YBS ယာဥ်မောင်း ၈၀ ဦးအား သြဂုတ် ၂၆ ရက်တွင် ဂုဏ်ပြုဆုချီးမြှင့်မည်

0
134

YBS ယာဥ်မောင်း ၈၀ ဦးအား သြဂုတ် ၂၆ ရက်တွင် ဂုဏ်ပြုဆုချီးမြှင့်မည်

ရန်ကုန်တိုင်းအတွင်းပြေးဆွဲပေးလျက်ရှိသည့် YBS ခရီးသည်တင်ယာဥ်များမှ YBS ယာဥ်မောင်းများအနက် ယာဥ်မောင်း ၈၀ ဦးအားရွေးချယ်၍ သြဂုတ် ၂၆ ရက်တွင် ဂုဏ်ပြုဆုချီးမြှင့်သွားမည်ဟု YRTC မှသိရသည်။

အဆိုပါ ဂုဏ်ပြုဆုချီးမြှင့်ခံရမည့် YBS ယာဥ်မောင်းများအား လက်ရှိ ပြေးဆွဲလျက်ရှိသည့် YBS ယာဥ်လိုင်းပေါင်း ၂၀ မှစည်းကမ်းပိုင်းနှင့် ဝန်ဆောင်မှုကောင်းမွန်သည့် ယာဉ်လိုင်းများရှိ ကုမ္ပဏီတစ်ခုလျှင် ယာဉ်မောင်း ၃ ဦးကျ ရွေးချယ်၍ ယာဉ်မောင်း ၆၀ ဦးအား တစ်ဦးလျင် ဂုဏ်ပြုဆုငွေ ၃ သိန်းကျပ်ဆီချီးမြှင့်ပေးသွားမည်ဖြစ်သည်။

အလားတူ အကျင့်စာရိတ္တကောင်းမွန်မှုအဖြစ် ခရီးသည်များကျန်ခဲ့သည့် တန်ဖိုးကြီးပစ္စည်းနှင့်ငွေကြေးများအား လက်ဝယ်အရောက်ပြန်လည်ပေးအပ်ခဲ့သည့် ယာဉ်မောင်း ၂၀ ဦးကိုလည်း ဂုဏ်ပြုဆုချီးမြှင့်ပေးသွားမည်ဖြစ်သည်။

အဆိုပါ ဂုဏ်ပြုဆုချီးမြှင့်ရန် ရန်ကုန်တိုင်းဒေသကြီးပုဂ္ဂလိကသယ်ယူပို့ဆောင်ရေးကြီးကြပ်မှုကော်မတီ(YRTC )မှ ပို့ဆောင်ရေးဌာန(မြို့တွင်း)၊ ‘ဂ’စင်းလုံးငှားဌာန၊ ‘ဃ’ ပဋိဉာဉ်ဌာန၊စည်းကမ်းထိန်းသိမ်းရေးနှင့်စစ်ဆေးရေးဌာန၊အဝေးပြေး ခရီးသည်သယ်ယူပို့ဆောင်ရေးဌာနနှင့်ကုန်စည်ကြီးကြပ်မှုဌာနတို့ဖွဲ့စည်း၍ စည်းကမ်းလိုက်နာသည့် ယာဉ်မောင်းများအား အမှတ်ပေးစနစ်ဖြင့် ရွေးချယ်ခဲ့ခြင်းဖြစ်သည်။

YRTC မှ ခရီးသွားများ ဘေးအန္တရာယ်ကင်းရှင်းရေး၊ယာဉ်စီးခပိုမိုကောက်ခံသည့် ယာဉ်လိုင်းများ အားစုံစမ်းစစ်ဆေးရေး၊စည်းကမ်းဖောက်ဖျက်သည့် ကားများအား CNG ပိတ်သိမ်းရေးတို့ကို သတ် မှတ်ထားသော စည်းကမ်းချက်များနှင့်အညီ အ ရေးယူဆောင်ရွက်လျက်ရှိသည်။

ပုံစာ _ရန်ကုန်တိုင်းဒေသကြီးပုဂ္ဂလိကသယ်ယူပို့ဆောင်ရေးကြီးကြပ်မှုကော်မတီ (YRTC) နှင့် ပြည်တွင်းမီဒီယာများတွေ့ဆုံပွဲအခမ်းအနား ကျင်းပစဉ်

 

 


LEAVE A REPLY

Please enter your comment!
Please enter your name here