မတ္တရာနှင့် စဉ့်ကူးမြို့နယ်တွင် အသက် (၇၀) ကျော်အ မျိုးသား (၂) ဦး သေနတ်ဖြင့် ပစ်သတ်ခံခဲ့ရ
မန္တလေးတိုင်း၊ မတ္တရာမြို့နယ်၊ကျောက်ဆည်လေးကျေး ရွာနှင့်စဉ့်ကူးမြို့နယ်၊ ဆင်သေကျေးရွာတို့တွင် သြဂုတ် (၁၅) ရက်တွင် အသက်(၇၀) ကျော် အမျိုးသား (၂)ဦးသေနတ်ဖြင့် ပစ်သတ်ခံခဲ့ရကြောင်း သိရသည်။
မတ္တရာမြို့နယ်၊ ရေကြည်ကျေး ရွာအုပ်စု၊ ကျောက်ဆည်လေးကျေးရွာတွင် သြဂုတ် (၁၅) ရက်ညနေ (၅) နာရီခွဲခန့်က ဆိုင်ကယ်စီးလာသည့် အမည်မသိအမျိုးသား (၂) ဦးမှ ယင်းကျေးရွာနေ ဦးထွန်းမောင်ကြီး(၇၄) နှစ်အား သေ နတ်ဖြင့် ပစ်ခတ်ကာ ထွက်ပြေးသွားကြောင်း သိရသည်။
အဆိုပါ ပစ်ခတ်မှုကြောင့် ဦးထွန်းမောင်ကြီးတွင် ကျည်ထိမှန်ဒဏ်ရာများရရှိကာ အခင်းဖြစ်နေရာ၌ သေဆုံးသွားခဲ့ကြောင်း သိရသည်။
အလားတူ စဉ့်ကူးမြို့နယ်၊ ဆင်သေကျေးရွာနေ ဦးကံချွန် (၇၂) ၏ နေအိမ်သို့ သြဂုတ် (၁၅) ရက်နံနက် (၁၀) နာရီခွဲခန့်တွင် လက်နက်ကိုင်အဖွဲ့ဝင်များက စက်လှေတစ်စီးဖြင့် ရောက်ရှိလာခဲ့ကြောင်း သိရသည်။
ထိုသို့ ရောက်ရှိလာပြီးနောက် သေနတ်ပြကာ ငွေကြေးတောင်းခံရာ ထုတ်ပေးခြင်းမရှိသဖြင့် ဦးကံချွန်အား သေ နတ်ဖြင့်ပစ်ခတ်၍ ပိုက်ဆံအချို့အားယူဆောင်ကာ ပြန် လည် ထွက်ခွာသွားခဲ့ကြကြောင်း သိရသည်။
ယင်းကဲ့သို့ သေနတ်ဖြင့် ပစ်ခတ်ခံရမှုကြောင့် ဦးကံချွန် ၏ ရင်ဘတ်တွင် ကျည်ထိမှန်ဒဏ်ရာရရှိကာ အခင်းဖြစ်နေရာ၌သေဆုံးသွားခဲ့ကြောင်း သိရသည်။
ဖြစ်စဉ်များမှ ပြစ်မှုကျူးလွန်သူများအား ဖမ်းဆီးရမိရေးအတွက် လုံခြုံရေးအဖွဲ့ဝင်များက ရှာဖွေစစ်ဆေးမှုများပြုလုပ်လျက်ရှိကြောင်း သိရသည်။