မြန်အောင်မြို့နယ်အတွင်း ပုဂ္ဂိုလ်ရေးအရမကျေနပ်သူများအား သတ်ဖြတ်ရန်သတင်းပေးပို့ကာ ပူးပေါင်းပါဝင်သူ ၂ ဦးအားဖမ်းဆီးရမိဟု နစက ထုတ်ပြန်

0
245

မြန်အောင်မြို့နယ်အတွင်း ပုဂ္ဂိုလ်ရေးအရမကျေနပ်သူများအား သတ်ဖြတ်ရန်သတင်းပေးပို့ကာ ပူးပေါင်းပါဝင်သူ ၂ ဦးအားဖမ်းဆီးရမိဟု နစက ထုတ်ပြန်

ဧရာဝတီတိုင်း၊မြန်အောင်မြို့နယ်အတွင်း ပုဂ္ဂိုလ်ရေးအရမကျေနပ်၍ အရပ်သားများအား “ဒလန်” ဟုစွတ်စွဲပြီး သတ်ဖြတ်ရန်သတင်းပေးပို့ကာ ပူး ပေါင်းပါဝင်သူ ၂ ဦးကို လုံခြုံရေးအဖွဲ့ဝင်များက သြဂုတ် ၁၃ ရက်နေ့လည်ပိုင်းတွင် ဖမ်းဆီးရမိခဲ့သည်ဟု နစက မှထုတ်ပြန်ခဲ့သည်။

ပြစ်မှုကျူးလွန်ရာ၌ ပူးပေါင်းပါဝင်သည့် ကိုဝေပိုင်ဖြိုး(၃၃)နှစ်နှင့်ဇနီးဖြစ်သူ မစံပယ်အောင်အောင်(၃၄)နှစ်တို့အား မြန်အောင်မြို့နယ်၊အင်ပင်မြို့၊ကညင်ငူကျေးရွာရှိ နေအိမ်၌ ဖမ်းဆီးရမိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

စစ်ဆေးချက်အရ ကိုဝေပိုင်ဖြိုးသည် ၂၀၂၁ ခုနှစ်၊ဇွန်လတွင် မြန်အောင်မြို့ပေါ်၌ ဆူပူဆန္ဒပြမှုများတွင် ပါဝင်ခဲ့သဖြင့် ဟင်္သာတအကျဉ်းထောင် ၌ ထောင်ဒဏ် ၄ လ ပြစ်ဒဏ်ကျခံခဲ့ရပြီး အစိုးရ ၏ ပြစ်ဒဏ်ဖြေလျော့ပေးမှုများဖြင့် နိုဝင်ဘာလတွင် ပြန်လည်လွတ်မြောက်လာသူဖြစ်ကြောင်း သိရသည်။

ထိုသို့ ပြန်လည်လွတ်မြောက်လာပြီးနောက် ၎င်းဖမ်းဆီးခံရခြင်းသည် တစ်ရွာတည်းနေ USDP ပါတီဝန်းရံသူဒေါ်သန္တာစိုးမှ တိုင်ကြားခဲ့၍ဟု ယူ ဆကာ ပုဂ္ဂိုလ်ရေးရန်ငြှိုးထားခဲ့ပြီး “ရိုးမဧရာ” အဖွဲ့ဝင်များထံသို့ ဒေါ်သန္တာစိုးအပါအဝင် ပုဂ္ဂိုလ်ရေးအရမကျေနပ်သူ ၆ ဦး၏ အမည်စာရင်းပေးကာ “ဒလန်”ဟုစွပ်စွဲပြီး လုပ်ကြံသတ်ဖြတ်ရန် သတင်းပေးခဲ့သည်ဟု ဖော်ထုတ်သိရှိခဲ့ရသည်။

ထို့ပြင် ၎င်း၏ဇနီးဖြစ်သူ မစံပယ်အောင်မှာလည်း မြန်အောင်မြို့ နယ်၊ အ.မ.က(ဗလန်းစိန်)၌ တာဝန်ထမ်းဆောင်လျက်ရှိရာမှ ၂၀၂၁ ခုနှစ်၊ဖေဖော်ဝါ ရီလတွင် CDM ပြုလုပ်ခဲ့သူဖြစ်ပြီး ခင်ပွန်းဖြစ်သူနှင့်အတူ ပုဂ္ဂိုလ်ရေးအရမကျေနပ်သူများအား “ဒလန်”ဟုစွတ်စွဲ၍ “ရိုးမဧရာ”အဖွဲ့ထံ သတင်းပေးပို့မှုများပြုလုပ်ခဲ့သည်ဟု သိရသည်။

ယင်းသို့ သတင်းပေးပို့မှုကြောင့် သြဂုတ် ၆ ရက်တွင် “ရိုးမဧရာ”အဖွဲ့ဝင်များဖြစ်သည့် ဇင်မျိုးအောင်(ခ)ဇော်မျိုးအောင်(ခ)သားပေါက်နှင့်ငြိမ်းခန့်လင်း(ခ)တရုတ်ကြီးတို့က USDP ပါတီဝန်းရံသူ ဒေါ်သန္တာစိုးအား သေနတ်ဖြင့်ပစ်သတ်ခဲ့သည်နှင့်အခြားဖောက်ခွဲပစ်ခတ်မှုဖြစ်စဥ်များအား ဖော်ထုတ်သိရှိခဲ့ရသည်။

ထို့ကြောင့် လုံခြုံရေးအဖွဲ့ဝင်များက ပြစ်မှုကျူး လွန်ရာတွင် ပါဝင်ခဲ့ကြသူများအား ထပ်မံဖမ်းဆီးရမိရေးအတွက် စုံစမ်းစစ်ဆေးမှုများပြုလုပ်လျက်ရှိကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here