မိတ္ထီလာမြို့နယ်တွင် ၁၂ ဘီးကုန်တင်ကားနှင့်ဟိုင်းလပ်ကား မျက်နှာချင်းဆိုင်တိုက် တစ်ဦးသေဆုံး

0
325

မိတ္ထီလာမြို့နယ်တွင် ၁၂ ဘီးကုန်တင်ကားနှင့်ဟိုင်းလပ်ကား မျက်နှာချင်းဆိုင်တိုက် တစ်ဦးသေဆုံး

မန္တလေးတိုင်း၊မိတ္ထီလာမြို့နယ်ရှိ မီတ္ထီလာ-မလှိုင်သွားကားလမ်းတွင် သြဂုတ် ၁၄ ရက်ညပိုင်းက ၁၂ ဘီးကုန်တင်ကားနှင့်ဟိုင်းလပ်ကားတို့ မျက် နှာချင်းဆိုင်တိုက်မိခဲ့ကြောင်း ပြည်သာယာလူမှုကူညီရေးအသင်းမှ သိရသည်။

ယင်းနေ့ည ၇ နာရီခွဲခန့်က မိတ္ထီလာ-မလှိုင်သွားကားလမ်း၏ တိုးဂိတ်အနီးတွင် တိုက်မိခဲ့ခြင်းဖြစ်၍ ထိခိုက်ဒဏ်ရာရရှိသူများရှိနေကြောင်း သတင်းအရ ပြည်သာယာလူမှုကူညီရေးအသင်း ဝင်များက သွားရောက်ကူညီခဲ့ကြသည်။

ထိုသို့ မျက်နှာချင်းဆိုင်တိုက်မိမှုကြောင့် အမျိုး သားတစ်ဦးမှာ ထိခိုက်ဒဏ်ရာများရရှိပြီး အခင်း ဖြစ်နေရာ၌ သေဆုံးသွားခဲ့ကြောင်း သိရသည်။

ထို့အတူ ကလေးငယ်(မိန်းကလေး)တစ်ဦးနှင့်အ မျိုးသားတစ်ဦးတို့တွင်လည်း ထိခိုက်ဒဏ်ရာများ (စိုးရိမ်ရ)ရရှိခဲ့ကြောင်း သိရသည်။

“ကျွန်တော်တို့ရောက်တဲ့အချိန်မှာ ဖြတ်သွားတဲ့ဆရာဝန်တစ်ယောက်က ကျွန်တော်တို့အသင်းနဲ့အတူ လူနာတွေကိုဝိုင်းကူပြီး အခင်းဖြစ်တဲ့နေရာမှ ကုသပေးတာတွေလုပ်ပေးတယ် တစ်ယောက်ကတော့ဒဏ်ရာပြင်းတော့ ကုသပေးနေတုန်းသေ ဆုံးသွားပါတယ်”ဟု လူမှုကူညီရေးအသင်းဝင်တစ်ဦးကပြောသည်။

ဖြစ်စဥ်မှ ထိခိုက်ဒဏ်ရာရရှိခဲ့သည့် ကလေးငယ်နှင့်အမျိုးသားတို့အား ပြည်သာယာလူမှုကူညီရေးအသင်းကားဖြင့် မိတ္ထီလာမြို့ပြည်သူ့ဆေးရုံကြီးသို့ ပို့ဆောင်ပေးခဲ့ကြကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here