နူးယော့ခ်၌ ယာဉ်ကြောပိတ်ဆို့မှုလျှော့ချရန် အခွန်တိုးကောက်မည်

0
237

နူးယော့ခ်၌ ယာဉ်ကြောပိတ်ဆို့မှုလျှော့ချရန် အခွန်တိုးကောက်မည်

နူးယော့ခ်၊ဩဂုတ် ၁၀

နူးယော့ခ်သည် လာမည့်နှစ်နှောင်းပိုင်းတွင် ယာဉ်မောင်းများအားတစ်ရက်လျှင် ၂၃ ဒေါ်လာအထိ လမ်းခွန်တိုးမြှင့်ကောက်ခံ၍ ယာဉ်အစီးရေ‌ လျော့ကျ‌ စေခြင်းဖြင့် ယာဉ်ကြောပိတ်ဆို့မှုကို ထိန်းသိမ်းနိုင်ရန်ကြိုးပမ်းမည်ဟုဆိုသည်။

ဗုဒ္ဓဟူးနေ့ကထုတ်ပြန်ခဲ့သည့် လေ့လာမှုတစ်ခုအရ ယခုအစီအစဉ်ကြောင့် မန်ဟက်တန်သို့ ဝင်ရောက်သည့် ကားအရေအတွက်ကို ၁၅ ရာခိုင်နှုန်းမှ ၂၀ ရာခိုင်နှုန်းအထိ လျှော့ချနိုင်မည်ဟုခန့်မှန်းထားကြသည်။

မြို့တော်အနေဖြင့် စီးပွားရေးအချက်အချာကျသော ခရိုင်အတွင်းသို့မဟုတ် မန်ဟက်တန်မြို့လယ်ရှိ 60th Street နှင့် တောင်ဘက်စွန်းရှိ Battery Park အကြားဝင်ရောက်ခြင်း နှင့် ကျန်ရှိနေသော ယာဉ်များအတွက် ပုံသေမဟုတ်သော အခကြေးငွေကိုကောက်ခံသွားမည်ဟုသတ်မှတ်ထားသည်။

၂၀၀၃ ခုနှစ်တွင် အလားတူကောက်ခံမှုမျိုး က်ိုလန်ဒန်ကစတင်ခဲ့ရာယခုအခါ အမေရိက၏ အသွားအလာအစည်ကားဆုံးဖြစ်သော နူးယော့ခ်မြို့သည် ယခုကဲ့သို့ ကောက်ခံရန် သတ်မှတ်သည့်ဒုတိယ‌ မြောက်မြို့ဖြစ်လာမည်ဖြစ်သည်။

နူးယော့ခ်ဥပဒေပြုအမတ်များသည် အဆိုပါအစီအစဉ်ကို ၂၀၁၉ ခုနှစ်က အတည်ပြုခဲ့ပြီး ၂၀၂၁ တွင် စတင်ရန်မူလကခန့်မှန်းထားသော်လည်း သမ္မတ‌ဒေါ်နယ်ထရမ့်၏ လက်အောက်ရှိဖက်ဒရယ်အစိုးရသည် အကောင်အထည်ဖော်မ‌ေဖါ်ခဲ့ပေ။

“ယခုကဲ့သို့ကန့်သတ်လိုက်ခြင်းသည် သဘာဝပတ်ဝန်းကျင်အတွက် ကောင်းမွန်ကာ အများသူငှာသွားလာရေး အဆင်ပြေစေပြီးနူးယော့ခ် နှင့် ဒေသတွင်းအတွက် ကောင်းမွန်သည်” ဟု MTA အမှုဆောင်အရာရှိချုပ် Janno Lieber ကပြောကြားခဲ့သည်။

ခရီးသည်တင်ယာဉ်၏ ယာဉ်မောင်းများသည် လမ်းအသုံးပြုမှုအများဆုံးအချိန်များတွင် ဝင်ရောက်လိုပါက ၉ ဒေါ်လာမှ ၂၃ ဒေါ်လာအထိ ပေးဆောင်ရပြီး ညအချိန်၌‌ ပေးရမည့် အခွန်မှာ ၅ ဒေါ်လာအထိ နည်းပါးကြောင်းသိရသည်။

ဗုဒ္ဓဟူးနေ့ကထုတ်ပြန်သော သဘာဝပတ်ဝန်းကျင်ဆိုင်ရာ အကဲဖြတ်မှုအရ အဆိုပါကောက်ခံမှုသည် ယာဉ်ကြောပိတ်ဆို့မှုကို ဖြတ်တောက်နိုင်ခြင်း၊လေထုအရည်အသွေးကို မြှင့်တင်ပေးခြင်း၊ ဘတ်စ်ကားများကို ပိုမိုယုံကြည်စိတ်ချ‌ရစေပြီးအသုံးပြုမှု ၁ သို့မဟုတ်၂ ရာခိုင်နှုန်းတိုးလာမည်ကိုတွေ့ရှိခဲ့သည်။ 

ယခုမူဝါဒသည် တစ်နှစ်လျှင် ဒေါ်လာ ၁ ဘီလီယံ မှ ၁ ဒသမ ၅ ဘီလီယံအထိရရှိစေမည်ဖြစ်ပြီး သယ်ယူပို့ဆောင်ရေး တိုးတက်မှုအတွက် ကြွေးမြီဘဏ္ဍာရေးငွေ ၁၅ ဘီလီယံကိုရရှိရန်ပံ့ပိုးပေးနိုင်မည်ဖြစ်သည်။

Source – Reuters


LEAVE A REPLY

Please enter your comment!
Please enter your name here