Sunday, January 5, 2025

အမေရိကန်ဒေါ်လာ (၂၅) သန်းနှင့် ထိုင်းဘတ်...

ယခု ၂၀၂၅ ခုနှစ်နှစ်ဆန်းပိုင်းတွင် ဗဟိုဘဏ်မှ အမေရိကန်ဒေါ်လာ (၂၅) သန်းနှင့် ထိုင်းဘတ် (၂ ဒသမ ၄)သန်းကျော်ထုတ်ရောင်းပေးခဲ့ကြောင်း ထုတ်ပြန်ထားသည့်ဈေးနှုန်းများအရ သိရသည်။ ဗဟိုဘဏ်အနေဖြင့်...

တနင်္သာရီ- မော့တောင် – ဘုတ်ပြင်းလမ်းပိုင်းခရီးသွားလာသူများ...

တနင်္သာရီတိုင်းအတွင်းရှိ တနင်္သာရီ - မော့တောင် - ဘုတ်ပြင်းလမ်းပိုင်း ခရီးသွားလာသူများအနေဖြင့် မိုင်းအန္တရာယ် အထူးဂရုပြုရန် ‌ဒေသတွင်း စောင့်ကြည့်လေ့လာသူများက ယမန်နေ့ ဇန်နဝါရီ(၄)ရက်၌...

ရိုးရာဖိုက်တာ နော်ဥမ္မာစိုး ကစ်ဘောက်ဆင်ချန်ပီယံ ပိုလန်ဖိုက်တာ...

Tiger Muay Thai Gym သို့ ရောက်ရှိနေသည့် ရိုးရာဖိုက်တာ နော်ဥမ္မာစိုးနှင့် ကစ်ဘောက်ဆင်ချန်ပီယံ ပိုလန်ဖိုက်တာ Ka rolina Lisowska...

စင်္ကာပူ၌ ဟိုက်ဒရိုဂျင်စွမ်းအင်သုံး ဓါတ်ငွေ့တာဘိုင်တည်ဆောက်မည်

စင်္ကာပူ၊ဇန်နဝါရီ ၄ စင်္ကာပူနိုင်ငံ၌ ၂၀၂၉ ခုနှစ်တွင် စတင်လည်ပတ်ရန်လျာထားသော ဟိုက်ဒရိုဂျင်စွမ်းအင်သုံး ဓါတ်ငွေ့တာဘိုင်ကို တည်ဆောက်သွားမည်ဖြစ်ကြောင်း ကုန်သွယ်ရေးနှင့်စက်မှုဝန်ကြီးဌာနလက်အောက်ရှိ စွမ်းအင်ဈေးကွက်အာဏာပိုင်အဖွဲ့က သတင်းထုတ်ပြန်ကြေငြာခဲ့သည်။ “စွမ်းအင်ဝယ်လိုအားမြင့်တက်လာတာနဲ့အမျှ ကျွန်တော်တို့ရဲ့နေ့စဉ်ဘဝတွေအတွက် စွမ်းအင်ပေးနိုင်ဖို့...
HomeInternationalအိန္ဒိယ၏၇၅ နှစ်မြောက် လွတ်လပ်ရေးနေ့သို့...

