Friday, December 27, 2024

ကယားပြည်နယ် ပြည်သူ့ပါတီ (KySPP) နိုင်ငံရေးပါတီတည်ထောင်ခွင့်လျှောက်ထားချက်ကို...

နိုင်ငံရေးပါတီ တည်ထောင်ခွင့်လျှောက်ထားခြင်းများကို စိစစ်ခွင့်ပြုပေးလျက်ရှိရာ ကယားပြည်နယ်ပြည်သူ့ပါတီ (Ky SPP)သည် နိုင်ငံရေးပါတီများမှတ်ပုံတင်ခြင်းဥပဒေ၊ နည်းဥပဒေများနှင့် ညီညွတ်ကြောင်း စိစစ်တွေ့ရှိရသဖြင့် ကော်မရှင်က ဒီဇင်ဘာ (၂၆)...

အလောင်းအစားဖြင့် အရက်စိန်ခေါ်သောက်သည့် ထိုင်းလူငယ် သေဆုံး

ဆိုရှယ်မီဒီယာတွင် လူသိများသော ထိုင်းလူငယ်တစ်ဦးသည် ဘတ် ၃၀,၀၀၀ အလောင်းအစားကြေးခေါ်မှုအတွက် ၃၅၀ မီလီလီတာ ဝီစကီပုလင်းကို တကြိုက်တည်းသောက်ခဲ့ပြီးနောက် မကြာမီတွင် သေဆုံးခဲ့ကြောင်း သိရသည်။ ပန်းကုံးများရောင်းချ၍...

စမ်းချောင်း ဟုမ်းလမ်းဘူတာရပ်ကျေးအုပ်ချုပ်ရေးမှူးအားပစ်ခတ်မှုအပါအဝင် ရန်ကုန်တိုင်းအ တွင်း...

ရန်ကုန်တိုင်း၊ စမ်းချောင်းမြို့နယ်၊ ဟုမ်းလမ်းဘူတာရပ်ကွက်၏ ရပ်ကွက်အုပ်ချုပ်ရေးမှူးအားပစ်ခတ်မှုအပါအဝင် ရန်ကုန်တိုင်းအတွင်း ဖောက်ခွဲမှုများပြုလုပ်ခဲ့သည့် Free Land Attack Force (FLA)အဖွဲ့ဝင်(၂)ဦးကို လက်နက်၊ခဲယမ်းများနှင့်အတူဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။ ပြီးခဲ့သည့်...

တရုတ်ကကမ္ဘာ့အကြီးဆုံး ရေအားလျှပ်စစ်ဆည် တည်ဆောက်မည်

တရုတ်နိုင်ငံသည် ကမ္ဘာ့အကြီးဆုံး ရေအားလျှပ်စစ်ဆည်ဖြစ်လာမည့် ဆောက်လုပ်ရေးစီမံကိန်းကို အတည်ပြုလိုက်ပြီဖြစ်ပြီး တိဘက်ကုန်းပြင်မြင့်၏ အရှေ့ဘက်စွန်း၌အခြေခံအဆောက်အဦစီမံကိန်းတစ်ခုကို အစပြုလိုက်သည်။ အိန္ဒိယနှင့် ဘင်္ဂလားဒေ့ရှ် မြစ်အောက်ပိုင်းဒေသများတွင် သက်ရောက်မှုကြီးကြီးမားမားရှိမည့် စီမံကိန်းသည်...
HomeInternationalကိုဗစ်ပပျောက်မှုအောင်ပွဲမြောက်ကိုရီးယား ကြေငြာ၊ ကင်မ်ဂျုံအန်းကိုယ်တိုင်...

