မြင်းမူမြို့နယ်တွင် ခရီးသည်တင်ကားတစ်စီး မိုင်းဆွဲတိုက်ခိုက်ခံရ သံဃာတော် ၂ ပါးအပါအ ဝင် ၃ ဦးဒဏ်ရာရကာ ၁၅ ဦးဖမ်းဆီးခံရဟု နစက ထုတ်ပြန်

0
292

မြင်းမူမြို့နယ်တွင် ခရီးသည်တင်ကားတစ်စီး မိုင်းဆွဲတိုက်ခိုက်ခံရ သံဃာတော် ၂ ပါးအပါအ ဝင် ၃ ဦးဒဏ်ရာရကာ ၁၅ ဦးဖမ်းဆီးခံရဟု နစက ထုတ်ပြန်

စစ်ကိုင်းတိုင်း၊မြင်းမူမြို့နယ်၊ဂွေးပင်တောကျေး ရွာအနီးရှိ မန္တလေး-မုံရွာ သွားကားလမ်းပေါ်တွင် ဩဂုတ် ၁၂ ရက်ညနေ ၅ နာရီခွဲခန့်က ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း နစက မှထုတ်ပြန်ခဲ့သည်။

ရန်ကုန်မြို့မှမုံရွာမြို့သို့ မန္တလေး-မုံရွာသွားကားလမ်းအတိုင်းမောင်းနှင်လာသည့် ခရီးသည်တင်ကားအား ဂွေးပင်တောကျေးရွာအနီးအရောက် လက်နက်ကိုင်အဖွဲ့ဝင်များက လက်လုပ်မိုင်း ၂ လုံးဖြင့် ဖောက်ခွဲတိုက်ခိုက်ခဲ့ကြသည်။

ဖြစ်စဥ်ကြောင့် ခရီးသည်တင်ကားပေါ်၌ လိုက်ပါလာသူများအနက် သံဃာတော် ၂ ပါးနှင့်အမျိုး သား ၁ ဦးတို့တွင် မိုင်းစထိမှန်ဒဏ်ရာများရရှိခဲ့ကာ ကား၏ဘေးဘယ်၊ညာမှန်များ ကွဲကြေပျက် စီးခဲ့ကြောင်း သိရသည်။

ထို့ပြင် မိုင်းပေါက်ကွဲမှုဖြစ်ပွားပြီးနောက် လက် နက်ကိုင်အဖွဲ့ဝင် ၁၀ ဦးခန့်ရောက်ရှိလာကာ ခရီး သည်တင်ကား၊ကားလိုင်းမှဝန်ထမ်း ၄ ဦးနှင့်ခရီး သည် ၁၁ ဦးတို့အား ဖမ်းဆီးခေါင်သွားခဲ့ကြသည်ဟု နစက မှထုတ်ပြန်ခဲ့သည်။

ထို့ကြောင့် ဖမ်းဆီးခေါ်သွားခံရသူများ အမြန်ဆုံးပြန်လည်လွတ်မြောက်နိုင်ရန်နှင့်ပြစ်မှုကျူးလွန်သူများအား ဖမ်းဆီးရမိရေးတို့အတွက် လုံခြုံရေးအဖွဲ့ဝင်များက ပိတ်ဆို့ရှာဖွေစစ်ဆေးလျက်ရှိကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here