ရခိုင်ပြည်နယ်နှင့်ချင်းပြည်နယ်တို့ရှိ မြို့နယ် ၃ ခုတွင်တာဝန်ထမ်းဆောင်နေသည့် နိုင်ငံ့ဝန်ထမ်းများအား မူရင်းလစာ၏ ၂ ဆကိုဆက်လက်ခံစားခွင့်ပြု

0
172

ရခိုင်ပြည်နယ်နှင့်ချင်းပြည်နယ်တို့ရှိ မြို့နယ် ၃ ခုတွင်တာဝန်ထမ်းဆောင်နေသည့် နိုင်ငံ့ဝန်ထမ်းများအား မူရင်းလစာ၏ ၂ ဆကိုဆက်လက်ခံစားခွင့်ပြု

ပြည်ထောင်စုအစိုးရအဖွဲ့အစည်းအဝေးအမှတ်စဥ်(၄/၂၀၂၂)၏ ခွင့်ပြုချက်ဖြင့် အမိန့်ကြော်ငြာစာအမှတ်(၆၂/၂၀၂၂)နှင့်(၆၃/၂၀၂၂)တို့ဖြင့် စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာနက ထုတ်ပြန်ကြေ ညာခဲ့ခြင်းဖြစ်သည်။

ရခိုင်ပြည်နယ်နှင့်ချင်းပြည်နယ်တို့ရှိ မောင်တောမြို့နယ်၊ဘူးသီးတောင်မြို့နယ်၊ပလက်ဝမြို့နယ်တို့တွင် တာဝန်ထမ်းဆောင်နေသည့် နိုင်ငံ့ဝန်ထမ်းများအား ၎င်းတို့ရရှိသည့် မူရင်းလစာ၏ ၂ ဆအားအထူးကိစ္စအနေဖြင့် ဆက်လက်ခံစားခွင့်ပြုခဲ့ကြောင်း သိရသည်။

ထိုသို့ ဆက်လက်ခံစားခွင့်ပြုရာတွင် ယင်း ဒေသများ၏လက်ရှိအခြေအနေအရ ဇူလိုင်၊သြဂုတ်နှင့်စက်တင်ဘာလများအတွက် ဆက်လက်ခံစားခွင့်ပြုခဲ့ခြင်းဖြစ်သည်။

အလားတူ မောင်တောမြို့နယ်နှင့်ဘူးသီးတောင်မြို့နယ်တို့တွင် တာဝန်ထမ်းဆောင်နေသည့် နေ့ စားအလုပ်သမားများကိုလည်း ယင်း ဒေသများ ၏ လက်ရှိအခြေအနေအရ ဇူလိုင်၊ သြဂုတ်နှင့်စက်တင်ဘာလများအတွက် တစ်ရက်လုပ်ခ ငွေကျပ် ၆၅၀၀ နှုန်းအား အထူးကိစ္စအနေဖြင့်ဆက် လက်ခံစားခွင့်ပြုခဲ့ကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here