ညောင်ဦးမြို့နယ်တွင် Hijet ကားနှင့် Suzuki ကားတို့တိုက်မိ၍ (၁) ဦးသေဆုံးကာ (၈) ဦးဒဏ်ရာရ

0
259

ညောင်ဦးမြို့နယ်တွင် Hijet ကားနှင့် Suzuki ကားတို့တိုက်မိ၍ (၁) ဦးသေဆုံးကာ (၈) ဦးဒဏ်ရာရ

မန္တလေးတိုင်း၊ညောင်ဦးမြို့နယ်၊ကူရွာကျေးရွာအုပ်စု၊တောင်ရှေ့ကျေးရွာ၏ ညောင်ဦး-ကျောက်ပန်းတောင်းသွားကားလမ်း၌ သြဂုတ် (၁၆) ရက်(ယနေ့)နံနက်ပိုင်းက ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ယနေ့နံနက် (၅) နာရီကျော်ခန့်က တောင်ရှေ့ကျေးရွာ၊ယုန်လွှတ်ကျွန်းလမ်းထိပ်ရှိ ညောင်ဦး-ကျောက်ပန်းတောင်းကားလမ်း၏ မိုင်တိုင်အမှတ် ၂၂/၂ အနီးတွင် ကားမောင်းသူအပါအဝင် (၈) ဦးလိုက်ပါလာသည့် Hijet ကားနှင့်အ မျိုးသားတစ်ဦး မောင်းလာသည့် Suzuki ကားတို့ တိုက်မိခဲ့ခြင်းဖြစ်ကြောင်း မြန်မာနိုင်ငံ မီးသတ်တပ်ဖွဲ့မှ သိရသည်။

အဆိုပါ ယာဉ်တိုက်မှုကြောင့် ထိခိုက်ဒဏ်ရာရသူများနှင့်ကားအတွင်း ညပ်နေသူများရှိကြောင်း သတင်းအရ ညော င်ဦးခရိုင်/မြို့နယ် မီးသတ်စခန်း၊ အမှတ် (၅) အရန်မီး သတ်၊ Bagan Rescue လူမှုကူညီရေးအသင်း၊ ဂရုဏာရှင်လူမှုကူညီရေးအသင်း၊ မြင့်မြတ်သူလူမှုကူညီရေးအ သင်းနှင့်တာဝန်ရှိသူများက ကူညီကယ်ဆယ်ရေးလုပ်ငန်းများပြု လုပ်ခဲ့ကြောင်း သိရသည်။

ဖြစ်စဥ်ကြောင့် Hijet ကားပေါ်တွင်လိုက်ပါလာသူများအ နက် အမျိုးသားတစ်ဦးမှာ အခင်းဖြစ်နေရာ၌ ထိခိုက်ဒဏ်ရာများရရှိပြီး အခင်းဖြစ်နေရာတွင် သေဆုံးသွားခဲ့ကြောင်း သိရသည်။

ထို့အပြင် အမျိုးသား (၅) ဦး၊ အမျိုးသမီး (၂) ဦးနှင့် Suzuki ကားပေါ်ရှိ အမျိုးသား တစ်ဦးတို့တွင်လည်း ထိ ခိုက်ဒဏ်ရာများရရှိခဲ့ကြသဖြင့် လူမှုကူညီရေးအသင်းကားများဖြင့် ညောင်ဦးခရိုင်ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ခဲ့ကြကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here