စိုင်ရို့ခရိုင်၌ ယာဥ်တိမ်းမှောက်မှုဖြစ်စဥ်တွင် သေ ဆုံးသွားသည့် မြန်မာနိုင်ငံသား ၄ ဦးအတွက် လျော်ကြေးငွေ ဘတ် ၂ သန်းရရှိ

0
139

စိုင်ရို့ခရိုင်၌ ယာဥ်တိမ်းမှောက်မှုဖြစ်စဥ်တွင် သေ ဆုံးသွားသည့် မြန်မာနိုင်ငံသား ၄ ဦးအတွက် လျော်ကြေးငွေ ဘတ် ၂ သန်းရရှိ

ထိုင်းနိုင်ငံ၊စိုင်ရို့ခရိုင်တွင် ဖြစ်ပွားခဲ့သည့် ယာဥ်တိမ်းမှောက်မှုဖြစ်စဥ်၌ သေဆုံးသွားသည့် မြန်မာ နိုင်ငံသား ၄ ဦးအတွက် လျော်ကြေးငွေ ဘတ် ၂ သန်းအား သြဂုတ် ၁၀ ရက်က လက်ခံရရှိခဲ့ကြောင်း ထိုင်းနိုင်ငံဆိုင်ရာ မြန်မာအလုပ်သမားသံအရာရှိရုံးမှ သိရသည်။

ယာဥ်တိမ်းမှောက်မှုဖြစ်စဥ်၌ သေဆုံးသွားသူများအား လျော်ကြေးငွေရရှိရန် မြန်မာနိုင်ငံသားဟုတ်၊မဟုတ်အား အလုပ်သမားသံအရာရှိရုံးမှ စစ်ဆေးမှုများပြုလုပ်ခဲ့ကြသည်။

ထိုသို့ စစ်ဆေးပြီးနောက် မြန်မာနိုင်ငံသားဟုတ် မှန်ကြောင်း အထောက်အထားပြည့်စုံသည့် ၄ ဦးအတွက် တစ်ဦးလျင် လျှော်ကြေးငွေ ၅ သိန်းစီအား လက်ခံရရှိခဲ့ခြင်းဖြစ်သည်။

ထို့ကြောင့် လျော်ကြေးငွေရရှိခဲ့သည့် ဖြူးမြို့နယ်နေသူများဖြစ်သည့် မောင်သက်နိုင်ဖြိုး(၂၀ နှစ်)၊မောင်နိုင်ဝင်းစိုး(၃၃ နှစ်)၊ရသေ့တောင်မြို့နယ်နေသူများဖြစ်သည့် ဦးအောင်ရွှေဝင်း(၃၈ နှစ်)၊မခင်မာနွယ်(၂၇ နှစ်)တို့၏ မိသားစုဝင်များထံသို့ လွှဲ ပြောင်းပေးအပ်သွားရန် အလုပ်သမားသံအရာရှိရုံးက ဆောင်ရွက်လျက်ရှိသည်။

အလားတူ အထောက်အထားပြည့်စုံရွာမရရှိသေးသည့် ပျဥ်ပုံကြီးနေ မအိဖြူအောင်(၂၆ နှစ်)အ တွက် လျော်ကြေးငွေရရှိရန်လည်း အထောက်အ ထားပြည့်စုံရန် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here