Sunday, January 5, 2025

အမေရိကန်ဒေါ်လာ (၂၅) သန်းနှင့် ထိုင်းဘတ်...

ယခု ၂၀၂၅ ခုနှစ်နှစ်ဆန်းပိုင်းတွင် ဗဟိုဘဏ်မှ အမေရိကန်ဒေါ်လာ (၂၅) သန်းနှင့် ထိုင်းဘတ် (၂ ဒသမ ၄)သန်းကျော်ထုတ်ရောင်းပေးခဲ့ကြောင်း ထုတ်ပြန်ထားသည့်ဈေးနှုန်းများအရ သိရသည်။ ဗဟိုဘဏ်အနေဖြင့်...

တနင်္သာရီ- မော့တောင် – ဘုတ်ပြင်းလမ်းပိုင်းခရီးသွားလာသူများ...

တနင်္သာရီတိုင်းအတွင်းရှိ တနင်္သာရီ - မော့တောင် - ဘုတ်ပြင်းလမ်းပိုင်း ခရီးသွားလာသူများအနေဖြင့် မိုင်းအန္တရာယ် အထူးဂရုပြုရန် ‌ဒေသတွင်း စောင့်ကြည့်လေ့လာသူများက ယမန်နေ့ ဇန်နဝါရီ(၄)ရက်၌...

ရိုးရာဖိုက်တာ နော်ဥမ္မာစိုး ကစ်ဘောက်ဆင်ချန်ပီယံ ပိုလန်ဖိုက်တာ...

Tiger Muay Thai Gym သို့ ရောက်ရှိနေသည့် ရိုးရာဖိုက်တာ နော်ဥမ္မာစိုးနှင့် ကစ်ဘောက်ဆင်ချန်ပီယံ ပိုလန်ဖိုက်တာ Ka rolina Lisowska...

စင်္ကာပူ၌ ဟိုက်ဒရိုဂျင်စွမ်းအင်သုံး ဓါတ်ငွေ့တာဘိုင်တည်ဆောက်မည်

စင်္ကာပူ၊ဇန်နဝါရီ ၄ စင်္ကာပူနိုင်ငံ၌ ၂၀၂၉ ခုနှစ်တွင် စတင်လည်ပတ်ရန်လျာထားသော ဟိုက်ဒရိုဂျင်စွမ်းအင်သုံး ဓါတ်ငွေ့တာဘိုင်ကို တည်ဆောက်သွားမည်ဖြစ်ကြောင်း ကုန်သွယ်ရေးနှင့်စက်မှုဝန်ကြီးဌာနလက်အောက်ရှိ စွမ်းအင်ဈေးကွက်အာဏာပိုင်အဖွဲ့က သတင်းထုတ်ပြန်ကြေငြာခဲ့သည်။ “စွမ်းအင်ဝယ်လိုအားမြင့်တက်လာတာနဲ့အမျှ ကျွန်တော်တို့ရဲ့နေ့စဉ်ဘဝတွေအတွက် စွမ်းအင်ပေးနိုင်ဖို့...
HomeInternationalမင်းသမီးအန်းဟက်ရှ် ယာဉ်တိုက်မှုဒဏ်ရာများဖြင့်ကွယ်လွန်

မင်းသမီးအန်းဟက်ရှ် ယာဉ်တိုက်မှုဒဏ်ရာများဖြင့်ကွယ်လွန်

မင်းသမီးအန်းဟက်ရှ် ယာဉ်တိုက်မှုဒဏ်ရာများဖြင့်ကွယ်လွန်

လော့ဆန်းဂျလိစ်၊ဩဂုတ် ၁၃

နာမည်ကျော်ဟားလဝတ်ဒ်မင်းသမီး အန်းဟက်ရှ်သည် ယာဉ်တိုက်မှုဖြစ်ပြီးတစ်ပတ်အကြာ၌ သေဆုံးသွားပြီဖြစ်ကြောင်း၎င်း၏ ပြောရေးဆိုခွင့်ရှိသူက သောကြာနေ့တွင် ပြောကြားခဲ့သည်။

အသက် ၅၃ နှစ်အရွယ်ရှိ ဟက်ရှ်သည်သြဂုတ် ၅ ရက်က ယာဉ်တိုက်မှုပြင်းထန်စွာ ဖြစ်ပွားခဲ့ပြီး ပြင်းထန်‌ေသာဦးနှောက်ဒဏ်ရာဖြင့် ဆေးရုံတွင် သတိလစ်နေခဲ့ကာ ဆေးကုသမှုခံယူ‌ နေခဲ့ရခြင်းဖြစ်သည်။

