မင်းသမီးအန်းဟက်ရှ်၏ ခန္ဓာကိုယ်အစိတ်အပိုင်းများလှူဒါန်းပြီ

0
245

မင်းသမီးအန်းဟက်ရှ်၏ ခန္ဓာကိုယ်အစိတ်အပိုင်းများလှူဒါန်းပြီ

ဩဂုတ်လ ၅ ရက်နေ့ကဖြစ်ပွားခဲ့သော ယာဉ်တိုက်မှုကြောင့် စိုးရိမ်ရသောအခြေနေဖြင့် ဆေးကုသမှုခံယူနေရသည့် ဟက်ရှ်သည် အသက်ရှင်နိုင်ခြေမရှိတော့ဟု မိသားစုဝင်များက ကြာသပတေးနေ့ကအသိအမှတ်ပြုလက်ခံခဲ့ကြကာ တနင်္ဂနွေနေ့၌ သူ့အားအသက်ကယ်ထောက်ပံ့မှုမှ ဖယ်ရှားခဲ့သည်။

ယာဉ်တိုက်မှုဖြစ်ပွားပြီး ၉ ရက်ကြာသည်အထိသတိလစ်‌ေမ့‌‌ေမျာနေခဲ့ရာမှ သောကြာနေ့က ဦးနှောက်သေသွားသဖြင့််သေဆုံးသွားပြီဟု ကြေငြာခဲ့ကြခြင်းဖြစ်သည်။

ထိုသို့ကြေငြာခဲ့ပြီးနောက် အသက်ကယ်ထောက်ပံ့မှုကို ချက်ချင်းမဖယ်သေးပဲဆက်လက်ထားရှိကာ အခြားကောင်းနေသေးသော ခန္ဓာကိုယ်အစိတ်အပိုင်းများကို လှူဒါန်းရန်စောင့်ဆိုင်းနေခဲ့ကြသည်။

ကိုယ်တွင်းအင်္ဂါ အလှူရှင်တစ်ဦးဖြစ်သည့် ဟက်ရှ်ထံမှ အလှူခံမည့်သူရှိသည်အထိ အသက်ကယ်ထောက်ပံ့မှုပေးခဲ့ပြီးခန္ဓာကိုယ်မှ ကိုယ်တွင်းအင်္ဂါမည်မျှကိုအသုံးပြုနိုင်မည်ကိုမူ ချက်ချင်းမသိရသေးပေ။

သားနှစ်ယောက်မိခင်ဖြစ်သည့် အန်းဟက်ရှ်သည် ကွယ်လွန်ချိန်တွင် အသက် ၅၃ နှစ်ရှိပြီဖြစ်သည်။သူ၏သေဆုံးမှုနှင့်ပတ်သက်၍ သားအကြီးဖြစ်သူ Homer Laffoon ကလည်း “ညီလေးနဲ့ ကျွန်တော့်အတွက် မိခင်မဲ့သွားပေမဲ့ အမေခံစားနေရတဲ့ ဝေဒနာတွေချုပ်ငြိမ်းပြီး သူ့ရဲ့ရုန်းကန်နာကျင်နေခဲ့ရတဲ့ ဘဝကနေလွတ်မြောက်သွားပြီမို့ ဖြေသာပါတယ်” ဟု ပြောကြားခဲ့သည်။

ကျန်မိသားစုဝင်များကလည်း “ဒီနေ့မှာတော့ တောက်ပတဲ့အလင်းရောင်၊ ကြင်နာပြီးအပျော်ရွှင်တတ်ဆုံး နှလုံးသား၊ ချစ်စရာကောင်းတဲ့ အမေနဲ့သစ္စာရှိတဲ့ သူငယ်ချင်းကို ဆုံးရှုံးလိုက်ရပါတယ်” ဟု ၎င်းတို့၏ပူးတွဲကြေညာချက်တွင် ဖော်ပြထားသည်။

ဟားလဝတ်ဒ်သရုပ်‌ေဆာင်တစ်ဦးဖြစ်သည့်အန်းဟက်ရှ်သည် Tony Award,Emmy Award စသည့်ဆုများအပြင် အခြားဆုတံဆိပ်များကိုလည်းပိုင်ဆိုင်ထားသည့် နာမည်ကျော်သရုပ်ဆောင်တစ်ဦးဖြစ်သည်။

Source – NBC News


LEAVE A REPLY

Please enter your comment!
Please enter your name here