ကိုဗစ်ပပျောက်မှုအောင်ပွဲမြောက်ကိုရီးယား ကြေငြာ၊ ကင်မ်ဂျုံအန်းကိုယ်တိုင် ကိုဗစ်ရောဂါ ကူးစက်ခံခဲ့ရ

ကိုဗစ်ပပျောက်မှုအောင်ပွဲမြောက်ကိုရီးယား ကြေငြာ၊ ကင်မ်ဂျုံအန်းကိုယ်တိုင် ကိုဗစ်ရောဂါ ကူးစက်ခံခဲ့ရ

ဆိုးလ်၊ သြဂုတ် ၁၁ ရက်

မြောက်ကိုရီးယားခေါင်းဆောင် ကင်မ်ဂျုံအန်းက ၎င်း၏တိုင်းပြည်အတွင်း ကိုဗစ်-၁၉ ကပ်ရောဂါကိုအောင်နိုင်ပြီဟု ကြေငြာခဲ့ပြီး ၎င်း၏ ညီမဖြစ်သူ ကင်မ်ယိုဂျုံက ကင်မ်ဂျုံအန်းကိုယ်တိုင်  ကူးစက်မှုဒဏ်ခံခဲ့ရကြောင်း နှင့် ဗိုင်းရပ်စ်ကူးစက်မှုကို ဖြစ်ပေါ်စေခဲ့သည့် တောင်ကိုရီးယားကို ပြင်းပြင်းထန်ထန် လက်တုံ့ပြန်သွားမည်ဟု ကတိပြုခဲ့သည်။

ကင်ဂျုံအန်းသည် မေလတွင် ချမှတ်ခဲ့သည့် အမြင့်ဆုံးကပ်ရောဂါတိုက်ဖျက်ရေး အစီအမံများကို ရုပ်သိမ်းရန် အမိန့်ပေးခဲ့သည်။

 သို့ရာတွင် မြောက်ကိုရီးယားသည် သံမဏိကဲ့သို့ ခိုင်ခံ့သော ကပ်ရောဂါတိုက်ဖျက်ရေး အတားအဆီးကို ဆက်လက်ထိန်းသိမ်းထားရန်နှင့် တစ်ကမ္ဘာလုံးတွင် အဆိုပါကပ်ရောဂါ ပပျောက်သွားသည့်တိုင် ကပ်ရောဂါတိုက်ဖျက်ရေးလုပ်ငန်းကို အရှိန်အဟုန်မြှင့်လုပ်ဆောင်ရမည်ဟု ၎င်းက ပြောကြားခဲ့ကြောင်း မြောက်ကိုရီးယား KCNA သတင်းဌာနက ဩဂုတ်လ ၁၁ ရက် ကြာသပတေးနေ့တွင် ဖော်ပြခဲ့သည်။

ကင်မ်သည် နှာခေါင်းစည်းများ တပ်ဆင်ထားခြင်း မရှိသော အရာရှိများနှင့်အတူ ဗုဒ္ဓဟူးနေ့တွင် ပြုလုပ်ခဲ့သည့် ကိုဗစ် မူဝါဒဆိုင်ရာ အစည်းအဝေး၌ မိန့်ခွန်းပြောဆိုရာတွင် အထက်ပါ ကြေငြာချက်ကို ထုတ်ပြန်ခဲ့ကြောင်း နိုင်ငံပိုင်ရုပ်သံလိုင်းများမှ ရုပ်သံမှတ်တမ်းများအရ သိရသည်။

ကင်မ်၏ ညီမ ကင်မ်ယိုဂျုံ သည်လည်း ၎င်းအစည်းအဝေး၌ မိန့်ခွန်းပြောကြားခဲ့သည်။

“သူကိုယ်တိုင် အဖျားကြီးပြီး နာမကျန်းဖြစ်နေခဲ့ပေမယ့် ကပ်ရောဂါတိုက်ဖျက်ရေး လုပ်ငန်းစဉ်ကြီး မပြီဆုံးသေးတဲ့အထိ ကြည့်ရှုစောင့်ရှောက်ပေးရမယ့် သူရဲ့ ပြည်သူတွေအကြောင်းကို စဉ်းစားပြီး ခဏလောက်တောင် အနားမယူနိုင်ခဲ့ပါဘူး” ဟု ကင်မ်ယိုဂျုံက ဆိုသည်။


