏ္ဍာရေးစစ်ဆေးမှုကိုခံနေရသည်ဟုဆိုသည်။

Apple Inc နှင့် Samsung Electronics ကုမ္ပဏီတို့ကမူ ၎င်းတို့၏ဖုန်းများအတွက် အခွန်ပိုမိုပေးသွင်းထားသောကြောင့် ယခုပြောင်းလဲမှုသည် ၎င်းတို့အပေါ် သက်ရောက်မှုမရှိစေလိုကြောင်းဆိုကြသည်။

Source – Wio News


LEAVE A REPLY

Please enter your comment!
Please enter your name here