အိန္ဒိယ၏၇၅ နှစ်မြောက် လွတ်လပ်ရေးနေ့သို့ သမ္မတဘိုင်ဒင်သဝဏ်လွှာပို့

အိန္ဒိယ၏၇၅ နှစ်မြောက် လွတ်လပ်ရေးနေ့သို့ သမ္မတဘိုင်ဒင်သဝဏ်လွှာပို့

နူးဒေလီ၊ ဩဂုတ် ၁၅

အိန္ဒိယနိုင်ငံ၏ ၇၅ နှစ်မြောက် လွပ်လပ်ရေးနေ့ကို ဂုဏ်ပြုသည့်အနေဖြင့် အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင်က တနင်္ဂနွေနေ့က ကြေညာချက်တစ်ခု ထုတ်ပြန်ခဲ့သည်။အိန္ဒိယ နှင့်အမေရိကန် နှစ်နိုင်ငံစလုံးသည် ဒီမိုကရေစီနိုင်ငံကြီးများဖြစ်ကြကာ မရှိမဖြစ်သောမိတ်ဖက်နိုင်ငံများလည်းဖြစ်သည် ဟုဆိုခဲ့သည်။မိမိတို့နှစ်နိုင်ငံအတူပူးပေါင်းကာ ကမ္ဘာတစ်ဝန်းရှိစိန်ခေါ်မှုများကို အတူတကွဖြေရှင်းနိုင်ကြောင်း ထပ်လောင်းပြောကြားခဲ့သည်။

ကမ္ဘာအရပ်ရပ်မှ အိန္ဒိယလူမျိုးများအတွက် အိမ်ဖြူတော်ကထုတ်ပြန်သော သမ္မတဘိုင်ဒင်၏သဝဏ်လွှာက မဟတ္တမဂန္ဒီ၏ စကားများကိုအမှတ်ရစေခဲ့သည်။ထုတ်ပြန်ချက်မှာ

“အိန္ဒိယ – အမေရိကန်လူမျိုး လေးသန်းနီးပါးအပါအဝင် ကမ္ဘာတစ်ဝန်းရှိ အိန္ဒိယလူမျိုးများ၏ ၇၅ နှစ်မြောက် လွတ်လပ်ရေးနေ့ကျင်းပခြင်းကိုဂုဏ်ပြုအပ်ပါသည်။မဟတ္တမဂန္ဒီ၏ လမ်းညွှန်မှုနှင့်အတူ လွတ်လပ်ရေးကိုအရယူနိုင်ခဲ့သည့် အိန္ဒိယလူမျိုးများ၏ဇွဲသတ္တိကိုလည်း အမေရိကကချီးကျူးဂုဏ်ပြုကာ ထပ်တူဝမ်းမြောက်ပါသည်” ဟု ဆိုခဲ့သည်။

အိန္ဒိယနိုင်ငံ၏ ၇၅ နှစ်မြောက်လွတ်လပ်ရေးနေ့ဟူသည် အိန္ဒိယ-အမေရိကသံတမန်ဆက်ဆံရေး ၇၅ နှစ်မြောက်လည်းဖြစ်ကြောင်း သမ္မတကထပ်လောင်းပြောကြားခဲ့သည်။ထို့ပြင် သမ္မတက နှစ်နိုင်ငံစလုံး၏ပူးပေါင်းဆောင်ရွက်မှုသည် တရားဥပဒေစိုးမိုးရေးအတွက် တူညီသောကတိကဝတ်များဖြင့် အခြေခံထားခြင်းဖြစ်သည်ဟုလည်းဆိုခဲ့သည်။

“အိန္ဒိယနှင့် အမေရိကတို့သည် မရှိမဖြစ် မိတ်ဖက်နိုင်ငံများဖြစ်ကြပြီး အမေရိကန်-အိန္ဒိယ မဟာဗျူဟာမြောက် မိတ်ဖက်ဆက်ဆံရေးသည် တရားဥပဒေစိုးမိုးရေးအပါအဝင် လူသားလွတ်လပ်ခွင့်နှင့် ဂုဏ်သိက္ခာမြှင့်တင်ရေးတို့အတွက်ကတိကဝတ်တွင် အခြေခံထားသည်” ဟုလည်းဆိုသည်။

ထို့ပြင် “အမေရိကန်ပြည်ထောင်စုရှိ တက်ကြွသော အိန္ဒိယအမေရိကန်အသိုင်းအဝိုင်း” သည် အမေရိကကိုပိုမိုဆန်းသစ်တီထွင်ပြီး ပါဝင်နိုင်ကာပိုမိုအားကောင်းသောနိုင်ငံဖြစ်လာစေသည်ဟုလည်း ဘိုင်ဒင်ကထပ်လောင်းပြောကြားခဲ့သည်။

