KNU ကော်သူးလေ အုပ်ချုပ်နယ်မြေအတွင်းရှိ မြို့နယ် သုံးမြို့နယ်တွင် စစ်ဘေးရှောင် ပြည်သူ တစ်သိန်းနီးပါး အထိလာရောက် ခိုလှုံနေရ

0
119

KNU ကော်သူးလေ အုပ်ချုပ်နယ်မြေအတွင်းရှိ မြို့နယ် သုံးမြို့နယ်တွင် စစ်ဘေးရှောင် ပြည်သူ တစ်သိန်းနီးပါး အထိလာရောက် ခိုလှုံနေရ

ကရင်အမျိုးသားအစည်းအရုံး၊ ကော်သူးလေအုပ်ချုပ်နယ်မြေတစ်ခုဖြစ်သည့် မူတြော်ခရိုင် တပ်မဟာ (၅)ဒေသအတွင်း တိုက်ပွဲများဖြစ်ပွားနေသည့်အတွက် မြို့နယ် သုံးမြို့နယ်တွင် စစ်ဘေးရှောင်ပြည်သူ ၉၆၁၈၀ ဦး အထိရှိလာကြောင်း ကရင်အမျိုးသားအစည်းအရုံး(ဗဟို) ၊ ပြန်ကြားရေး သြဂုတ် ၁၅ ရက်တွင် ထုတ်ပြန်ထားသည်။

လက်ရှိတွင် ယင်းဒေသအတွင်း တပ်မတော်အပါအ၀င် နယ်ခြားစောင့်တပ်များ၏ စစ်ရေးလှုပ်ရှားမှုများ အဆက်မပြတ် ရှိနေသည့်အတွက် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA)နှင့် ထိတွေ့တိုက်ပွဲများနှင့် ရင်ဆိုင်တိုက်ပွဲများကြောင့် ဒေသအတွင်း စစ်ဘေးရှောင်များပြားလာခြင်း ဖြစ်သည်ဟု ထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။

အဆိုပါ မူတြော်ခရိုင် တပ်မဟာ(၅)သည် ကျန်တပ်မဟာများထက် တိုက်ပွဲအကြိမ်ရေ အများဆုံးဖြစ်ပွားသော တပ်မဟာတစ်ခုဖြစ်ကြောင်းလည်း ဆိုသည်။

ထို့ကြောင့် ယင်းဒေသအတွင်းနေထိုင်ကြသော ဒေသခံပြည်သူများအနေဖြင့် ၎င်းတို့နေထိုင်သော ကျေးရွာ၊ များ၊ ပိုင်ဆိုင်သော ပစ္စည်းဥစ္စာများ၊ လုပ်ငန်းခွင်များကိုထား၍ ထွက်ပြေးတိမ်းရှောင်လျက်ရှိရာ လူသောမြို့နယ် ၊ ဒွယ်လိုးမြို့နယ်၊ ဘူးသိုမြို့နယ်အတွင်းတွင် စစ်ဘေးရှောင်ပြည်သူ ၉၆၁၈၀ အထိ စစ်ဘေးလာရောက် ရှောင်တိမ်းနေကြရကြောင်း ထုတ်ပြန်ချက်အရ သိရသည်။

ယင်း စစ်ဘေးရှောင်အများစုသည် တောင်ယာလုပ်ငန်းနှင့် လယ်ယာလုပ်ငန်းများကိုလုပ်ကိုင် အသက်မွေး ၀မ်းကျောင်း ပြုနေရသူများဖြစ်ပြီး၊ စစ်ဘေးရှောင်လာရသည့်အတွက် စား၀တ်နေရေးပြဿနာများ ရင်ဆိုင်နေရ လျက်ရှိကြောင်း သိရသည်။

Photo – Karen National Union


LEAVE A REPLY

Please enter your comment!
Please enter your name here