မတ္တရာမြို့နယ်မှ ကျေးရွာအုပ်ချုပ်ရေးမှူးတစ်ဦးအား လက်နက်ကိုင်အဖွဲ့ဝင်များကဖမ်းဆီးသွား

0
270

မတ္တရာမြို့နယ်မှ ကျေးရွာအုပ်ချုပ်ရေးမှူးတစ်ဦးအား လက်နက်ကိုင်အဖွဲ့ဝင်များကဖမ်းဆီးသွား

မန္တလေးတိုင်း၊မတ္တရာမြို့နယ်၊ရွာတန်းရှည်ကျေး ရွာ၏ ကျေးရွာအုပ်ချုပ်ရေးမှူးဦးသိန်းထွန်းအား လက်နက်ကိုင်အဖွဲ့ဝင်များက သြဂုတ် ၁၅ ရက်မွန်းလွဲပိုင်းက ဖမ်းဆီးခေါ်ဆောင်သွားခဲ့ကြကြောင်း သိရသည်။

ယင်းနေ့မွန်းလွဲ ၂ နာရီခန့်က လက်နက်ကိုင်အဖွဲ့ဝင်များက ရွာတမ်းရှည်ကျေးရွာ၏ ကျေးရွာအုပ်ချုပ်ရေးမှူးဦးသိန်းထွန်းနေအိမ်သို့ ရောက်ရှိလာပြီးနောက် ဖမ်းဆီးခေါ်ဆောင်သွားခဲ့ကြခြင်းဖြစ်ကြောင်း သိရသည်။

ကျေးရွာအုပ်ချုပ်ရေးမှူးဦးသိန်းထွန်းနှင့်အတူ ၎င်းအားမြို့နယ်အစီအစဥ်ဖြင့် ထုတ်ပေးထားသည့် လက်နက်ခဲယမ်းအချို့ကိုလည်း ယူဆောင်သွားခဲ့ကြကြောင်း သိရသည်။

ထို့ကြောင့် လုံခြုံရေးအဖွဲ့ဝင်များက ဖမ်းဆီးသွားခြင်းခံရသည့် ကျေးရွာအုပ်ချုပ်ရေးမှူးဦးသိန်းထွန်းအား ပြန်လည်တွေ့ရှိရန် စုံစမ်းစစ်ဆေးမှုများပြုလုပ်လျက်ရှိကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here