ဈေးကွက်တွင် စာအုန်းဆီဈေးနှုန်း (၁၀၀၀၀) ဝန်းကျင်ဖြစ်နေသော်လည်း လက်ကားရည်ညွှန်းဈေး တစ်ပိဿာ (၄၁၄၀) ကျပ်သာ ထုတ်ပြန်

0
235

ဈေးကွက်တွင် စာအုန်းဆီဈေးနှုန်း (၁၀၀၀၀) ဝန်းကျင်ဖြစ်နေသော်လည်း လက်ကားရည်ညွှန်းဈေး တစ်ပိဿာ (၄၁၄၀) ကျပ်သာ ထုတ်ပြန်

စားအုန်ဆီဈေးနှုန်း (၁) ပိဿာ ကျပ် ၁၀၀၀၀ ဝန်းကျင် ပေါက်နေသော်လည်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ် ရေးဝန်ကြီးဌာနလက်အောက်ရှိ စားသုံးဆီ တင်သွင်းသို လှောင်ဖြန့်ဖြူးခြင်းလုပ်ငန်း ကြီးကြပ်ရေး ကော်မတီက ရည်ညွှန်းဈေး (၄၁၄၀) ကျပ်သာ ထုတ်ပြန်ထားသည်။

ကမ္ဘာ့စားအုန်းဆီထုတ်လုပ်တင်ပို့သည့် နိုင်ငံများတွင် ဈေးကွက်နှင့် ဈေးနှုန်းဖြစ်ပေါ်မှုများအရ ဩဂုတ် ၁၅ ရက်မှ ၂၁ ရက်အထိ ရန်ကုန်အထိုင်ဈေးအား အခြေခံလက်ကားရည်ညွှန်းဈေးနှုန်း တစ်ပိဿာလျှင် (၄၁၄၀) ကျပ် ဖြစ်ကြောင်းထုတ် ပြန်ကြေညာခဲ့သည်။

ပြည်တွင်းဈေးကွက်အတွင်း ဈေးနှုန်းမြှင့်တင်ရောင်းချခြင်း၊ ဈေးကစားရန်ရည်ရွယ်ချက်ဖြင့် သိုလှောင်ခြင်း၊ မသမာသည့် လုပ်ဆောင်မှုများပြုလုပ်ပါက အရေးကြီးကုန်စည်နှင့် ဝန်ဆောင်မှု ဥပဒေအရ အရေးယူမည်ဟု ပြောဆိုထားသော်လည်း ပြီးခဲ့သည့် လပိုင်းအတွင်းကပင် ဆီဈေးနှုန်း ၉၀၀၀ ဝန်းကျင် ဈေးပေါက်နေခြင်းဖြစ် သည်။

“ဝယ်ဈေးတင်၉၅၀၀ ဈေး၊ ပြန်ရောင်းတော့ ၁၀၀၀၀ ပြန်ရောင်းတယ်” ဟု ကုန်စုံဆိုင်ပိုင်ရှင် တစ်ဦးက ပြော သည်။

စားသုံးဆီတင်သွင်း သိုလှောင်ဖြန့်ဖြူးခြင်းလုပ်ငန်းကြီး ကြပ်ရေးကော်မတီမှ စားအုန်းဆီ ကမ္ဘာ့ဈေးနှုန်း ဖြစ်ပေါ်ပြောင်းလဲမှုနှင့်အညီ ပြည်တွင်း၌ ဖြစ်သင့်ဖြစ်ထိုက်သည့် ဈေးနှုန်းများဖြစ်ပေါ်စေရန် ထိန်းကျောင်းဆောင်ရွက်လျက်ရှိကြောင်း အပတ်စဉ် ထုတ်ပြန်နေခြင်း ဖြစ်သည်။

“အပြင်မှာ တကယ်ဝယ်သုံးနေရတဲ့ စျေးက အဲ့ထက်မကများနေတယ်။ ကျွန်မတို့က အကြော်ကြော်ရောင်းတာဆိုတော့ ဆီကအမြဲ တမ်းဝယ်နေရတာ” ဟု အကြော်ရောင်းသည့် ဒေါ်ဥမ္မာစိုးကပြော သည်။

စားအုန်းဆီ အဓိကထုတ်လုပ်တင်ပို့သည့် မလေးရှားနိုင်ငံနှင့်အင်ဒိုနီးရှား နိုင်ငံတို့တွင် ဖြစ်ပေါ်နေသည့် FOB ဈေး နှုန်းများအား နေ့စဉ်စောင့်ကြည့်၍ သယ်ယူပို့ဆောင်ခကုန်ကျစရိတ်များ၊ ဘဏ်စရိတ်များ၊ အခွန်အခများအား ထည့်သွင်း တွက်ချက်၍ ပြည်တွင်းဈေးကွက်၌ ရောင်း ဝယ်ဖောက်ကားရမည့် အခြေခံလက်ကား ရည်ညွှန်းဈေး နှုန်းကို ထုတ်ပြန်ပေးလျက်ရှိသည်။

ယင်း အခြေခံလက်ကားရည်ညွှန်းဈေးနှုန်းများအား စားသုံးသူရေးရာဦးစီးဌာန၏ Website: www.doca.gov.mm ၊ Facebook Page နှင့် မြန်မာနိုင်ငံဆီကုန်သည်နှင့်ဆီလုပ်ငန်းရှင်များအသင်း၏ Facebook Page တို့တွင်ဝင်ရောက်ကြည့်ရှုနိုင်ကြောင်း သိရသည်။

Photo – မြန်မာနိုင်ငံဆီကုန်သည်နှင့်ဆီလုပ်ငန်းရှင်များအသင်း


LEAVE A REPLY

Please enter your comment!
Please enter your name here