မဟာအောင်မြေမြို့နယ်ရှိ ဘုရားဝင်းအတွင်း၌ လက်လုပ်ဗုံးပေါက်ကွဲမှုဖြစ်ပွား ၂ ဦးဒဏ်ရာရ

0
273

မဟာအောင်မြေမြို့နယ်ရှိ ဘုရားဝင်းအတွင်း၌ လက်လုပ်ဗုံးပေါက်ကွဲမှုဖြစ်ပွား ၂ ဦးဒဏ်ရာရ

မန္တလေးတိုင်း၊မဟာအောင်မြေမြို့နယ်၊ရတနာဘုမ္မိအနောက်ရပ်ကွက်၊ ၃၆ လမ်း၊ ၈၄ လမ်းနှင့် ၈၅ လမ်းကြားရှိ ဒဟတ္တောဘုရားဝင်းအတွင်း၌ သြဂုတ် ၁၀ ရက်(ယနေ့)နံနက်ပိုင်းက လက်လုပ်ဗုံးပေါက်ကွဲမှုဖြစ်ပွားခဲ့ကြောင်း သိရသည်။

ယနေ့နံနက် ၈ နာရီခွဲကျော်က အမည်မသိအမျိုးသား ၂ ဦးမှဆိုင်ကယ်ဖြင့်မောင်းနှင်လာကာ ဒဟတ္တောဆုတောင်းပြည့်မြတ်စွာဘုရားဝင်းအတွင်းသို့ လက်လုပ်ဗုံးဖြင့်ပစ်ပေါက်၍ ၃၆ လမ်းအတိုင်း အနောက်ဘက်သို့ မောင်းနှင်ထွက်ပြေးသွားခဲ့ကြောင်း သိရသည်။

လက်လုပ်ဗုံးသည် ဒဟတ္တောကျောင်းတိုက်ဝင်းအတွင်းရှိ လုံခြုံရေးတာဝန်ထမ်းဆောင်နေသည့် လုံခြုံရေးအဖွဲ့ဝင်များရှိသည့် ဘန်ကာအတွင်းသို့ ကျရောက်ပေါက်ကွဲခဲ့ကြောင်း သိရသည်။

ဖြစ်စဥ်ကြောင့် လုံခြုံရေးအဖွဲ့ဝင်တစ်ဦးနှင့်ရဲတပ်ဖွဲ့ဝင်တစ်ဦးတွင် ဗုံးစထိမှန်ဒဏ်ရာများရရှိခဲ့သဖြင့် ဆေးကုသမှုခံယူရန် ဆေးရုံသို့ပို့ဆောင်ခဲ့ကြကြောင်း သိရသည်။

အခင်းဖြစ်နေရာအား လုံခြုံရေးအဖွဲ့ဝင်များက စစ်ဆေးပြီးနောက် ပြစ်မှုကျူးလွန်သူများအား ဖမ်းဆီးရမိရေးအတွက် ပိတ်ဆို့ရှာဖွေစစ်ဆေးမှုများပြုလုပ်လျက်ရှိကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here