ကိုဗစ်(၁၉)ရောဂါကုသဆေးဝါး(သောက်ဆေး)ကို PACLOVID ” အမည်ဖြင့် Pacific Medical Industries Ltd(PMI)ဆေးဝါးစက်ရုံမှအောင်မြင်စွာ ထုပ်လုပ်

0
391

ကိုဗစ်(၁၉)ရောဂါကုသဆေးဝါး(သောက်ဆေး)ကို PACLOVID ” အမည်ဖြင့် Pacific Medical Industries Ltd(PMI)ဆေးဝါးစက်ရုံမှအောင်မြင်စွာ ထုပ်လုပ်

ကိုဗစ်(၁၉)ရောဂါကုသခြင်းအတွက် နောက်ဆုံး ပေါ်ကုသဆေး(သောက်ဆေး)အား မြန်မာနိုင်ငံသားပိုင် Pacific Medical Industries Ltd ဆေး ဝါးစက်ရုံမှ မှ branded generic “PACLOVID ” အမည်ဖြင့် အောင်မြင်စွာထုတ်လုပ်နိုင်ခဲ့ပြီးနောက် သြဂုတ် ၁၀ ရက်က FDA Myanmar ၏ခွင့်ပြုချက်ရရှိခဲ့ကြောင်း သိရသည်။

မြန်မာနိုင်ငံအစားအသောက်နှင့်ဆေးဝါးကွပ်ကဲမှုဌာန FDA Myanmar မှထောက်ခံစာအမှတ် (2308ND012)ဖြင့်ခွင့်ပြုခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ကမ္ဘာ့ကျန်းမာရေးအဖွဲ့အစည်း(WHO)အပါအဝင် US FDA , UK MHRA , Korea FDA , Singapore FDA အပါအဝင် ကမ္ဘာ့ဖွံ့ဖြိုးပြီးနိုင်ငံများ၏ ကျန်း မာရေးအဖွဲ့အစည်းများမှလည်း အဆိုပါ PAXLOVID(Nirmatrelvir 150mg; Ritonavir 100mg)ဆေးအားထောက်ခံထားသည်ဟု သိရသည်။


PAXLOVID(Nirmatrelvir 150mg; Ritonavir 100mg (2)မျိုးပါ)ဗိုင်းရပ်ကုသဆေးအား Pacific Medical Industries Ltd ဆေးဝါးစက်ရုံမှ ပြည် တွင်းပညာရှင်များ၊နိုင်ငံခြားသားပညာရှင်များ ပူးပေါင်း၍ အဆင့်ဆင့် research & development ပေါင်းများစွာပြုလုပ်ပြီး  branded generic PACLOVID (Nirmatrelvir 150mg; Ritonavir 100mg)အမည်ဖြင့် ထုတ်လုပ်အောင် မြင်ခဲ့ခြင်းဖြစ်သည်။

Pacific Medical Industries Ltd (PMI)ဆေးဝါးစက်ရုံသည် ယခင် Delta နှင့် Omicron Covid ပိုးများကူးစက်စဉ်ကာလများ၌ FAVIPAC 200 , 400 ၊ MOLNUPAC 200 , 400 တို့အားအရည်အသွေးပြည့်မီစွာထုတ်လုပ်၍ မြန်မာတစ်နိုင်ငံလုံးသို့ ဖြန့် ဖြူးပေးခဲ့သည်။

PACLOVID( Nirmatrelvir 150mg; Ritonavir 100mg)ဆေးသည် ကိုဗစ်(၁၉)ရောဂါကြောင့် ဆေးရုံတက်ရသည့်နှုန်းလျော့နည်းစေခြင်း၊ရောဂါဆိုးရွားစွာကူးစက်ခံနေရသူများ စောလျင်စွာကုသနိုင်ပါက သေဆုံးမှုနှုန်းအား ၉၀ ရာခိုင်နှုန်းအထိလျော့ချနိုင်ခြင်း၊ delta နှင့် omicron မျိုး စိတ်များအား(ဓါတ်ခွဲစမ်းသပ်ချက်အရ)အောင် မြင်စွာကုသနိုင်ခြင်း၊ အသက် ၁၂ နှစ် အထက် ကိုယ်အလေးချိန် 40 kg အထက်ကလေးများအား ကုသမှုပေးနိုင်ခြင်း ကောင်းကျိုးများရှိသည့် သောက်ဆေးဖြစ်ကြောင်း သိရသည်။

ထို့ပြင် PACLOVID(Nirmatrelvir 150mg; Ritonavir 100mg)ဆေးသည် ဆရာဝန်ညွှန်ကြား ချက်နှင့်သောက်သုံးရသည့် (Prescription Only Medicine – POM)ဆေးအမျိုးအစားဖြစ်ကြောင်း သိရသည်


LEAVE A REPLY

Please enter your comment!
Please enter your name here