“လာမယ့်နှစ်တွေမှာ ကျွန်တော်တို့ဒီမိုကရေစီနှစ်နိုင်ငံအနေနဲ့ စည်းမျဥ်းကို အခြေခံပြီး ခုခံကာကွယ်ဖို့ဆက်လက်ပြီး အတူတကွ ရပ်တည်နိုင်မယ်လို့ ယုံကြည်ပါတယ်၊ ကျွန်တော်တို့ ပြည်သူတွေအတွက် ငြိမ်းချမ်းရေး၊ သာယာဝပြောရေးနဲ့ လုံခြုံရေးကိုမြှင့်တင်ဖို့၊ လွတ်လပ်ပွင့်လင်းတဲ့ အင်ဒို-ပစိဖိတ်ဒေသကို တိုးတက်စေပြီး ကမ္ဘာတစ်ဝန်းမှာ ရင်ဆိုင်နေကြရတဲ့ စိန်ခေါ်မှုတွေကို အတူတကွကိုင်တွယ်ဖြေရှင်းသွားမှာ ဖြစ်ပါတယ်” ဟု ဘိုင်ဒင်ကလက်မှတ် ရေးထိုးခဲ့သည်။

၁၉၄၇ ခုနှစ် ဩဂုတ်လ ၁၅ ရက်နေ့တွင် အိန္ဒိယနိုင်ငံသည် နှစ်ပေါင်း ၂၀၀ ကျော်ကြာ ဗြိတိသျှတို့ လွှမ်းမိုးချုပ်ကိုင်မှုမှ လွတ်လပ်ရေးရရှိခဲ့သည်။အိန္ဒိယအစိုးရသည် တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ‘Har-Ghar Tiranga’ (သုံးရောင်ခြယ်) လှုပ်ရှားမှုကို နိုင်ငံလုံးဆိုင်ရာလှုပ်ရှားမှုတစ်ရပ်အဖြစ်ကြေညာပြီး အိန္ဒိယအစိုးရသည် ၇၅ နှစ်မြောက်လွတ်လပ်ရေးနေ့ကို စိတ်ဓာတ်ပြင်းထန်စွာဖြင့် ဆင်နွှဲလျက်ရှိသည်။

ယနေ့တွင် ၀န်ကြီးချုပ် နရင်ဒရာမိုဒီသည် နူးဒေလီမြို့တော်ရှိ သမိုင်းဝင်ခံတပ်နီမှ နိုင်ငံတော်အား မိန့်ခွန်းပြောကြားမည်ဟု မျှော်လင့်ရသည်။

Source – Wio News

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

အမေရိကန်ဒေါ်လာ (၂၅) သန်းနှင့် ထိုင်းဘတ် (၂ ဒသမ ၄) သန်းကျော်ဗဟိုဘဏ်ထုတ်ရောင်းခဲ့

ယခု ၂၀၂၅ ခုနှစ်နှစ်ဆန်းပိုင်းတွင် ဗဟိုဘဏ်မှ အမေရိကန်ဒေါ်လာ (၂၅) သန်းနှင့် ထိုင်းဘတ် (၂ ဒသမ ၄)သန်းကျော်ထုတ်ရောင်းပေးခဲ့ကြောင်း ထုတ်ပြန်ထားသည့်ဈေးနှုန်းများအရ သိရသည်။ ဗဟိုဘဏ်အနေဖြင့် တစ်ဒေါ်လာ (၃၅၈၈)ကျပ်နှုန်းဖြင့် အမေရိကန်ဒေါ်လာ (၂၅) သန်း၊ ထိုင်းဘတ်ငွေလဲနှုန်း (၁၂၉ ဒသမ ၉၀) ကျပ်နှုန်းဖြင့် (၂)သန်းခွဲ ဝန်းကျင်ထပ်မံ ထုတ်ရောင်းပေးခဲ့ခြင်းဖြစ်သည်။ ပြင်ပငွေကြေးဈေးကွက်တွင်အမေရိကန် တစ်ဒေါ်လာ (၄၃၆၀ - ၄၄၃၀) ကျပ် ဝန်းကျင် ပေါက်ဈေးရှိပြီး ပြင်ပပေါက်ဈေးနှင့် ဗဟိုဘဏ်ပေါက်ဈေးကွာဟချက်သည် တစ်ဒေါ်လာ ကျပ် (၈၀၀) ဝန်းကျင်သာ...

