FDA Myanmar က”ရေစင်ရေမန်းတော်ကြီး” သောက်ရေသန့်အား သောက်သုံးရန်မသင့်ဟုအသိပေးထုတ်ပြန်

0
304

FDA Myanmar က”ရေစင်ရေမန်းတော်ကြီး” သောက်ရေသန့်အား သောက်သုံးရန်မသင့်ဟုအသိပေးထုတ်ပြန်

ကျန်းမာရေးဝန်ကြီးဌာန၊အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာန(FDA Myanmar)မှ “ရေစင်ရေမန်းတော်ကြီး”အမှတ်တံဆိပ်သောက် ရေသန့်အား ဓာတ်ခွဲစစ်ဆေးခဲ့ပြီးနောက် အသိ ပေးထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။

အဆိုပါ သောက်ရေသန့်အား ဓာတ်ခွဲစစ်ဆေးရာ အဏုဇီဝနှင့်ဓာတုသတ်မှတ်ချက်များဖြင့် ကိုက်ညီမှုမရှိကြောင်း စစ်ဆေးတွေ့ရှိရသဖြင့် သောက်သုံးရန်မသင့်သည့် သောက်ရေသန့်ဖြစ်ကြောင်း အသိပေးထုတ်ပြန်ခဲ့သည်။

ထို့ကြောင့် “ရေစင်ရေမန်းတော်ကြီး”သောက်ရေသန့်အား ဈေးကွက်အတွင်း၌ ဖြန့်ဖြူးရောင်းချခြင်းမပြုလုပ်ရန်၊ လိုက်နာဆောင်ရွက်ခြင်းမရှိပါက အမျိုးသားအစားအသောက်ဥပဒေပုဒ်မ ၂၈ (က)အရ အရေးယူသွားမည်ဟု အသိပေးထုတ်ပြန်ခဲ့သည်။


LEAVE A REPLY

Please enter your comment!
Please enter your name here