အမေရိကန် လွှတ်တော်ကိုယ်စားလှယ်အဖွဲ့ ထိုင်ဝမ်သို့ ထပ်မံရောက်ရှိ

0
231

အမေရိကန် လွှတ်တော်ကိုယ်စားလှယ်အဖွဲ့ ထိုင်ဝမ်သို့ ထပ်မံရောက်ရှိ

တိုင်ပေ၊ ဩဂုတ် ၁၅ ရက်

အမေရိကန်လွှတ်တော်ကိုယ်စားလှယ်အဖွဲ့တစ်ဖွဲ့သည် ထိုင်ဝမ်သို့ နှစ်ရက်ကြာ ခရီးစဉ်အဖြစ် သြဂုတ် ၁၄ ရက် တနင်္ဂနွေနေ့ တွင် ရောက်ရှိခဲ့ပြီး ထိုင်ဝမ်သမ္မတ ဆိုင်အင်ဝမ် နှင့်လည်း တွေ့ဆုံမည်ဖြစ်ကြောင်း သိရသည်။

၎င်းအဖွဲ့သည် ထိုင်ဝမ်နှင့် တရုတ်နိုင်ငံတို့ကြား စစ်ရေးတင်းမှုများရှိနေချိန် ထိုင်ဝမ်သို့လာရောက်ခဲ့သည့် အမေရိကန်၏ ဒုတိယမြောက် အဆင့်မြင့် ကိုယ်စားလှယ်အဖွဲ့ဖြစ်လာသည်။

အင်ဒို-ပစိဖိတ်ဒေသသို့ ပိုမိုကြီးမားသော ခရီးစဉ်၏ တစ်စိတ်တစ်ပိုင်းအဖြစ် ရောက်ရှိလာသော အဆိုပါ ကိုယ်စားလှယ်အဖွဲ့အား အထက်လွှတ်တော်အမတ် အက် မာကီ ဦးဆောင်ခဲ့ပြီး ၎င်းနှင့်အတူ အောက်လွှတ်တော်အမတ် လေးဦးပါ လိုက်ပါလာသည်ဟု တိုင်ပေရှိ အမေရိကန်သံရုံးက ပြောကြားခဲ့သည်။

ထိုင်ဝမ်သမ္မတရုံးက အဆိုပါအဖွဲ့သည် တနင်္လာနေ့နံနက်တွင် သမ္မတ ဆိုင် နှင့် တွေ့ဆုံမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။

အထူးသဖြင့် တရုတ်နိုင်ငံသည် ထိုင်ဝမ်ရေလက်ကြားနှင့် ဒေသတွင်း၌စစ်ရေးလေ့ကျင့်မှုများ ကိုပြုလုပ်လာသဖြင့် တင်းမာမှုများ မြင့်တက်လာချိန်တွင် ထိုင်ဝမ်သို့ အလည်အပတ်လာရောက်သည့် မာကီ ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့သည် ထိုင်ဝမ်အပေါ် ထားရှိသည့် အမေရိကန်ကွန်ဂရက်လွှတ်တော်၏ ခိုင်မာသော ထောက်ခံမှုကို ထပ်မံပြသလိုက်ကြောင်း တိုင်ပေရှိ အမေရိကန်သံရုံးက ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ဝါရှင်တန်ရှိ တရုတ်သံရုံးက အမေရိကန်ကွန်ဂရက်အမတ်များသည် အမေရိကန်အစိုးရကလက်ခံထားသည့် တရုတ်တစ်နိုင်ငံတည်းဟူသော မူဝါဒနှင့်အညီ ပြုမူနေထိုင်သင့်ကြောင်း၊ အမေရိကသည် ထိုင်ဝမ်ရေလက်ကြားတစ်လျှောက် တည်ငြိမ်ရေးကို မမြင်လိုကြောင်းနှင့် နှစ်ဘက်ကြား ထိပ်တိုက်ရင်ဆိုင်မှုများကို လှုံ့ဆော်ရန်နှင့် တရုတ်နိုင်ငံ၏ ပြည်တွင်းရေးကို ဝင်ရောက်စွက်ဖက်ရန် ကြိုးပမ်းနေကြောင်းကို အဆိုပါလွှတ်တော်အမတ်များ၏ ခရီးစဉ်က ထပ်မံ သက်သေပြနေသည်ဟု ပြောဆိုခဲ့သည်။

အိမ်ဖြူတော် အမျိုးသားလုံခြုံရေးကောင်စီ ပြောရေးဆိုခွင့်ရှိသူက ကွန်ဂရက်လွှတ်တော်အမတ်များသည် ထိုင်ဝမ်သို့ ဆယ်စုနှစ်များစွာကတည်းကသွားရောက်လည်ပတ်‌ေနခဲ့ပြီး ဆက်လက်‌၍လည်းလုပ်သွားဦးမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။

ထို့အပြင် အဆိုပါခရီးစဉ်သည် အမေရိကန်ပြည်ထောင်စုကလက်ခံထားသည့် ပြည်နယ်အားလုံးပေါင်းက တရုတ်တစ်နိုင်ငံတည်းဟူသော မူဝါဒနှင့်အညီ သွားရောက်ခဲခြင်းဖြစ်ကြောင်း ၎င်းက ထပ်လောင်း ပြောကြားခဲ့သည်။

Source: CNA


LEAVE A REPLY

Please enter your comment!
Please enter your name here