လာမည့်ဆယ်စုနှစ်များအတွင်း ကယ်လီဖိုးနီးယား၌ မကြုံစဖူးရေကြီးနိုင်ဟုခန့်မှန်း

0
164

လာမည့်ဆယ်စုနှစ်များအတွင်း ကယ်လီဖိုးနီးယား၌ မကြုံစဖူးရေကြီးနိုင်ဟုခန့်မှန်း

ယခုနှစ်အတွင်း ရာသီဥတုပြောင်းလဲမှုများက ကမ္ဘာ့မြောက်ခြမ်းရှိ ရာသီဥတုအ‌ခြေအနေကိုလည်း သိသိသာသာပြောင်းလဲစေခဲ့သည်။ဥရောပသည် အခြားနိုင်ငံပေါင်းများစွာတွင် မိုးခေါင်ရေရှားနေသကဲ့သို့ပင် အပူလှိုင်းများအောက် ရောက်ရှိခံစားနေရသော်လည်း တစ်ဖက်တွင်မူ အမေရိကသည် ၎င်းနှင့်ဆန့်ကျင်ဘက် အနေအထားဖြစ်နေမည် ဟုခန့်မှန်းထားသည်။

Science Advances ၏လေ့လာမှုအသစ်တစ်ခုအရ လာမည့်နှစ်ပေါင်း ၄၀ အတွင်း ကယ်လီဖိုးနီးယားတွင် ကြုံတောင့်ကြုံခဲရေကြီးရေလျှံမှုများနှင့် အခြားသဘာဝဘေးအန္တရာယ်များ ပိုမိုဖြစ်ပေါ်လာနိုင်သည်ဟု သိရှိရသည်။

Mega flood ဟုခေါ်သော ထူးခြားရေကြီးမှုဖြစ်စဉ်သည် ဆိုးကျိုးများဖြစ်ပေါ်စေသည့်ကပ်ဘေးတစ်ခုဖြစ်သည် ဟု လော့ဆန်းဂျလိစ်၊ကယ်လီဖိုးနီးယားတက္ကသိုလ်မှ သိပ္ပံမိုးလေဝသပညာရှင်တစ်ဦးဖြစ်သကဲ့သို့ ယခုလေ့လာမှုတွင်ပါဝင်သည့် သုတေသနပညာရှင်လည်းဖြစ်သည့် Daniel Swain က CNN သို့ပြောကြားခဲ့သည်။

ယခုကဲ့သို့ရှားပါးသော ရေကြီးရေလျှံမှုများကြောင့် ကယ်လီဖိုးနီးယား၏ မြေနိမ့်ပိုင်းများကို “ကျယ်ပြောသည့် ကုန်းတွင်းပင်လယ်” အဖြစ် ပြောင်းလဲလိုက်နိုင်သည်ဟု ကျွမ်းကျင်သူများက ဆိုသည်။

ယခုကဲ့သို့ရေကြီးရေလျှံမှုသည် လွန်ခဲ့သောနှစ်ပေါင်း ၁၅၀ ခန့်ကလည်းဖြစ်ပွားခဲ့ဖူးသေးသည်ဟုဆိုသည်။ထိုအချိန်ကလေထုမြစ်များသည် ကယ်လီဖိုးနီးယားပြည်နယ်နားတစ်ဝိုက် စုပြုံရောက်ရှိလာကာ သမိုင်းတစ်လျှောက်အကြီးမားဆုံးသော ရေကြီးရေလျှံမှုဖြစ်ပေါ်စေခဲ့သည်။

ယခုအချိန်တွင် ရာသီဥတုပြောင်းလဲဖောက်ပြန်မှုများကကပ်ကိုဖြစ်‌ေစကာ ၂၅ နှစ်မှ နှစ် ၅၀ တွင်တစ်ခါဖြစ်ပေါ်စေခဲ့သည်ဟု သုတေသီများကဆိုကြသည်။

လေထုမြစ်များကြောင့် ထိုသို့ရေကြီးမှုများဖြစ်လေ့ဖြစ်ထရှိသည့် ကယ်လီဖိုးနီးယားကဲ့သို့‌သောနေရာမျိုးတွင် ထိုအဖြစ်မျိုးထပ်ဖြစ်အောင် ရာသီဥတုဖောက်ပြန်မှုများက တွန်းအားပေးလျက်ရှိပြီး နောက်ဆက်တွဲအနေဖြင့် လူသန်းပေါင်းများစွာသို့ ဆိုးကျိုးဒဏ်ခံစားရစေနိုင်သည်။

US Geological Survey မှ ဖန်တီးထားသော “ARkStorm” ဟုခေါ်သည့် ၂၀၁၀ ပြည့်နှစ်မှလေ့လာချက်များအပေါ် အခြေခံ၍ သုတေသီများကယခုလိုလေ့လာတွေ့ရှိခဲ့ခြင်းဖြစ်သည်။

ထိုသို့လေ့လာတွေ့ရှိပြီးနောက် လူပေါင်းသန်းချီကိုဒုက္ခရောက်စေနိုင်သည့် မိုးရွာသွန်းမှုများလည်း ပြည်နယ်တွင်ဆက်လက်ပေါ်ပေါက်လာနိုင်ပြီး အရေးပါသော အခြေခံအဆောက်အဦများနှင့် သယ်ယူပို့ဆောင်ရေးများကို ထိခိုက်စေကာ စီးပွားရေးအရ ဒေါ်လာ ၁ ထရီလီယံနီးပါး ဆုံးရှုံးစေနိုင်သည်ဟုဆိုကြသည်။

“နောက်ဆုံးတော့ကျွန်တော်တို့ရဲ့ ပန်းတိုင်တစ်ခုက ဒီအဖြစ်အပျက်တွေကို သိပ္ပံနည်းကျ နားလည်ထားဖို့သာမကဘဲ ကယ်လီဖိုးနီးယားမှာ ကြိုတင်ပြင်ဆင်ထားဖို့အတွက်ပါ ကူညီပေးဖို့ဖြစ်ပါတယ်” ဟု Swain က ပြောကြားခဲ့သည်။

(လေထုမြစ်ဟုခေါ်သော စိုထိုင်းဆများသည့်လေထုထဲရှိတိမ်များသည် မြေပြင်ရှိမြစ်များကဲ့သို့ ရွေ့လျားနေသည့်ကျဉ်းမြောင်းရှည်လျားသည့် မိုးတိမ်များဖြစ်သည်။ထိုတိမ်များသည် တောင်တန်းများနှင့် ကုန်းတွင်းပိုင်းနေရာများတွင် မိုးအဖြစ်ပြင်းပြင်းထန်ထန်ပြန်လည်ရွာသွန်းကာ ရေကြီးရေလျှံမှုများကိုဖြစ်ပေါ်စေတတ်သည်)

Source – Wio News


LEAVE A REPLY

Please enter your comment!
Please enter your name here