“နှလုံးခုန်နေသေးပေမဲ့ ဦးနှောက်ကအလုပ်မလုပ်တော့တာကြောင့် ကလီဖိုးနီးယားဥပဒေအရတော့ သူကသေဆုံးခဲ့ပြီဖြစ်ပါတယ်။မိသားစုကတော့ နှလုံးခုန်နေသေးတဲ့အတွက်လက်မလျှော့ချင်သေးပေမဲ့ အခုတော့ သူမရဲ့ခန္ဓာကိုယ်ထဲကကောင်းတဲ့အစိတ်အပိုင်းတွေကို ထုတ်ယူလှူဒါန်းဖို့ဆုံးဖြတ်လိုက်ပါပြီ” ဟု Holly Baird ကအေအက်ဖ်ပီသတင်ဌာန သို့ပြောခဲ့သည်။

“ဒီနေ့မှာတော့ တောက်ပတဲ့အလင်းရောင်၊ ကြင်နာပြီးအပျော်ရွှင်တတ်ဆုံး နှလုံးသား၊ ချစ်စရာကောင်းတဲ့ အမေနဲ့ သစ္စာရှိတဲ့ သူငယ်ချင်းကို ဆုံးရှုံးလိုက်ရပါတယ်” ဟု မိသားစု၏ပူးတွဲကြေညာချက်တွင် ဖော်ပြထားသည်။

“သူ့ကိုဆုံးရှုံးလိုက်ရပေမဲ့ သူ့ရဲ့အမှန်တရားအတွက်ရဲရင့်မှု၊ချစ်ခြင်းမေတ္တာတရားတွေကတော့ ထာဝရရှင်သန်အမှတ်ရနေစေမှာပါ” ဟုလည်းဆိုသည်။

၁၉၉၀ ပြည့်လွန်နှစ်များက Donnie Brasco နှင့် Six Days , Seven Nights စသည့် အမည်ကျော်ဇာတ်ကားများ၏ သရုပ်ဆောင်တစ်ဦးဖြစ်ကာ talk show အစီအစဉ်တင်ဆက်သူ Ellen Degeneres ၏ချစ်သူတစ်ဖြစ်လဲအန်းဟက်ရှ်သည် လော့ဆန်းဂျလိစ်မှ Mar Vista တွင်ယာဉ်တိုက်မှုဖြစ်ခဲ့ခြင်းဖြစ်သည်။

ယာဉ်တိုက်မှုပြင်းထန်ခြင်းကြောင့် အခင်းဖြစ်ပွားရာနေရာ၌ “အဆောက်အအံုနှင့် မီးအကြီးအကျယ်လောင်ကျွမ်းခြင်းများဖြစ်ပွားခဲ့ကြောင်း” လော့ဆန်းဂျလိစ် မီးသတ်ဌာနမှသိရှိရသည်။

“ညီလေး Atlas နဲ့ ကျွန်တော့်အတွက်တော့ မိခင်ဆုံးရှုံးသွားရ‌ပေမဲ့ အမေ့ရဲ့နာကျင်မှုတွေကနေလွတ်‌‌မြောက်ပြီး ထာဝရလွတ်လပ်သွားပါပြီ” ဟု အန်း၏သားအကြီး Homer Laffoon ကဆိုသည်။

ဟားလဝတ်ဒ်သရုပ်‌ ဆောင် အန်ဟက်ရှ်သည် Tony Award,Emmy Award စသည့်ဆုများအပြင် အခြားဆုတံဆိပ်များကိုလည်းပိုင်ဆိုင်ထားသည့် နာမည်ကျော်သရုပ်ဆောင်တစ်ဦးဖြစ်သည်။