ကင်မ်၏ ကျန်းမာရေးနှင့် စပ်လျဉ်း၍ အခြေအနေအသေးစိတ်ကို ဖော်ပြမသွားသော်လည်း နယ်စပ်အနီးတွင် တွေ့ရှိခဲ့ရသည့် တောင်ကိုရီယားက ထုတ်ဝေသော လက်ကမ်းစာစောင်များကြောင့် မြောက်ကိုရီးယား၌ ကိုဗစ်ဖြစ်ပွားမှု စတင်ခဲ့သည်ဟု အပြစ်တင်ပြောဆိုခဲ့သည်။

“တောင်ကိုရီးယားဆီက ဒီလိုမျိုး ပြဿနာတွေ အဆက်မပြတ် ဝင်လာတာကို ကျွန်တော်တို့ လျစ်လျူမရှုနိုင်တော့ဘူး” ဟုပြောဆိုကာ တောင်ကိုရီးယား အာဏာပိုင်များကို ရှင်းပစ်မယ်ဟု ခြိမ်းခြောက်ခဲ့သည်။

တောင်ကိုရီးယား၏ ပြန်လည်ပေါင်းစည်းရေး ဝန်ကြီးဌာနက မြောက်ကိုရီးယား၌ ကိုဗစ်ဖြစ်ပွားရခြင်းမှာ တောင်ကိုရီးယားကြောင့် ဖြစ်သည်ဟူသော သက်သေမခိုင်လုံသည့် ထပ်တလဲလဲ စွပ်စွဲချက်များနှင့် ၎င်း၏ ရိုင်းပြသော ခြိမ်းခြောက်မှုများနှင့်ပတ်သက်၍ ဝမ်းနည်းကြောင်း ဖော်ပြခဲ့သည်။

Source: Reuters

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

ကယားပြည်နယ် ပြည်သူ့ပါတီ (KySPP) နိုင်ငံရေးပါတီတည်ထောင်ခွင့်လျှောက်ထားချက်ကို ခွင့်ပြု

နိုင်ငံရေးပါတီ တည်ထောင်ခွင့်လျှောက်ထားခြင်းများကို စိစစ်ခွင့်ပြုပေးလျက်ရှိရာ ကယားပြည်နယ်ပြည်သူ့ပါတီ (Ky SPP)သည် နိုင်ငံရေးပါတီများမှတ်ပုံတင်ခြင်းဥပဒေ၊ နည်းဥပဒေများနှင့် ညီညွတ်ကြောင်း စိစစ်တွေ့ရှိရသဖြင့် ကော်မရှင်က ဒီဇင်ဘာ (၂၆) ရက်တွင် နိုင်ငံရေးပါတီတည်ထောင်ခွင့် လျှောက်ထားချက်ကို ခွင့်ပြုလိုက်ကြောင်း ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်မှ သိရသည်။ နိုင်ငံရေးပါတီ တည်ထောင်လိုသူများက ယင်းတို့တည်ထောင်လိုသော ပါတီအမည်ကိုဖော်ပြ၍ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်သို့ လျှောက်ထားလျက်ရှိရာ ယနေ့အထိ ပါတီတည်ထောင်ခွင့် လျှောက်ထားလာသည့် အဖွဲ့ (၁၈) ဖွဲ့ရှိပြီး ကယားပြည်နယ်ပြည်သူ့ပါတီ (KySPP) နိုင်ငံရေးပါတီတည်ထောင်ခွင့် လျှောက်ထားချက်ကို ခွင့်ပြုလိုက်ခြင်းဖြစ်သည်။ ပါတီတည်ထောင်ခွင့်ရရှိသော ကယားပြည်နယ်ပြည်သူ့ပါတီ (KySPP)သည် ခွင့်ပြုချက်ရရှိသည့် နေ့မှစ၍...

