ရွှေပြည်သာတွင် ဆီကုန်သည်နှင့်ဆီလုပ်ငန်းရှင်များအသင်းက ပြင်ပဈေးနှုန်းထက် ထက်ဝက်လျှော့ကာ ဆီများလာရောင်း ၊ လူရာချီ တန်းစီဝယ်ယူ

0
365

ရွှေပြည်သာတွင် ဆီကုန်သည်နှင့်ဆီလုပ်ငန်းရှင်များအသင်းက ပြင်ပဈေးနှုန်းထက် ထက်ဝက်လျှော့ကာ ဆီများလာရောင်း ၊ လူရာချီ တန်းစီဝယ်ယူ

စားသုံးဆီ ကို အပြင်ပေါက်စျေးထက် ထက်ဝက်ခန့် လျော့ပြီးမြန်မာနိုင်ငံ ဆီကုန်သည်နှင့်ဆီလုပ်ငန်းရှင်များအသင်း လက်အောက်ရှိ Six Winner Brothers Co.ltd မှ ရွှေပြည်သာတွင် လာရောက် ရောင်းချရာ လူရာကျော် က တန်းစီတိုးဝှေ့ ဝယ်ယူ နေကြောင်း သိရသည်။

အဆိုပါ Six Winner Brothers Co.ltd မှ စားသုံးဆီ တစ်ပိဿာကို ကျပ် ၄၃၀၀ ဖြင့် ရောင်းချပေးကြောင်းသိရသည်။

ယနေ့ သြဂုတ်လ (၁၆) ရက်နေ့ နံနက် (၉)နာရီ ခွဲ ခန့်က ရွှေပြည်သာ မြို့နယ် (၁၀) ရပ်ကွက် ရှိ ကော့သောင်း လမ်းတွင် လူတစ်ဦးလျှင် စားအုံးဆီ ငါးဆယ်သား ကို ရောင်းချပေးကြောင်းသိရသည် ။

” အပြင်မှာ ဆို စား အုံးဆီ တပိဿာကို ၉၀၀၀ ကျော်တယ်။ အခု ဒီမှာက ငါးဆယ်သားကို ၂၂၀၀ နဲ့ ရောင်းပေးတယ်လေ။ အပြင် မှာ ငါးဆယ်သား ဆို ကျပ် ၄၅၀၀ ရှိနေတဲ့အချိန် ၂၀၀၀ ကျော်ပဲပေးရတော့ ၂၅၀၀ လောက် သက်သာတယ်။ ဆန် တပြည် ဖိုး ရတယ်ဆိုပြီး အဲဒီလို တွက်ချက်ပြီး လာရောက် တိုးနေရတယ် “ဟု လာရောက် တန်းစီနေသည့် အိမ်ရှင်မ တစ်ဦးက ပြောသည်။

ယခုကဲ့သို့ ထက်ဝက်ခန့် သက်သာသည့်နှုန်းထား ဖြင့် ရောင်းချပေးသဖြင့် လာရောက် တန်းစီတိုးဝှေ့စောင့်ဆိုင်းကာ ဝယ်ယူသူများပြားကြောင်းသိရသည်။

လက်ရှိတွင် အခြေခံစားသောက်ကုန် များဖြစ်ကြ သည့် ဆန် ၊ ဆီ ၊ ဟင်းသီးဟင်းရွက် စျေးနှုန်းများမှာ အဆမ တန် စျေးကြီးမြှင့်မားနေသည့် အတွက် အခြေခံလူတန်း စားများအတွက် ဝင်ငွေနှင့်မမျှ သည့် အခက်အခဲ များကို ကြုံတွေ့ရကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here