Source – AFP/ss

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

အမေရိကန်ဒေါ်လာ (၂၅) သန်းနှင့် ထိုင်းဘတ် (၂ ဒသမ ၄) သန်းကျော်ဗဟိုဘဏ်ထုတ်ရောင်းခဲ့

ယခု ၂၀၂၅ ခုနှစ်နှစ်ဆန်းပိုင်းတွင် ဗဟိုဘဏ်မှ အမေရိကန်ဒေါ်လာ (၂၅) သန်းနှင့် ထိုင်းဘတ် (၂ ဒသမ ၄)သန်းကျော်ထုတ်ရောင်းပေးခဲ့ကြောင်း ထုတ်ပြန်ထားသည့်ဈေးနှုန်းများအရ သိရသည်။ ဗဟိုဘဏ်အနေဖြင့် တစ်ဒေါ်လာ (၃၅၈၈)ကျပ်နှုန်းဖြင့် အမေရိကန်ဒေါ်လာ (၂၅) သန်း၊ ထိုင်းဘတ်ငွေလဲနှုန်း (၁၂၉ ဒသမ ၉၀) ကျပ်နှုန်းဖြင့် (၂)သန်းခွဲ ဝန်းကျင်ထပ်မံ ထုတ်ရောင်းပေးခဲ့ခြင်းဖြစ်သည်။ ပြင်ပငွေကြေးဈေးကွက်တွင်အမေရိကန် တစ်ဒေါ်လာ (၄၃၆၀ - ၄၄၃၀) ကျပ် ဝန်းကျင် ပေါက်ဈေးရှိပြီး ပြင်ပပေါက်ဈေးနှင့် ဗဟိုဘဏ်ပေါက်ဈေးကွာဟချက်သည် တစ်ဒေါ်လာ ကျပ် (၈၀၀) ဝန်းကျင်သာ...

တနင်္သာရီ- မော့တောင် – ဘုတ်ပြင်းလမ်းပိုင်းခရီးသွားလာသူများ မိုင်းအန္တရာယ် အထူးဂရုပြုရန် သတိပေး

တနင်္သာရီတိုင်းအတွင်းရှိ တနင်္သာရီ - မော့တောင် - ဘုတ်ပြင်းလမ်းပိုင်း ခရီးသွားလာသူများအနေဖြင့် မိုင်းအန္တရာယ် အထူးဂရုပြုရန် ‌ဒေသတွင်း စောင့်ကြည့်လေ့လာသူများက ယမန်နေ့ ဇန်နဝါရီ(၄)ရက်၌ သတိပေးထားနှိုးဆော်ထားသည်။ အဆိုပါ လမ်းပိုင်းအတွင်းရှိ ကျေးရွာများ၌ နှစ်ဘက်ထိတွေပစ်ခတ်မှုများ မကြာခဏဖြစ်ပွားလေ့ရှိပြီး၊ မိုင်းထောင်ထားခြင်းများလည်းရှိနေသည့်အတွက် နေရာတိုင်းသတိထားသွားလာကြရန် တိုက်တွန်းထားသည်။ အလားတူ မြိတ် - တနင်္သာရီ လမ်းပိုင်းတွင်လည်းခရီးသွားပြည်သူများ လမ်းဘေး အပေါ့အပါးသွားလာခြင်းမျိုးမပြုကြရန်နှိုးဆော်ထားသည်။ ယင်း လမ်းပိုင်းအတွင်း ည(၆)နာရီကျော်ပါက ဖြတ်သန်းမောင်နှင်ခြင်းမပြုကြရန်နှင့် အဆိုပါ လမ်းပိုင်းပေါ်ရှိ ရမ်းဖိုရွာ၊ ကမ်းတိုရွာ၊ ညောင်ပင်ကုန်းရှာနှင့် ဘန်းလမွတ်ရွာတို့မှ တိုက်ပွဲဖြစ်ပွားရာနယ်မြေများဖြစ်သည်ဟု သတိပေးထားသည်။ ပြီးခဲ့သည့်နှစ်အတွင်း တနင်္သာရီတိုင်း၌...

ရိုးရာဖိုက်တာ နော်ဥမ္မာစိုး ကစ်ဘောက်ဆင်ချန်ပီယံ ပိုလန်ဖိုက်တာ ဖြင့် ယှဉ်ပြိုင်ထိုးသ-တ်မည်

Tiger Muay Thai Gym သို့ ရောက်ရှိနေသည့် ရိုးရာဖိုက်တာ နော်ဥမ္မာစိုးနှင့် ကစ်ဘောက်ဆင်ချန်ပီယံ ပိုလန်ဖိုက်တာ Ka rolina Lisowska တို့ ဇန်နဝါရီ(၉)ရက် ညပိုင်းတွင် ယှဉ်ပြိုင်ထိုးသ-တ်သွားမည်ဖြစ်ကြောင်း သိရသည်။ အဆိုပါ ပွဲစဉ်ကို ထိုင်းနိုင်ငံ၊ ဖူးခက်မြို့တွင် ပြုလုပ်သွားမည်ဖြစ်ပြီး၊ Patong Fight Night ချန်ပီယံခါးပတ်လုပွဲစဉ် တစ်ခုဖြစ်ကြောင်း သိရသည်။ ပွဲစဉ်နှင့်ပတ်သက်၍ နော်ဥမ္မာစိုးက "ပွဲက(၉)ရက်နေ့ Phuket မှာရှိမယ် အားပေးကြပါဦး"ဟု သူမ၏ လူမှုကွန်ရက်စာမျက်နှာတွင် အသိပေးထားသည်။ ပွဲစဉ်ကို Patong Fight Night...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071