တနင်္သာရီ- မော့တောင် – ဘုတ်ပြင်းလမ်းပိုင်းခရီးသွားလာသူများ မိုင်းအန္တရာယ် အထူးဂရုပြုရန် သတိပေး

တနင်္သာရီတိုင်းအတွင်းရှိ တနင်္သာရီ - မော့တောင် - ဘုတ်ပြင်းလမ်းပိုင်း ခရီးသွားလာသူများအနေဖြင့် မိုင်းအန္တရာယ် အထူးဂရုပြုရန် ‌ဒေသတွင်း စောင့်ကြည့်လေ့လာသူများက ယမန်နေ့ ဇန်နဝါရီ(၄)ရက်၌ သတိပေးထားနှိုးဆော်ထားသည်။ အဆိုပါ လမ်းပိုင်းအတွင်းရှိ ကျေးရွာများ၌ နှစ်ဘက်ထိတွေပစ်ခတ်မှုများ မကြာခဏဖြစ်ပွားလေ့ရှိပြီး၊ မိုင်းထောင်ထားခြင်းများလည်းရှိနေသည့်အတွက် နေရာတိုင်းသတိထားသွားလာကြရန် တိုက်တွန်းထားသည်။ အလားတူ မြိတ် - တနင်္သာရီ လမ်းပိုင်းတွင်လည်းခရီးသွားပြည်သူများ လမ်းဘေး အပေါ့အပါးသွားလာခြင်းမျိုးမပြုကြရန်နှိုးဆော်ထားသည်။ ယင်း လမ်းပိုင်းအတွင်း ည(၆)နာရီကျော်ပါက ဖြတ်သန်းမောင်နှင်ခြင်းမပြုကြရန်နှင့် အဆိုပါ လမ်းပိုင်းပေါ်ရှိ ရမ်းဖိုရွာ၊ ကမ်းတိုရွာ၊ ညောင်ပင်ကုန်းရှာနှင့် ဘန်းလမွတ်ရွာတို့မှ တိုက်ပွဲဖြစ်ပွားရာနယ်မြေများဖြစ်သည်ဟု သတိပေးထားသည်။ ပြီးခဲ့သည့်နှစ်အတွင်း တနင်္သာရီတိုင်း၌...

ရိုးရာဖိုက်တာ နော်ဥမ္မာစိုး ကစ်ဘောက်ဆင်ချန်ပီယံ ပိုလန်ဖိုက်တာ ဖြင့် ယှဉ်ပြိုင်ထိုးသ-တ်မည်

Tiger Muay Thai Gym သို့ ရောက်ရှိနေသည့် ရိုးရာဖိုက်တာ နော်ဥမ္မာစိုးနှင့် ကစ်ဘောက်ဆင်ချန်ပီယံ ပိုလန်ဖိုက်တာ Ka rolina Lisowska တို့ ဇန်နဝါရီ(၉)ရက် ညပိုင်းတွင် ယှဉ်ပြိုင်ထိုးသ-တ်သွားမည်ဖြစ်ကြောင်း သိရသည်။ အဆိုပါ ပွဲစဉ်ကို ထိုင်းနိုင်ငံ၊ ဖူးခက်မြို့တွင် ပြုလုပ်သွားမည်ဖြစ်ပြီး၊ Patong Fight Night ချန်ပီယံခါးပတ်လုပွဲစဉ် တစ်ခုဖြစ်ကြောင်း သိရသည်။ ပွဲစဉ်နှင့်ပတ်သက်၍ နော်ဥမ္မာစိုးက "ပွဲက(၉)ရက်နေ့ Phuket မှာရှိမယ် အားပေးကြပါဦး"ဟု သူမ၏ လူမှုကွန်ရက်စာမျက်နှာတွင် အသိပေးထားသည်။ ပွဲစဉ်ကို Patong Fight Night...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071