အလောင်းအစားဖြင့် အရက်စိန်ခေါ်သောက်သည့် ထိုင်းလူငယ် သေဆုံး

ဆိုရှယ်မီဒီယာတွင် လူသိများသော ထိုင်းလူငယ်တစ်ဦးသည် ဘတ် ၃၀,၀၀၀ အလောင်းအစားကြေးခေါ်မှုအတွက် ၃၅၀ မီလီလီတာ ဝီစကီပုလင်းကို တကြိုက်တည်းသောက်ခဲ့ပြီးနောက် မကြာမီတွင် သေဆုံးခဲ့ကြောင်း သိရသည်။ ပန်းကုံးများရောင်းချ၍ အသက်မွေးဝမ်းကျောင်းပြုသော အဆိုပါလူငယ်သည် ရက်ပ်သီချင်းများဆိုကာ ဖောက်သည်များကို ဆွဲဆောင်လေ့ရှိသူဖြစ်သည်။ သူသည် ငွေကြေးအတွက် အရက်ကို တကြိုက်တည်း အမြန်သောက်ပြသည့် အလောင်းအစားဗီဒီယိုများစွာတွင် ပါဝင်ခဲ့သည်။ ပါတီပွဲတစ်ခုတွင် အားပေးအားမြှောက်လုပ်နေသည့် လူအုပ်ကြား၌ ထာနာကမ်က ဝီစကီပုလင်းသေးတစ်လုံးကို အမြန်မော့သောက်ပြနေသည့် ဗီဒီယိုဖိုင်သည် အင်တာနက်တွင် ပျံ့နှံ့ခဲ့သည်။ ပါတီပွဲတက်သူအချို့က မိုဘိုင်းလ်ဖုန်းများဖြင့် သူ့ကို ဗီဒီယိုရိုက်နေခဲ့ကြသည်။ အလောင်းအစားဖြင့် အရက်သောက်ပြခဲ့ပြီးနောက် ထာနာကမ်သည်...

စမ်းချောင်း ဟုမ်းလမ်းဘူတာရပ်ကျေးအုပ်ချုပ်ရေးမှူးအားပစ်ခတ်မှုအပါအဝင် ရန်ကုန်တိုင်းအ တွင်း ဖောက်ခွဲမှုများပြုလုပ်ခဲ့သည့် Free Land Attack Force (FLA)အဖွဲ့ဝင်(၂)ဦးကိုဖမ်းမိ

ရန်ကုန်တိုင်း၊ စမ်းချောင်းမြို့နယ်၊ ဟုမ်းလမ်းဘူတာရပ်ကွက်၏ ရပ်ကွက်အုပ်ချုပ်ရေးမှူးအားပစ်ခတ်မှုအပါအဝင် ရန်ကုန်တိုင်းအတွင်း ဖောက်ခွဲမှုများပြုလုပ်ခဲ့သည့် Free Land Attack Force (FLA)အဖွဲ့ဝင်(၂)ဦးကို လက်နက်၊ခဲယမ်းများနှင့်အတူဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။ ပြီးခဲ့သည့် ဒီဇင်ဘာ ၂၄ ရက်နံနက် ၁၀ နာရီ ၁၅ မိနစ်က စမ်းချောင်းမြို့နယ်၊ ဟုမ်းလမ်းဘူတာရပ်ကွက်၏ ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးတွင်ရှိနေသည့် ရပ်ကွက်အုပ်ချုပ်ရေးမှူးဦးစန်းငွေ(၆၆)နှစ်အား လက်နက်ကိုင်အဖွဲ့ဝင်များက သေနတ်ဖြင့်ပစ်ခတ်၍ထွက်ပြေးသွားခဲ့ကြကြောင်း သိရသည်။ ထို့ကြောင့် လုံခြုံရေးအဖွဲ့ဝင်များက ပြစ်မှုကျူး လွန်သူများအားဖမ်းဆီးရမိရေးအတွက် စုံစမ်းစစ်ဆေးမှုများပြုလုပ်ခဲ့ရာ ဒီဇင်ဘာ ၂၄ ရက်ညပိုင်းတွင် ပြစ်မှုကျူးလွန်သူများဖြစ်သည့် Free Land Attack Force...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071