ရုရှား ခရီးသွားများ မြန်မာနိုင်ငံ သို့လာရောက်လည်ပတ်လျင် အဆင်ပြေစေရန် မြို့သုံးမြို့၌ ရုရှားဘာသာစကားအခြေခံသင်တန်းများ ဖွင့်လှစ်မည်

0
434

ရုရှား ခရီးသွားများ မြန်မာနိုင်ငံ သို့လာရောက်လည်ပတ်လျင် အဆင်ပြေစေရန် မြို့သုံးမြို့၌ ရုရှားဘာသာစကားအခြေခံသင်တန်းများ ဖွင့်လှစ်မည်

ပညာရေးဝန်ကြီးဌာနနှင့် ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန ပူးပေါင်း ပြီး ရုရှားဘာသာစကားအခြေခံသင်တန်းကို ဖွင့်လှစ်သွားမည်ဖြစ်ကြောင်း ဟိုတယ်နှင့်ခရီးသွားညွန်ကြားမှု ဦးစီးဌာန (ရန်ကုန်တိုင်း) မှ သိရှိရသည်။

မြို့ကြီးသုံးမြို့ဖြစ်သည့် ရန်ကုန် ၊ မန္တလေး၊ ပြင်ဦးလွင် ပထမဆုံး ဖွင့်လှစ် သွားမည်ဖြစ်ပြီး ကနဦး အနေ ဖြင့် ရန်ကုန်မြို့တွင် သြဂုတ်လ ၁၅ ရက်မှ စတင်ကာ ( ၂ )လကြာ ကြာမြှင့်မည့် ရုရှားဘာသာစကားအခြေခံသင်တန်းကို ဖွင့်လှစ်သွားမည်ဖြစ်ကြောင်း ဟိုတယ်နှင့်ခရီးသွားညွန်ကြားမှု ဦးစီးဌာန (ရန်ကုန်တိုင်း) မှ သိရှိရသည်။

” အခုဖွင့်လှစ်မယ့် ရုရှားဘာသာစကား သင်တန်းကပထမဆုံးသင်တန်းပါ။ သင်တန်းသူ သင်တန်းသား (၅၅ )ဦး တက်ရောက်မှာ ဖြစ်ပါတယ် ။ တက်ရောက်တဲ့သူတွေက အများဆုံးက အောက်မြန်မာပြည် က ဟိုတယ် ခရီး ဝန်ထမ်းတွေ ပါမယ်။ ကမ္ဘာလှည့်ရဲတပ်ဖွဲ့တွေက ပါမယ်။ လဝက ဝန်ထမ်းတွေ အပြင် ခရီးလှည့်လည်ရေး ကုမ္ပဏီ တွေက လည်း ပါပါတယ် “ဟု ဟိုတယ်နှင့်ခရီးသွားညွန်ကြားမှု ဦးစီးဌာန (ရန်ကုန်တိုင်း) မှ တာဝန် ရှိသူတစ်ဦးက ပြောသည်။

“ကျွန်တော် တို့ မန္တလေး မြို့မှာလည်း ရုရှားဘာသာစကား အခြေခံသင်တန်းကို မကြာခင် ဖွင့်လှစ်သွားမှာပါ။ ပြင်ဦးလွင် မှာကော ဆက်တိုက် ဖွင့်သွား ဖို့ ပြင်ဆင်နေပါတယ်”ဟု (မန္တလေး ရုံးခွဲ) ဟိုတယ် ခရီးသွားလာမှုညွန်ကြားမှု ဦးစီးဌာန မှ တာဝန် ရှိသူ တစ်ဦးက ပြောသည်။

ပြီးခဲ့သည့် ၂၀၂၁ခု နှစ် အတွင်း​က ရုရှားရုပ်သံလိုင်းတစ်ခုဖြစ်သည့် 24 Media နှင့် နစကဥက္ကဋ္ဌ တို့ တွေ့ဆုံခဲ့သည့် အင်တာဗျူး တွင်လည်း ရုရှားကမ္ဘာလှည့်ခရီးသွားများကို မြန်မာနိုင်ငံ သို့လာရောက်ရန် ဖိတ်ခေါ်ခဲ့ကြောင်းသိရသည်။

ထို့ပြင် ဝန်ကြီးဌာနအနေဖြင့် ရုရှား-မြန်မာခရီးသွားလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ လေကြောင်းလိုင်းပြေးဆွဲရေး၊ အစိုးရ- ပုဂ္ဂလိကခရီးသွားကဏ္ဍ ပူးပေါင်းဆောင်ရွက်ရေးနှင့် နှစ်နိုင်ငံခရီးသွားလုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ နားလည်မှုစာချွန်လွှာ လက်မှတ်ရေးထိုးရေး၊ ခရီးသွားကိုယ်စားလှယ်များ အပြန်အလှန်လည်ပတ်နိုင်ရေးတို့ကိုပါ ဧပြီ လအတွင်း က ဆွေးနွေးခဲ့ကြောင်း သိရသည်။

 

ထို့ပြင် ရုရှားခရီးသွားများအနေဖြင့် မြန်မာနိုင်ငံသို့ လာရောက်လည်ပတ်ရာတွင် ကမ်းခြေ များ ကိုသာ အများစု စိတ်ဝင်စား သွားလာလည်ပတ်လေ့ရှိပြီး ယခင်က မြန်မာနိုင်ငံသို့ ရုရှားခရီးသွားဧည့်သည် ဝင်ရောက်မှုမှာ တစ်နှစ်လျှင် ငါးထောင်ဦးရေခန့်သာ ရှိကြောင်းသိရသည်။

 

ပုံစာ –

ကမ္ဘာလှည့် ခရီးသွား ဧည့်သည်များအား သေချာရှင်းပြပေးနေသည့် ဧည့်လမ်းညွန် တစ်ဦး ကို တွေ့ရစဥ်။

Photo Jolie May FB


LEAVE A REPLY

Please enter your comment!
Please enter your name here