အိန္ဒိယ၏ ဝယ်လိုအား မြင့်တက်လာမှုကြောင့် မတ်ပဲနှင့် ပဲစဉ်းငုံ ဈေးနှုန်း အတက်ဘက်သို့ ဦးတည်လာ

0
303

အိန္ဒိယ၏ ဝယ်လိုအား မြင့်တက်လာမှုကြောင့် မတ်ပဲနှင့် ပဲစဉ်းငုံ ဈေးနှုန်း အတက်ဘက်သို့ ဦးတည်လာ

အိန္ဒိယက မတ်ပဲ ဝယ်လိုအား မြင့်လာသည့်အတွက် မတ်ပဲနှင့် ပဲစဉ်းငုံဈေးနှုန်း အတက်ဘက်သို့ ဦးတည်လာကြောင်း ပြည်တွင်း ပဲဈေးကွက်အတွင်းမှ သိရသည်။

အိန္ဒိယနိုင်ငံအတွင်း မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် ပဲစဉ်းငုံနှင့် မတ်ပဲစိုက်ဧက အချို့ ရေနစ်မြုပ်ပျက်စီးမှုများရှိနေသည့်အတွက် ဝယ်လိုအား မြင့်တက်လာနိုင်ခြေရှိကြောင်း သုံးသပ်မှုများရှိနေသည်။

ဩဂုတ်လ (၁၀) ရက်ပေါက်ဈေးအရ မတ်ပဲ (FAQ/RC) (2022 Crop) (၁) တန်လျင် ၁၇၉၂၀၀၀ ကျပ်၊(SQ/RC) (2022 Crop) (၁) တန်လျင် ၂၁၀၂၀၀၀ ကျပ်နှင့် ပဲစဉ်းငုံ(Red/RC) (2022 Crop) (၁) တန်လျင် ၁၈၉၅၀၀၀ ကျပ် ပေါက်ဈေး ရှိကြောင်း သိရသည်။

ပြီးခဲ့သည့် လဆန်းပိုင်းအတွင်းက ဖြစ်ပေါ်ခဲ့သည့်ဒေါ်လာဈေးနှုန်း မတည်ငြိမ်မှုကြောင့် အိန္ဒိယ၏ မြန်မာနိုင်ငံမှ မတ်ပဲနှင့် ပဲမျိုးစုံ ဝယ်လိုအား ကျဆင်းခဲ့သည့်အတွက် မတ်ပဲနှင့် ပဲစဉ်းငုံဈေးနှုန်း အကျဘက်သို့ ရောက်ခဲ့သော်လည်း ငွေကြေး‌ ဈေးနှုန်း တည်ငြိမ်စပြုလာပြီဖြစ်သဖြင့် ပဲ ဝယ်လိုအားလည်း ပြန်လည် မြင့်တက်လာမည့် အခြေအနေရှိနေကြောင်း သိရသည်။

” မတ်ပဲရော ပဲစဉ်းငုံရောက ဈေးနှုန်း အတက်ဘက်ကို သွားနေတယ်။ ဒီလထဲ ဝယ်လိုအား နည်းနည်း မြင့်လာတယ် ။ ပြီးခဲ့တဲ့ လကုန်ပိုင်းနဲ့ ဒီဘက်လဆန်းပိုင်းမှာ အဝယ်နည်းနည်းအေးတယ်။ နောက်တစ်ခုက သူတို့ဆီမှာ မိုးများပြီး စိုက်ဧက အချို့ ပျက်စီးကုန်တာလည်းပါတယ် ။ ပြီးတော့ ပဲ လက်ကျန် နည်းနေတာလည်း ပါတာပေါ့။ ထပ် တက်ဦးမယ့် သဘောတော့ ရှိပါတယ်” ဟု အိန္ဒိ ယသို့ မတ်ပဲနှင့် ပဲစဉ်းငုံ တင်ပို့နေသည့် စစ်ကိုင်းတိုင်းအ တွင်းမှ ပဲကုန်သည် တစ်ဦးက ပြောသည်။

အိန္ဒိယ အစိုးရအနေဖြင့် လက်ရှိတွင် နိုင်ငံတွင်းက ပဲတင်သွင်းသူ ကုန်သည်များနှင့် ရောင်း လက်များထံက မတ်ပဲ တန်ချိန် (၂၀၀၀) ကျော် ဝယ်ယူရန် တင်ဒါခေါ်ယူထားပြီး ရောင်းချလိုသူများအနေဖြင့် ယခုလ(၁၇) ရက်နောက်ဆုံးထား စရင်းပေးသွင်းရမည်ဖြစ်ကြောင်းလည်း အိန္ဒိယသ တင်းရင်းမြစ်များ၏ ပြောစကားကို ကိုးကားပြီး အဆိုပါ ကုန်သည်က ပြောသည်။

ပြီးခဲ့သည့် ဇူလိုင်လကုန်ပိုင်းနှင့် ဩဂုတ်လအစောပိုင်းတွင် (၁) တန်လျှင် (၁၆)သိန်းကျင်အထိ အကျဘက်သို့ ရောက်ရှိခဲ့သည့် မတ်ပဲ (FAQ/RC) ဈေး နှုန်းသည် ဩဂုတ်လ ဒု တိယပတ်အတွင်း (၁၇) သိန်းကျော်အထိ ဈေးနှုန်းအမြင့် ဘက်သို့ ရောက်ရှိလာခြင်း ဖြစ်သည်။

ဩဂုတ်လ (၉) ရက် ရန်ကုန် ဘုရင့်နောင်ဈေးကွက် ပေါ က်ဈေးအရ မတ်ပဲ FAQ/RC တစ်တန်လျှင် ငွေကျပ် ၁,၇၈၇,၀၀၀ နှင့် ပဲစင်းငုံ Red/RC တစ်တန်လျှင် ကျပ် ၁,၈၇၀,၀၀၀ ပေါက်ဈေးရှိကြောင်း သိရသည်။

မြန်မာနိုင်ငံ၏ ပဲစိုက်ပျိုးမှုနှုန်းအနေဖြင့် မြန်မာနိုင်ငံ အလယ်ပိုင်းတွင် ဧက ခြောက်သန်း၊ မြစ်ဝကျွန်းပေါ်ဒေသတွင် ဧက လေးသန်းနှင့် ကမ်းရိုးတန်းနှင့် တောင် ကုန်းဒေသများတွင် ဧက တစ်သန်းခန့်ရှိ‌ကြောင်း စိုက် ပျိုးရေး ဝန်ကြီး ဌာန သတင်းအချက်အလက်များအရ သိရသည်။

မြန်မာ နိုင်ငံအနေဖြင့် ၂၀၂၁ ခုနှစ်တွင် ပြည်ပသို့ ပဲမျိုးစုံတင်ပို့မှုအနေဖြင့် တန်ချိန် ၁ ဒသမ ၇၅ သန်း ကန်ဒေါ်လာ ၁,၃၂၄ ဒသမ ၂၇ သန်း တင်ပို့ခဲ့ပြီး ၂၀၂၂ – ၂၀၂၃ ဘ ဏ္ဍာနှစ် ပထမလေးလတွင် မတ်ပဲနှင့် ပဲမျိုးစုံ တန်ချိန် ၅၅၀၀၀၀ ကျော် တင်ပို့နိုင်ခဲ့‌ကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here