သုံးလအတွင်း မြန်မာနိုင်ငံသို့ Tourist Visa ဖြင့် နိုင်ငံ ခြား ခရီးသွား( ၃၀၀၀ )ကျော် ဝင်ရောက်

0
365

သုံးလအတွင်း မြန်မာနိုင်ငံသို့ Tourist Visa ဖြင့် နိုင်ငံ ခြား ခရီးသွား( ၃၀၀၀ )ကျော် ဝင်ရောက်

မြန်မာနိုင်ငံ သို့ ကမ္ဘာလှည့် နိုင်ငံခြားသားများအား စတင် လည်ပတ်ခွင့်ပြုပေးခဲ့သည့် ကာလမှ စတင်ပြီး သုံးလတာကာလအတွင်း မြန်မာနိုင်ငံ သို့ Tourist Visa ဖြင့် နိုင်ငံခြား ခရီးသွား ၃၀၀၀ ကျော် ဝင်ရောက်ခဲ့ကြောင်း ဟိုတယ်နှင့် ခရီးသွားညွှန်ကြားမှုဦးစီးဌာန (ရန်ကုန်တိုင်း) မှ သိရသည်။

 

မေလ၂၀ ရက်နေ့မှ စတင်ခွင့်ပြုပေးခဲ့ပြီး မေလ၂၅ ရက်မှ သြဂုတ်လ ၁၂ ရက်ထိ စာရင်းအရ ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်တစ်ခုတည်းမှ Tourist Visa ကိုင်ဆောင်ထားသည့် နိုင်ငံခြားခရီးသွား (၃၀၀၀) ကျော် ဝင်ရောက် လာခြင်း ဖြစ်သည်။

 

” ဒီသုံးလတာကာလမှာ တော့ Tourist Visa နဲ့လာတဲ့အထဲမှာ ထိုင်းက အများဆုံးပါ။ထိုင်းလူမျိုးတွေကဘာသာရေး နဲ့ပတ်သက်ပြီး ဘုရားဖူး လာကြတဲ့သူတွေ များကြတယ်။ အထူး သဖြင့် ပဲခူး နေ့ချင်းပြန် မဖြစ်မနေ သွားကြတယ်။ ကျန်တဲ့နိုင်ငံခြားသားတွေက မိသားစုနဲ့ တွေ့ဖို့လာကြတာလည်း ရှိသလို အလုပ်ကိစ္စနဲ့ လာကြတဲ့သူတွေများကြပါတယ်။ Tourist Visa ကိုတော့ ၂၈ ရက် ပဲ သတ်မှတ် ထားပါတယ်”ဟု ဟိုတယ်နှင့် ခရီးသွားညွှန်ကြားမှု ဦးစီးဌာန ( ရန်ကုန် တိုင်း)မှ တာဝန်ရှိသူ က ပြောသည်။

 

ရန်ကုန်လေဆိပ်မှ Tourist Visa ဖြင့် ဝင်ရောက်လာသည့် နိုင်ငံခြားသားခရီးသွားများ၏ စာရင်းအရ ထိုင်း ၊ က်ိုရီးယား ၊ အိန္ဒိယ ၊ မလေးရှား ၊ဂျပန် ၊ စင်ကာပူ ၊ အမေရိကန် ၊ထိုင်ဝမ် ၊ သီရိလက်ာ ၊ ဗိီယက်နမ် စသည့် နိုင်ငံအလိုက် မှ ခရီးသွားများ ဝင်ရောက် လာခဲ့ကြောင်း သိရသည်။

ထို့ပြင် ရန်ကုန် အပြည်ပြည်ဆိုင်ရာလေဆိပ်နှင့်မန္တလေး အပြည်ပြည်ဆိုင်ရာလေဆိပ်မှ လေးလ တာ ကာလအတွင်း Business Visa နှင့် ဗီဇာအမျိုးအစားအလိုက် နိုင်ငံ ခြားသားခရီးသွား ဧည့်သည် (၂၀၀၀၀ )ကျော် ဝင်ရောက်ခဲ့သည်ဟုလည်း ဟိုတယ်နှင့်ခရီးသွားလာရေးဦးစီးဌာန (ရန်ကုန် )ရုံးခွဲ မှ သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here