ဒူးသထူးခရိုင်နှင့်ညောင်လေးပင်ခရိုင်တို့တွင် စစ်ဘေးရှောင်ဦးရေ တစ်သိန်းခွဲကျော်ရှိနေ

0
89

ဒူးသထူးခရိုင်နှင့်ညောင်လေးပင်ခရိုင်တို့တွင် စစ်ဘေးရှောင်ဦးရေ တစ်သိန်းခွဲကျော်ရှိနေ

ဒူးသထူးခရိုင်နှင့်ညောင်လေးပင်ခရိုင်တို့တွင် စစ်ဘေးရှောင်ပြည်သူဦးရေ တစ်သိန်းခွဲကျော်ရှိပြီဖြစ်ကာ အကူအညီများလိုအပ်လျက်ရှိသည်ဟု KNU-ကရင်အမျိုးသားအစည်း အရုံး(ဗဟို)မှ သိရသည်။

ထိုသို့ တိမ်းရှောင်နေရခြင်းမှာ နစက ၏လုံခြုံရေးအဖွဲ့ဝင်များနှင့် KNU−ကရင်အမျိုးသားအစည်း အရုံး၏ လက်အောက်ခံအဖွဲ့များဖြစ်သည့် KNLA , KNDO အဖွဲ့များကြား၌ ထိတွေ့တိုက်ပွဲများ နေ့စဥ်ဖြစ်ပွားနေခြင်းကြောင့်ဖြစ်သည်။

ထိုသို့ ဖြစ်ပွားမှုကြောင့် ဒူးသထူးခရိုင်နှင့်ညောင်လေးပင်ခရိုင်တို့တွင် စစ်ဘေးရှောင်ဦးရေ ၁၅၄၈၆၆ ဦးရှိပြီဖြစ်ကာ ကျန်ခရိုင်များအတွင်းရှိ စစ်ဘေးရှောင်ဦးရေအား စီစစ်လျက်ရှိကြောင်း သိရသည်။

ထို့ကြောင့် စစ်ဘေးရှောင်လာသူများအား နေရာ ထိုင်ခင်း၊လုံခြုံရေး၊ကျန်းမာရေး၊စာဝတ်နေရေလိုအပ်ချက်များကို သက်ဆိုင်ရာ ခရိုင်တာဝန်ရှိသူများက ကူညီဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

ယင်းသို့ ကူညီပေးလျက်ရှိသော်လည်း စစ်ဘေးရှောင်လာသူများမှာ များပြားနေသဖြင့် အမိုးအ ကာအခင်းများပြုလုပ်သည့် တာလပတ်စများ၊စားနပ်ရိက္ခာများ၊သောက်သုံးရေများ၊ဆေးဝါးပစ္စည်းများလည်း အရေးပေါ်လိုအပ်လျက်ရှိကြောင်း သိရသည်။

Photo Credit KNU


LEAVE A REPLY

Please enter your comment!
Please enter your name here