ပြည်ပမှတင်သွင်းလျက်ရှိသည့် သံ၊သံမဏိများနှင့် ယှဉ်ပြိုင်ရောင်းချနိုင်ရန် ကြိုတင်စီမံတွက်ချက်ထားရမည်

0
150

ပြည်ပမှတင်သွင်းလျက်ရှိသည့် သံ၊သံမဏိများနှင့် ယှဉ်ပြိုင်ရောင်းချနိုင်ရန် ကြိုတင်စီမံတွက်ချက်ထားရမည်

စက်မှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဒေါက် တာချာလီသန်းက မန္တလေးတိုင်း၊မြင်းခြံမြို့နယ်ရှိ အမှတ်(၁)သံမဏိစက်ရုံ(မြင်းခြံ)သို့ သြဂုတ် ၁၃ ရက်ကသွားရောက်ကြည့်ရှုစစ်ဆေးစဥ်ပြောကြားခဲ့ခြင်းဖြစ်သည်။

 

Phase-1 လည်ပတ်နိုင်ရေးနှင့်ဝယ်ယူပြီးစက်ပ စ္စည်းများ အမိုးအကာအောက်ရောက်ရှိရန် ခွင့်ပြုဘဏ္ဍာငွေ အသုံးစရိတ်များအား အကျိုးရှိစွာသုံး စွဲကြရန်လည်း မှာကြားခဲ့သည်။

ထို့ပြင် စီမံကိန်းလုပ်ငန်းများအား စီးပွားရေးဆိုင် ရာစီမံချက်များရေးဆွဲ၍ စီမံချက်ပါအတိုင်း ပြီး စီးအောင်ဆောင်ရွက်ကာ ထုတ်ကုန်များနှင့်ပတ် သက်၍ ဈေးကွက်သုတေသနလုပ်ငန်းများကိုလည်း အမြဲမပြတ်လေ့လာထားရမည်ဟု မှာကြားသည်။

“ထုတ်ကုန်ပစ္စည်းတွေကို သတ်မှတ်စံချိန်စံညွှန်းတွေနဲ့အညီ ထုတ်လုပ်ပြီး ပြည်ပကတင်သွင်းနေတဲ့ သံ၊ သံမဏိတွေကို ယှဉ်ပြီးရောင်းချနိုင်ဖို့အ တွက် ကြိုတင်စီမံတွက်ချက်ထားရပါမယ်”ဟု ပြည်ထောင်စုဝန်ကြီးဒေါက်တာချာလီသန်းကပြောသည်။

အလားတူ ကုန်ထုတ်လုပ်မှုလုပ်ငန်းများ စဉ်ဆက်မပြတ်ဆောင်ရွက်နိုင်ရန်လိုအပ်သည့် ကုန်ကြမ်းများအား ကြိုတင်စုဆောင်းထားကာ နိုင်ငံ၏လို အပ်ချက်အား တစ်ဖက်တစ်လမ်းမှ ဖြည့်ဆည်းပေးနိုင်ပြီး စီးပွားဖြစ်ထုတ်လုပ်နိုင်ရန် အင်ဂျင်နီ ယာစီးပွားရေးနှင့်စက်မှုလုပ်ငန်းစီးပွားရေးဥပဒေ သများကို အခြေခံသည့် စီးပွားရေးတွက်ခြေ ကိုက်စွာ ထုတ်လုပ်မှုအစီအမံများချမှတ်ဆောင် ရွက်ရမည်ဟု ပြောဆိုမှာကြားသည်။

ထို့နောက် ဝယ်ယူပြီးစက်ပစ္စည်းများ အမိုးအကာအောက် သိုလှောင်ထားရှိနိုင်ရန် တည်ဆောက်နေသည့် Cold Mill Complex နှင့်စက်ရုံအတွင်းတို့ကို ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here